Uncategorized

စိတ်အေးလက်အေးနေချင်၍ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ပြီး လူသူကင်းမဲ့သော တောအုပ်ထဲတွင် ၈နှစ်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့သော ဇနီးမောင်နှံ

လူတစ်ယောက်နှင့်တစ်ယောက်ဧ။် အတွေးအခေါ်များသည် တူညီမှုမရှိပဲ အချို့ကျ မြို့ထဲမှာ ခေတ်မှီစွာ နေထိုင်ချင်ပြီး အချို့ကျပြန်တော့ အေးရာအေးကြောင်း လူသူကင်းမဲ့သည့်နေရာတွင် နေထိုင်လိုကြသည်။


ယခုအခါတွင်လည်း နယ်သာလန်နိုင်ငံမှ အသက် ၆၄နှစ်အရွယ် အမျိုးသားကြီးနှင့် အသက် ၃၄နှစ်အရွယ် အမျိုးသမီးတို့ ဇနီးမောင်နှံသည် စိတ်ဖိစီးမှုကင်းဝေးသော တိတ်ဆိတ်ပြီး အေးချမ်းလှသည့် တောအုပ်ထဲတွင် ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့သည်။


ဇနီးမောင်နှံနှစ်ဦးသည် နယူးဇီလန်နိုင်ငံရှိ တောအုပ်ဆီသို့ ၁၀ရက်ကြာ ခြေလျင်ခရီးဆက်ခဲ့ပြီး သွားရောက်ပြီးနောက် သဘာဝဆန်ဆန်နှင့် ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းခဲ့ကြသည်။


သူတို့နှစ်ဦးသည် ဖုန်း အင်တာနက် ရေခဲသေတ္တာ နာရီလေးတစ်လုံးပင် ယူဆောင်မသွားသည့်အပြင် ခေါင်းလျှော်ရည် သွားတိုက်ဆေး သွားတိုက်တံအဆုံး မရှိ၍ မီးသွေးခဲနှင့်သာ သွားတိုက်ခဲ့ကြသည်။


စားဝတ်နေရေးအတွက် မနက်မိုးလင်းတာနှင့် အမဲလိုက်ထွက်ကြပြီး ညနေမှောင်လာချိန်မှသာ အိမ်ပြန်ခဲ့ပြီး ထိုသို့နေထိုင်ရသောဘဝတွင် ပျော်ရွှင်နေခဲ့ရာ အမျိုးသမီးမှ သူတို့ဇနီးမောင်နှံဧ။် လွတ်လပ်စွာရှင်သန်ရကြောင်း စာအုပ်ကိုပင် ရေးသားထုတ်ဝေခဲ့သည်။

Hlaing (Love Feeling)

Zawgyi











Hlaing (Love Feeling)

Leave a Comment