success

မိမိ အမှန်တကယ်ဝါသနာပါရာကို ရှာဖွေတွေ့ရှိနိုင်ဖို့ ဘာတွေလိုအပ်မလဲ

ကျွနု်ပ်တို့ ငယ်စဉ်ကတည်းက မိမိဝါသနာပါရာကို ချိုးနှိမ်ထားရပြီး ကျောင်းနဲ့ ကျူရှင် လုံးပန်းကာ ကျောင်းစာကိုပဲ အာရုံထားခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျောင်းပြီးလို့ ဘွဲ့ရတဲ့အချိန်မှာ မိမိရဲ့ဝါသနာက ဘာလဲဆိုတာကို မသိတော့ဘဲ မိမိနဲ့သင့်တော်မယ့်အလုပ်ကိုသာ ဝင်လုပ်ကြရပါတယ်။

စားဝတ်နေရေးအတွက် ဒီလိုဝါသနာမပါတဲ့အလုပ်ကို လုပ်နေရတော့ စိတ်ဖိစီးမှုတွေကို အချိန်နဲ့အမျှ ခံစားလာရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးထဲမှာတော့ မိမိရဲ့အိပ်မက်၊ ဝါသနာပါရာကို ဘယ်လိုရှာဖွေကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

အလုပ်မျိုးစုံလုပ်ပါ

လူတစ်ယောက်မှာ ဝါသနာတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ဝါသနာအများကြီးရှိနိုင်တဲ့အတွက်ကြောင့် အသက်ငယ်ရွယ်စဉ်မှာ အလုပ်မျိုးစုံလုပ်ကာ အတွေ့အကြုံများများရယူပါ။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက Volunteer လုပ်အားပေးအလုပ်တွေ ဝင်လုပ်ကြည့်ရင်း မိမိဝါသနာပါတဲ့အလုပ်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

သင့်နှလုံးသားကို နားထောင်ပါ

ကိုယ်က ဒီဘာသာရပ်နဲ့ ဘွဲ့ရခဲ့လို့ ထိုဘာသာရပ်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းခွင်ဝင်ကာ အလုပ် လုပ်ရမယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။ သင် ဆန္ဒရှိသလို ပြောင်းလဲနိုင်ပြီး သင့်နှလုံးသားရဲ့ဦးဆောင်ရာကို ယုံယုံကြည်ကြည်နဲ့ လိုက်ပါလမ်းလျှောက်ကြည့်လိုက်ပါ။

မိမိကိုယ်ကိုပဲ အာရုံစိုက်ပါ

မိမိဝါသနာပါရာကို ရှာဖွေတဲ့အခါ မိမိကိုယ်ကို သူတစ်ပါးနဲ့ မနှိုင်းယှဉ်မိဖို့ အရေးကြီးပါတယ်။ သင့်သူငယ်ချင်းက သူ့လုပ်ငန်းခွင်မှာ အောင်မြင်လို့ သင်လည်း သူလုပ်သလို လိုက်လုပ်ကြည့်လိုက်မယ်လို့ မတွေးလိုက်ပါနဲ့။ လူတိုင်းမှာ မိမိကိုယ်ပိုင်နာရီဆိုတာ ရှိပါတယ်။ သင့်အနေနဲ့ သူတစ်ပါး အောင်မြင်မှုကို အာရုံစိုက်မယ့်အစား မိမိတိုးတက်ရာတိုးတက်ကြောင်းအတွက် ကြိုးစားပါက ပိုအကျိုးရှိပါလိမ့်မယ်။

သင့်ရဲ့အကြောက်တရားကို လွှတ်ချလိုက်ပါ

မိမိဝါသနာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို မယုံကြည်ဖြစ်ခြင်း၊ အကြောက်တရား ကြီးစိုးခြင်းတို့ကြောင့် အခွင့်အရေးများစွာကို သင်တောင် မသိလိုက်ပါဘဲနဲ့ ဆုံးရှုံးသွားပြီးပါပြီ။ သင့်အနေနဲ့ ထိုအကြောက်တရားကို တွန်းလှန်နိုင်မှ အောင်မြင်မှုလမ်းစကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ပိုက်ဆံအကြောင်း မေ့ထားလိုက်ပါ

စားဝတ်နေရေးအတွက် ပိုက်ဆံလိုအပ်တယ်ဆိုပေမယ့် ငွေနောက်တကောက်ကောက် လိုက်နေမယ်ဆိုရင် သင့်ကိုယ်သင် ဆုံးရှုံးပြီး လောဘသားကောင်းဖြစ်မှန်းမသိဖြစ်သွားရပါလိမ့်မယ်။ မိမိဝါသနာပါတဲ့အလုပ်ကို ရှာဖွေတော့မယ်ဆိုရင် ပိုက်ဆံအကြောင်းကို ခဏမေ့ထားဖို့ လိုပါလိမ့်မယ်။

မိမိဝါသနာပါရာကို ရှာဖွေတွေ့ရှိသွားတဲ့အခါ ထိုအလုပ်ကနေ ပိုက်ဆံများများဝင်အောင် ဘယ်လိုရှာရမလဲဆိုတာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်အဆင့်ရောက်သွားရင် သိလာပါလိမ့်မယ်။

Source: Medium.com

Zawgyi

ကြၽႏု္ပ္တို႔ ငယ္စဥ္ကတည္းက မိမိဝါသနာပါရာကို ခ်ိဳးႏွိမ္ထားရၿပီး ေက်ာင္းနဲ႔ က်ဴရွင္ လုံးပန္းကာ ေက်ာင္းစာကိုပဲ အာ႐ုံထားခဲ့ရပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ ေက်ာင္းၿပီးလို႔ ဘြဲ႕ရတဲ့အခ်ိန္မွာ မိမိရဲ႕ဝါသနာက ဘာလဲဆိုတာကို မသိေတာ့ဘဲ မိမိနဲ႔သင့္ေတာ္မယ့္အလုပ္ကိုသာ ဝင္လုပ္ၾကရပါတယ္။

စားဝတ္ေနေရးအတြက္ ဒီလိုဝါသနာမပါတဲ့အလုပ္ကို လုပ္ေနရေတာ့ စိတ္ဖိစီးမႈေတြကို အခ်ိန္နဲ႔အမွ် ခံစားလာရပါတယ္။ ဒါ့ေၾကာင့္ ဒီေဆာင္းပါးေလးထဲမွာေတာ့ မိမိရဲ႕အိပ္မက္၊ ဝါသနာပါရာကို ဘယ္လိုရွာေဖြၾကမလဲဆိုတဲ့ နည္းလမ္းေလးေတြကို ေဝမွ်ေပးသြားမွာပဲျဖစ္ပါတယ္။

အလုပ္မ်ိဳးစုံလုပ္ပါ

man explaining his project

လူတစ္ေယာက္မွာ ဝါသနာတစ္ခုတည္းရွိတာမဟုတ္ပါဘူး။ ဝါသနာအမ်ားႀကီးရွိႏိုင္တဲ့အတြက္ေၾကာင့္ အသက္ငယ္႐ြယ္စဥ္မွာ အလုပ္မ်ိဳးစုံလုပ္ကာ အေတြ႕အႀကဳံမ်ားမ်ားရယူပါ။ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက Volunteer လုပ္အားေပးအလုပ္ေတြ ဝင္လုပ္ၾကည့္ရင္း မိမိဝါသနာပါတဲ့အလုပ္ကို ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။

သင့္ႏွလုံးသားကို နားေထာင္ပါ

happy man follows his heart

ကိုယ္က ဒီဘာသာရပ္နဲ႔ ဘြဲ႕ရခဲ့လို႔ ထိုဘာသာရပ္နဲ႔ သက္ဆိုင္တဲ့လုပ္ငန္းခြင္ဝင္ကာ အလုပ္ လုပ္ရမယ္ဆိုတဲ့ ေခတ္က ကုန္သြားပါၿပီ။ သင္ ဆႏၵရွိသလို ေျပာင္းလဲႏိုင္ၿပီး သင့္ႏွလုံးသားရဲ႕ဦးေဆာင္ရာကို ယုံယုံၾကည္ၾကည္နဲ႔ လိုက္ပါလမ္းေလွ်ာက္ၾကည့္လိုက္ပါ။

မိမိကိုယ္ကိုပဲ အာ႐ုံစိုက္ပါ

focus on yourself

မိမိဝါသနာပါရာကို ရွာေဖြတဲ့အခါ မိမိကိုယ္ကို သူတစ္ပါးနဲ႔ မႏႈိင္းယွဥ္မိဖို႔ အေရးႀကီးပါတယ္။ သင့္သူငယ္ခ်င္းက သူ႔လုပ္ငန္းခြင္မွာ ေအာင္ျမင္လို႔ သင္လည္း သူလုပ္သလို လိုက္လုပ္ၾကည့္လိုက္မယ္လို႔ မေတြးလိုက္ပါနဲ႔။ လူတိုင္းမွာ မိမိကိုယ္ပိုင္နာရီဆိုတာ ရွိပါတယ္။ သင့္အေနနဲ႔ သူတစ္ပါး ေအာင္ျမင္မႈကို အာ႐ုံစိုက္မယ့္အစား မိမိတိုးတက္ရာတိုးတက္ေၾကာင္းအတြက္ ႀကိဳးစားပါက ပိုအက်ိဳးရွိပါလိမ့္မယ္။

သင့္ရဲ႕အေၾကာက္တရားကို လႊတ္ခ်လိုက္ပါ

defeat your fear

မိမိဝါသနာကို ရွာေဖြေတြ႕ရွိႏိုင္ဖို႔အတြက္ မိမိကိုယ္ကို ယုံၾကည္မႈရွိဖို႔ လိုအပ္ပါတယ္။ မိမိကိုယ္ကို မယုံၾကည္ျဖစ္ျခင္း၊ အေၾကာက္တရား ႀကီးစိုးျခင္းတို႔ေၾကာင့္ အခြင့္အေရးမ်ားစြာကို သင္ေတာင္ မသိလိုက္ပါဘဲနဲ႔ ဆုံးရႈံးသြားၿပီးပါၿပီ။ သင့္အေနနဲ႔ ထိုအေၾကာက္တရားကို တြန္းလွန္ႏိုင္မွ ေအာင္ျမင္မႈလမ္းစကို ရွာေဖြေတြ႕ရွိႏိုင္မွာျဖစ္ပါတယ္။

ပိုက္ဆံအေၾကာင္း ေမ့ထားလိုက္ပါ

money on laptop

စားဝတ္ေနေရးအတြက္ ပိုက္ဆံလိုအပ္တယ္ဆိုေပမယ့္ ေငြေနာက္တေကာက္ေကာက္ လိုက္ေနမယ္ဆိုရင္ သင့္ကိုယ္သင္ ဆုံးရႈံးၿပီး ေလာဘသားေကာင္းျဖစ္မွန္းမသိျဖစ္သြားရပါလိမ့္မယ္။ မိမိဝါသနာပါတဲ့အလုပ္ကို ရွာေဖြေတာ့မယ္ဆိုရင္ ပိုက္ဆံအေၾကာင္းကို ခဏေမ့ထားဖို႔ လိုပါလိမ့္မယ္။

မိမိဝါသနာပါရာကို ရွာေဖြေတြ႕ရွိသြားတဲ့အခါ ထိုအလုပ္ကေန ပိုက္ဆံမ်ားမ်ားဝင္ေအာင္ ဘယ္လိုရွာရမလဲဆိုတာ ပေရာ္ဖက္ရွင္နယ္ ကြၽမ္းက်င္အဆင့္ေရာက္သြားရင္ သိလာပါလိမ့္မယ္။

Source: Medium.com

Leave a Comment