Uncategorized

တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၅၀ ထိအောင် ပြင်းထန်နိုင်တဲ့ အိုင်ဒါ ဟာရီကိန်း အမေရိကန်ဆီ ဦးတည်နေ

အမေရိကန် ပြည်ထောင်စု လူဝီဆီယားနား ပြည်နယ်ထဲကို အင်အားပြင်းထန်တဲ့ အိုင်ဒါ ဟာရီကိန်း မုန်တိုင်း တနင်္ဂနွေနေ့ ဒေသအချိန် ညနေပိုင်းမှာ ဝင်ရောက် လာတော့မယ် ဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးနေပါတယ်။

Getty Images

အိုင်ဒါ မုန်တိုင်းဟာ လူဝီဆီယားနားထဲ ဝင်လာတဲ့ အခါ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၃၀ ကနေ ၁၅၀ ထိအောင် ပြင်းထန်နိုင်တဲ့ အမျိုးအစား အဆင့် ၄ ဟာရီကိန်း အသွင်နဲ့ ဝင်လာမှာ ဖြစ်တယ်လို့ ခန့်မှန်း ထားပါတယ်။



ဒါဟာ ၂၀၀၅ ခုနှစ် နယူအော်လင်းမှာ လူ ၁၈၀၀ ကျော် သေဆုံးခဲ့ပြီး အပျက်အစီး အဆုံးအရှုံး အကြီးအကျယ် ဖြစ်စေခဲ့တဲ့ ကက်ထရီးနား မုန်တိုင်းထက်ကို ပိုပြီး ပြင်းထန်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

Getty Images
Getty Images

အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်က အိုင်ဒါ ဟာရီကိန်း မုန်တိုင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

အိုင်ဒါဟာ အင်မတန် အန္တရာယ်ရှိတဲ့ မုတ်တိုင်း အသွင်ကို ပြောင်းသွားတယ်လို့ ကြားသိထားတာကို ပြန်ပြောပြချင်ပါတယ်။ အခုနလေးပဲ ဟာရီကိန်း စောင့်ကြည့်ရေး ဗဟိုဌာနဆီက ကျွန်တော့်ကို ထပ်ပြီး တင်ပြလာတာတွေ ရှိပါတယ်။

အိုင်ဒါဟာ သူရွေ့လျားနေတဲ့ လမ်းကြောင်း ပြောင်းမသွားပဲ တည့်တည့်ဆက်ပြီး လာနေတာကြောင့် လူဝီဆီယားနား ရှိရာ ဦးတည် လာနေတာ ဖြစ်တယ်” လို့ သမ္မဘိုင်ဒင် ပြောခဲ့ပါတယ်။

Getty Images
Getty Images

အခုဆိုရင် လူဝီဆီယားနား တောင်ဘက်ပိုင်း နေရာတော်တော်များများမှာ လူတွေကို ရွှေ့ပြောင်းပေးနေပြီး၊ သောင်းနဲ့ချီတဲ့ လူတွေ အိုးအိမ်တွေကနေ စွန့်ခွာ ထွက်သွား နေရပါတယ်။

Ref: BBC




Leave a Comment