Wed. Oct 27th, 2021

ကျွနု်ပ်တို့ရဲ့ဘဝမှာ တစ်ကြိမ်ကြိမ်တော့ မလိုအပ်ဘဲနဲ့ ပိုက်ဆံဖြုန်းမိတတ်ကြပါတယ်။ မုန့်စားရင်းနဲ့ ပိုက်ဆံထွက်သွားတာမျိုး၊ အင်္ကျီအဝတ်အစားနဲ့ အခြားအသုံးအဆောင်များကို အလွန်အကျွံ ဝယ်မိရာကနေ လက်ထဲ ပိုက်ဆံတစ်ကျပ်မှ မကျန်တော့တဲ့အဖြစ်မျိုး ကြုံဖူးကြပါလိမ့်မယ်။

အချိန်ကြာလာသည်နဲ့အမျှ “ငါ ဘယ်တော့မှ ပိုက်ဆံစုလို့မရတော့ပါဘူးလေ” ဆိုပြီး စိတ်ဓာတ်ကျကာ မထူးဇာတ်ခင်းပြီး ပိုက်ဆံဖြုန်းမိလာတတ်ပါလေရော။ မိမိစိတ်ကို အလိုလိုက်မိခြင်းကြောင့် ရေရှည်မှာ သင်ကိုယ်တိုင်ပဲ ဒုက္ခရောက်ရမှာပဲဖြစ်ပါတယ်။ ပိုက်ဆံလိုတဲ့အချိန်ကျမှ သူတစ်ပါးဆီက လိုက်ချေးရတာကလည်း မျက်နှာငယ်လွန်းရပါတယ်။

ဒါ့ကြောင့် မိမိအသုံးလိုတဲ့အချိန်မှာ လုံလောက်တဲ့ပိုက်ဆံပမာဏများ လက်ထဲမှာရှိနေအောင် ပိုက်ဆံကို မဖြုန်းဘဲ ဘယ်လိုစုဆောင်းရမလဲဆိုတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အချိန်တစ်ခုစောင့်ဆိုင်းပါ

ပစ္စည်းတစ်ခုက အင်မတန်လိုချင်လွန်းလို့ ဝယ်ချင်တယ်ဆိုရင်တော့ ချက်ချင်းမဝယ်သေးဘဲ အနည်းဆုံးတစ်ရက်ခန့်စောင့်ပါ။ ထိုကဲ့သို့ စောင့်ဆိုင်းနေစဉ်အတွင်းမှာ ဒီမေးခွန်းနှစ်ခုကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

“ဒီပစ္စည်းကို ငါ အမှန်တကယ်လိုအပ်ရဲ့လား” ၊ “ဝယ်ပြီးလို့ တစ်ပတ်ကြာ၊ တစ်လကြာ၊ ခြောက်လကြာ၊ တစ်နှစ်ကြာတဲ့အချိန်အထိ ထိုပစ္စည်းက အသုံးတည့်ရဲ့လား”။ သင့်အတွက် လိုအပ်တာနဲ့ လိုချင်တာကို ကွဲကွဲပြားပြား ခွဲခြားထားရပါမယ်။

ဝယ်စားမယ့်အစား ချက်စားပါ

စားသောက်ဆိုင်မှာ စားချင်တယ်ဆိုရင်တောင် တစ်လမှ တစ်ကြိမ်လောက်သာ စားသင့်ပါတယ်။ အပြင်စာတွေ စားခြင်းက အိမ်မှာ ကိုယ့်ဘာသာကိုယ် ချက်စားတာထက် ငွေကုန်ကြေးကျပိုများပါတယ်။ အထူးသဖြင့် သူငယ်ချင်း ပိုများလေ ငွေပိုကုန်လေပါပဲ။ ဒါ့အပြင် ကျန်းမာရေးနဲ့လည်း မညီညွှတ်ပါတယ်။ ဒါ့ကြောင့် အပြင်စာတွေ စားမယ့်အစား အိမ်မှာ ကိုယ့်ဘာသာကို ချက်စားလိုက်ပါ။

ဖုန်းဘေလ် ခြွေတာပါ

အရေးတကြီးကိစ္စ၊ အလုပ်ကိစ္စကလွဲပြီး ဖုန်းပြောခြင်း၊ ငယ်ချင်းများနဲ့ တောင်စဉ်ရေမရ ဖုန်းပြောမယ်ဆိုရင် Messenger ကနေပဲဖြစ်ဖြစ် Viber ကနေဖြစ်ဖြစ် Wifi ချိတ်ကာ ဖုန်းပြောမယ်ဆိုရင် ဖုန်းဘေလ်အကုန်သက်သာပါတယ်။

ဝင်ငွေရဲ့သုံးပုံတစ်ပုံကို စုဆောင်းပါ

ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုထားပါ။ ဝင်ငွေထက် ထွက်ငွေက ပိုများနေမယ်ဆိုရင်တော့ သေချာပါတယ် သင့်မှာ အကြွေးတွေ ဝိုင်းနေပါတော့မယ်။ အကြွေးပတ်လည် မဝိုင်းဖို့ရန်အတွက် မိမိရဲ့ဝင်ငွေကို သေချာစီစစ်ပါ။ မလိုအပ်သောအရာများကို လျော့ချပစ်ပါ။ ဒါ့အပြင် ဝင်ငွေရဲ့သုံးပုံတစ်ပုံကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ခြစ်ကုပ်စုဆောင်းရပါမယ်။

အိမ်ကထွက်တဲ့အခါ အကြွေးဝယ်ကဒ်များ၊ ဘဏ်ကဒ်များကို အိမ်မှာ ထားခဲ့ပါ

မိမိလက်ထဲမှာ ဘဏ်ကဒ်တွေ ရှိနေမယ်ဆိုရင် အပြင်သွားတာနဲ့ မြင်သမျှပစ္စည်းတိုင်းကို ဝယ်ချင်စိတ်ပေါက်နေပါလိမ့်မယ်။ ဘဏ်ကဒ်များကို အိမ်မှာ ချန်ခဲ့တာက ဘေးအကင်းဆုံးပဲဖြစ်ပါတယ်။ ခရီးစရိတ်နဲ့ အရေးပေါ်အသုံးစရိတ်အနည်းငယ်လောက်သာ ဆောင်သွားသင့်ပါတယ်။

အထက်ဖော်ပြပါအချက်များက ပိုက်ဆံများ စုဆောင်းမိဖို့ရန်အတွက် ကူညီပေးပါလိမ့်မယ်။

Source: Moneysavingexpert.com

Zawgyi

ကြၽႏု္ပ္တို႔ရဲ႕ဘဝမွာ တစ္ႀကိမ္ႀကိမ္ေတာ့ မလိုအပ္ဘဲနဲ႔ ပိုက္ဆံျဖဳန္းမိတတ္ၾကပါတယ္။ မုန႔္စားရင္းနဲ႔ ပိုက္ဆံထြက္သြားတာမ်ိဳး၊ အက်ႌအဝတ္အစားနဲ႔ အျခားအသုံးအေဆာင္မ်ားကို အလြန္အကြၽံ ဝယ္မိရာကေန လက္ထဲ ပိုက္ဆံတစ္က်ပ္မွ မက်န္ေတာ့တဲ့အျဖစ္မ်ိဳး ႀကဳံဖူးၾကပါလိမ့္မယ္။

အခ်ိန္ၾကာလာသည္နဲ႔အမွ် “ငါ ဘယ္ေတာ့မွ ပိုက္ဆံစုလို႔မရေတာ့ပါဘူးေလ” ဆိုၿပီး စိတ္ဓာတ္က်ကာ မထူးဇာတ္ခင္းၿပီး ပိုက္ဆံျဖဳန္းမိလာတတ္ပါေလေရာ။ မိမိစိတ္ကို အလိုလိုက္မိျခင္းေၾကာင့္ ေရရွည္မွာ သင္ကိုယ္တိုင္ပဲ ဒုကၡေရာက္ရမွာပဲျဖစ္ပါတယ္။ ပိုက္ဆံလိုတဲ့အခ်ိန္က်မွ သူတစ္ပါးဆီက လိုက္ေခ်းရတာကလည္း မ်က္ႏွာငယ္လြန္းရပါတယ္။

ဒါ့ေၾကာင့္ မိမိအသုံးလိုတဲ့အခ်ိန္မွာ လုံေလာက္တဲ့ပိုက္ဆံပမာဏမ်ား လက္ထဲမွာရွိေနေအာင္ ပိုက္ဆံကို မျဖဳန္းဘဲ ဘယ္လိုစုေဆာင္းရမလဲဆိုတဲ့ နည္းလမ္းေကာင္းမ်ားကို ေဝမွ်ေပးခ်င္ပါတယ္။

အခ်ိန္တစ္ခုေစာင့္ဆိုင္းပါ

ပစၥည္းတစ္ခုက အင္မတန္လိုခ်င္လြန္းလို႔ ဝယ္ခ်င္တယ္ဆိုရင္ေတာ့ ခ်က္ခ်င္းမဝယ္ေသးဘဲ အနည္းဆုံးတစ္ရက္ခန႔္ေစာင့္ပါ။ ထိုကဲ့သို႔ ေစာင့္ဆိုင္းေနစဥ္အတြင္းမွာ ဒီေမးခြန္းႏွစ္ခုကို ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ပါ။

“ဒီပစၥည္းကို ငါ အမွန္တကယ္လိုအပ္ရဲ႕လား” ၊ “ဝယ္ၿပီးလို႔ တစ္ပတ္ၾကာ၊ တစ္လၾကာ၊ ေျခာက္လၾကာ၊ တစ္ႏွစ္ၾကာတဲ့အခ်ိန္အထိ ထိုပစၥည္းက အသုံးတည့္ရဲ႕လား”။ သင့္အတြက္ လိုအပ္တာနဲ႔ လိုခ်င္တာကို ကြဲကြဲျပားျပား ခြဲျခားထားရပါမယ္။

ဝယ္စားမယ့္အစား ခ်က္စားပါ

စားေသာက္ဆိုင္မွာ စားခ်င္တယ္ဆိုရင္ေတာင္ တစ္လမွ တစ္ႀကိမ္ေလာက္သာ စားသင့္ပါတယ္။ အျပင္စာေတြ စားျခင္းက အိမ္မွာ ကိုယ့္ဘာသာကိုယ္ ခ်က္စားတာထက္ ေငြကုန္ေၾကးက်ပိုမ်ားပါတယ္။ အထူးသျဖင့္ သူငယ္ခ်င္း ပိုမ်ားေလ ေငြပိုကုန္ေလပါပဲ။ ဒါ့အျပင္ က်န္းမာေရးနဲ႔လည္း မညီၫႊတ္ပါတယ္။ ဒါ့ေၾကာင့္ အျပင္စာေတြ စားမယ့္အစား အိမ္မွာ ကိုယ့္ဘာသာကို ခ်က္စားလိုက္ပါ။

ဖုန္းေဘလ္ ေႁခြတာပါ

အေရးတႀကီးကိစၥ၊ အလုပ္ကိစၥကလြဲၿပီး ဖုန္းေျပာျခင္း၊ ငယ္ခ်င္းမ်ားနဲ႔ ေတာင္စဥ္ေရမရ ဖုန္းေျပာမယ္ဆိုရင္ Messenger ကေနပဲျဖစ္ျဖစ္ Viber ကေနျဖစ္ျဖစ္ Wifi ခ်ိတ္ကာ ဖုန္းေျပာမယ္ဆိုရင္ ဖုန္းေဘလ္အကုန္သက္သာပါတယ္။

ဝင္ေငြရဲ႕သုံးပုံတစ္ပုံကို စုေဆာင္းပါ

ဝင္ေငြနဲ႔ ထြက္ေငြကို စာရင္းျပဳစုထားပါ။ ဝင္ေငြထက္ ထြက္ေငြက ပိုမ်ားေနမယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္ သင့္မွာ အေႂကြးေတြ ဝိုင္းေနပါေတာ့မယ္။ အေႂကြးပတ္လည္ မဝိုင္းဖို႔ရန္အတြက္ မိမိရဲ႕ဝင္ေငြကို ေသခ်ာစီစစ္ပါ။ မလိုအပ္ေသာအရာမ်ားကို ေလ်ာ့ခ်ပစ္ပါ။ ဒါ့အျပင္ ဝင္ေငြရဲ႕သုံးပုံတစ္ပုံကို မျဖစ္ ျဖစ္တဲ့နည္းနဲ႔ ျခစ္ကုပ္စုေဆာင္းရပါမယ္။

အိမ္ကထြက္တဲ့အခါ အေႂကြးဝယ္ကဒ္မ်ား၊ ဘဏ္ကဒ္မ်ားကို အိမ္မွာ ထားခဲ့ပါ

မိမိလက္ထဲမွာ ဘဏ္ကဒ္ေတြ ရွိေနမယ္ဆိုရင္ အျပင္သြားတာနဲ႔ ျမင္သမွ်ပစၥည္းတိုင္းကို ဝယ္ခ်င္စိတ္ေပါက္ေနပါလိမ့္မယ္။ ဘဏ္ကဒ္မ်ားကို အိမ္မွာ ခ်န္ခဲ့တာက ေဘးအကင္းဆုံးပဲျဖစ္ပါတယ္။ ခရီးစရိတ္နဲ႔ အေရးေပၚအသုံးစရိတ္အနည္းငယ္ေလာက္သာ ေဆာင္သြားသင့္ပါတယ္။

အထက္ေဖာ္ျပပါအခ်က္မ်ားက ပိုက္ဆံမ်ား စုေဆာင္းမိဖို႔ရန္အတြက္ ကူညီေပးပါလိမ့္မယ္။

Source: Moneysavingexpert.com

Leave a Reply

Your email address will not be published. Required fields are marked *