Uncategorized

အခ်ိန္ပိုင္းပန္းကန္ေဆးအလုပ္ကို ဝင္လုပ္ၿပီး မိသားစုစားဝတ္ေနေရးအတြက္ ေထာက္ပံ့ကာ ေက်ာင္းတက္ခဲ့ရေသာ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံ Nghe Anတြင္ ေနထိုင္ေသာ Thi Oanhအမည္ရွိေသာ အသက္ ၁၈ႏွစ္အ႐ြယ္ မိန္းကေလးသည္ မိခင္ျဖစ္သူမွာ အ႐ိုးအဆစ္မေကာင္း၍ လမ္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ရာ ဖခင္တစ္ဦးထဲ လုပ္စာႏွင့္တစ္မိသားစုလုံး ထိုင္စားဖို႔ရာက် မလုံေလာက္ျဖစ္ခဲ့သည္။


ထို႔ေၾကာင့္ မိန္းကေလးသည္ ေန႔ခင္းဖက္တြင္ ေက်ာင္းသြားၿပီး ညဖက္၌ ေဒသရွိစားေသာက္ဆိုင္တစ္ခုတြင္ ပန္းကန္ေဆး အခ်ိန္ပိုင္းအလုပ္သမားေလးအျဖစ္ ဝင္ေရာက္လုပ္ကိုင္ကာ အိမ္စရိတ္ကို တတ္ႏိုင္သေလာက္ေလး ေထာက္ပံ့ခဲ့သည္။


မိန္းကေလးသည္ ေက်ာင္းစာတစ္ဖက္က်က္ရေသးသည့္အျပင္ အိမ္မႈကိစၥေတြကိုလည္း လုပ္ကိုင္မည့္သူမရွိ၍ တစ္ေယာက္တည္း မနားတမ္းလုပ္ခဲ့ရၿပီး ေန႔စဥ္ ၂နာရီ ၃နာရီသာ အိပ္စက္ခဲ့ရကာ ပင္ပန္းဆင္းရဲတြင္းမွ လြတ္ေျမာက္ရန္ စာကိုႀကိဳးစားသင္ယူခဲ့သည္။


ယခုအခါ မိန္းကေလးသည္ ႀကိဳးစားအားထုတ္မႈေၾကာင့္ ျပည္နယ္ရွိ အမွတ္အမ်ားဆုံးႏွင့္ အေတာ္ဆုံးေက်ာင္းသူေလးအျဖစ္ ဗီယက္နမ္ေငြ ၁ဘီလီယံ ပညာသင္ဆုႀကီးအား ရရွိပိုင္ဆိုင္ေနၿပီျဖစ္သည္။


Rain (For Ialinks)

Unicode

အချိန်ပိုင်းပန်းကန်ဆေးအလုပ်ကို ဝင်လုပ်ပြီး မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ကာ ကျောင်းတက်ခဲ့ရသော မိန်းကလေး

ဗီယက်နမ်နိုင်ငံ Nghe Anတွင် နေထိုင်သော Thi Oanhအမည်ရှိသော အသက် ၁၈နှစ်အရွယ် မိန်းကလေးသည် မိခင်ဖြစ်သူမှာ အရိုးအဆစ်မကောင်း၍ လမ်းကောင်းကောင်းမလျှောက်နိုင်ရာ ဖခင်တစ်ဦးထဲ လုပ်စာနှင့်တစ်မိသားစုလုံး ထိုင်စားဖို့ရာကျ မလုံလောက်ဖြစ်ခဲ့သည်။


ထို့ကြောင့် မိန်းကလေးသည် နေ့ခင်းဖက်တွင် ကျောင်းသွားပြီး ညဖက်၌ ဒေသရှိစားသောက်ဆိုင်တစ်ခုတွင် ပန်းကန်ဆေး အချိန်ပိုင်းအလုပ်သမားလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ အိမ်စရိတ်ကို တတ်နိုင်သလောက်လေး ထောက်ပံ့ခဲ့သည်။

မိန်းကလေးသည် ကျောင်းစာတစ်ဖက်ကျက်ရသေးသည့်အပြင် အိမ်မှုကိစ္စတွေကိုလည်း လုပ်ကိုင်မည့်သူမရှိ၍ တစ်ယောက်တည်း မနားတမ်းလုပ်ခဲ့ရပြီး နေ့စဥ် ၂နာရီ ၃နာရီသာ အိပ်စက်ခဲ့ရကာ ပင်ပန်းဆင်းရဲတွင်းမှ လွတ်မြောက်ရန် စာကိုကြိုးစားသင်ယူခဲ့သည်။


ယခုအခါ မိန်းကလေးသည် ကြိုးစားအားထုတ်မှုကြောင့် ပြည်နယ်ရှိ အမှတ်အများဆုံးနှင့် အတော်ဆုံးကျောင်းသူလေးအဖြစ် ဗီယက်နမ်ငွေ ၁ဘီလီယံ ပညာသင်ဆုကြီးအား ရရှိပိုင်ဆိုင်နေပြီဖြစ်သည်။

Rain (For Ialinks)

Leave a Comment