Uncategorized








Rain (For Ialinks)

Unicode

လမ်းပေါ်တွင် စက်ဘီးစီးရင်း ကြက်ပေါက်လေးတစ်ကောင်အား ဝင်တိုက်မိခဲ့ရာ အိမ်သို့ပြေးပြန်ပြီး မုန့်ဖိုးငွေလေးနှင့် ဆေးရုံသို့သွားပြခဲ့သော ကောင်လေး

အိန္ဒိယနိုင်ငံမှ Derekအမည်ရှိသော အသက် ၆နှစ်အရွယ် ကောင်လေးသည် ရပ်ကွက်ထဲတွင် တစ်ယောက်တည်း စက်ဘီးစီးနေခဲ့ရာ မထင်မှတ်ပဲ အိမ်နီးချင်းဧ။် ကြက်ပေါက်လေးတစ်ကောင်ကို တိုက်မိသွားခဲ့သည်။

ဝင်တိုက်မိတဲ့ အရှိန်မှာမပြင်းသော်လည်း ကြက်ပေါက်စလေး ဖြစ်နေသည့်အတွက် မလှုပ်မယှက်နှင့် လဲကျသွားကာ ကောင်လေးသည် စိုးရိမ်ပူပန်ကြီးစွာဖြင့် ကြက်လေးကိုပွေ့ပြီး အိမ်သို့အပြေးပြန်ခဲ့သည်။
ထို့နောက် မိဘနှစ်ပါးမှ မုန့်ဖိုးပေးထားသော ရူပီငွေ ၁၀ကို ထုတ်လာပြီး ကြက်လေးကို ပွေ့ချီကာ အနီးနားရှိ ဆေးခန်းသို့ အပြေးအလွှား သွားပြီး ကြက်လေးကို ကယ်တင်ပေးရန် ဆရာဝန်တွေအား တောင်းဆိုခဲ့သည်။

သို့သော်လည်း ကံဆိုးစွာဖြင့် ကြက်ပေါက်လေးမှာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး မျက်ရည်များစွာကျကာ အများမှ ကောင်လေးဧ။်အပြစ်ကင်းစင်သော လုပ်ရပ်ကြောင့် တိရစ္ဆာန်လေးတွေအပေါ် မြတ်နိုးကြင်နာမှုကြောင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။

Rain (For Ialinks)

Leave a Comment