Uncategorized

အသည်းအသန်အားပေးခဲ့တဲ့ မန်ယူအသင်းကို စီရိုနယ်ဒိုပြန်လည်ရောက်လာတော့မယ့်အချိန်မှာ မရှိတော့တဲ့ ရေမွန်နဲ့ ညီညီအောင်ထက်နိုင်တို့ကို သတိရနေတဲ့ နွေဦးညီအကိုများ…

အသည်းအသန်အားပေးခဲ့တဲ့ မန်ယူအသင်းကို စီရိုနယ်ဒိုပြန်လည်ရောက်လာတော့မယ့်အချိန်မှာ မရှိတော့တဲ့ ရေမွန်နဲ့ ညီညီအောင်ထက်နိုင်တို့ကို သတိရနေတဲ့ နွေဦးညီအကိုများ…


မနေ့ညက Premier League ဘောလုံးလောကမှာ အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာကျော်ဘောလုံးကစားသမား စီရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို(၂၈) သန်းဖြင့်သဘောတူညီမှုရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူမှ စိတ်ဝင်စားကြောင်း သိရှိသွားတာကြောင့် မန်စီးတီးအသင်းမှ ခေါ်ယူမှုကို ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။


ဒီသတင်းကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မန်ယူဖန်တွေအားလုံးအပျော်ကြီးပျော်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံက မန်ယူဖန်တွေကတော့ ထင်သလောက် မပျော်ရွှင်နိုင်ခဲ့ကြပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးတွင်


တက်ကြွစွာပါဝင်ခဲ့ပြီး ကျဆုံးသွားခဲ့ကြသူများထဲတွင် မန်ယူဖန်တွေဖြစ်တဲ့ အဆိုတော် ရေမွန်၊ညီညီအောင်ထက်နိုင်နဲ့ဝေယံထွန်းတို့ မန်ယူအသင်းသို့ စီရော်နယ်ဒိုပြန်လည်ရောက်ရှိလာတာကို မသိသွားလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။


အဆိုတော် ရေမွန်ဟာလည်း မန်ယူအသင်းယှဉ်ပြိုင်တဲ့ ကစားပွဲတိုင်း တစ်ပွဲမှ လက်လွတ်မခံဘဲ ကြည့်ရှုအားပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။


သူ့ရဲ့အိပ်ခန်းထဲ မန်ယူအသင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို ချိတ်ဆွဲထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေက ပြန်ကြည့်ပြီး ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။


မန်ယူအသင်းသို့ တစ်ကျော့ပြန်လည် ရောက်ရှိလာတဲ့ စီရော်နယ်ဒိုရဲ့အကြောင်းကို ကွယ်လွန်သွားကြတဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းများ


ရောက်ရာဘုံဘဝကနေ သိရှိပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader Crd

Leave a Comment