Uncategorized

အိမ်ထောင်စု(၃၀၀)စာအတွက် အာဟာရဒါနထမင်းနဲ့ဟင်းအလှူလေး လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူကတော့ မနေ့က သြဂုတ်လ (၂၈)ရက်နေ့မှာ အာဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ ခန့်စည်သူက တောင်ဒဂုံဘက်က ကပ်ဘေးကာလမှာ စားဝတ်နေရေးကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တာပါ။


တောင်ဒဂုံမြို့နယ်မှာနေထိုင်ကြတဲ့ အိမ်ထောင်စု (၃၀၀)စာအတွက်ကို ကြက်ကုလားပဲချက်၊သရက်ချဉ်သုပ်၊ငရုပ်သီးကြော်နဲ့ ထမင်းတို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ခန့်စည်သူက လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပြီး လှူဒါန်းမှုမှာ ကူညီကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။


အခုလို ဘဝအမော ၊ဆာလောင်မှု အပူများ တခဏတာ ပြေပျောက်သွားအောင် လှူဒါန်းနိုင်ခဲ့တဲ့ အလှူလေးရဲ့ အဖို့ဘာဂကုသိုလ်တွေကိုလည်း (၇)ရက်သားသမီးတွေ သာဓုခေါ်ဆိုကြဖို့လည်း အမျှပေးဝေထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။


Source – Kyaw Soe Win

-Zawgyi Font ဖြင့် ဖတ်ရန်-

အိမ္ေထာင္စု(၃၀၀)စာအတြက္ အာဟာရဒါနထမင္းနဲ႕ဟင္းအလွဴေလး လွဴဒါန္းခဲ့တဲ့ ခန္႕စည္သူ

ပရိသတ္ၾကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သရုပ္ေဆာင္ မင္းသားၾကီး ခန္႕စည္သူကေတာ့ မေန႕က ၾသဂုတ္လ (၂၈)ရက္ေန႕မွာ အာဟာရဒါနအလွဴေလးျပုလုပ္ခဲ့ပါတယ္။ အခုတစ္ေခါက္မွာေတာ့ ခန္႔စည္သူက ေတာင္ဒဂံုဘက္က ကပ္ေဘးကာလမွာ စားဝတ္ေနေရးက်ပ္တည္းေနတဲ့ ျပည္သူေတြအတြက္ လွဴဒါန္းေပးခဲ့တာပါ။


ေတာင္ဒဂံုျမိဳ႕နယ္မွာေနထိုင္ၾကတဲ့ အိမ္ေထာင္စု (၃၀၀)စာအတြက္ကို ၾကက္ကုလားပဲခ်က္၊သရက္ခ်ဥ္သုပ္၊င႐ုပ္သီးေၾကာ္နဲ႕ ထမင္းတို႕ကို လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ ခန္႕စည္သူက လွဴဒါန္းျဖစ္ခဲ့တဲ့ အေၾကာင္းကိုလည္း သူရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန ေဖာ္ျပထားခဲ့ျပီး လွဴဒါန္းမႈမွာ ကူညီၾကတဲ့ သူေတြကိုလည္း ေက်းဇူးတင္ရွိေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါေသးတယ္။

အခုလို ဘဝအေမာ ၊ဆာေလာင္မႈ အပူမ်ား တခဏတာ ေျပေပ်ာက္သြားေအာင္ လွဴဒါန္းနိုင္ခဲ့တဲ့ အလွဴေလးရဲ႕ အဖို႕ဘာဂကုသိုလ္ေတြကိုလည္း (၇)ရက္သားသမီးေတြ သာဓုေခၚဆိုၾကဖို႕လည္း အမွ်ေပးေဝထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ၾကီးေတြလည္း ခန္႕စည္သူရဲ႕ အလွဴေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Kyaw Soe Win

Leave a Comment