Uncategorized

ဘယ်သူနဲ့မှမတူတဲ့ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် တီထွင်ဖန်တီးထားကြသူများ

မင်္ဂလာပါ။လူသားတွေက တီထွင်ဖန်တီးနိုင်စွမ်းမှာ အရမ်းကို တော်ကြတယ်ဆိုတာက သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကနေ တစ်ဆင့် တွေ့ရှိနိုင်ပါတယ်။ ဆက်စပ်ပြီး တွေးခေါ်နိုင်စွမ်း မြင့်လေ တခြားသူတွေနဲ့ မတူတဲ့ အကြံညဏ်တွေကို ရလေဖြစ်ပြီး အကောင်းဆုံးသော ဖန်တီးမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ တခြားသောသူတွေနဲ့ လုံးဝမတူတဲ့ အိုင်ဒီယာ အသစ်အဆန်းတွေနဲ့ တီထွင်ထားတာတွေဖြစ်လို့ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်မယ့် အပြင်သဘောကျခြင်းကို ခံရမယ်ဆိုတာ အသေအချာပါပဲ။

(၁)


ရုတ်တရက်ကြည့်လိုက်ရင် ကားကြီးပက်လက်လန် သွားတယ်လို့ ထင်သွားနိုင်တဲ့ ဒီကားဟာ

အပေါ်ဘက်က ဘီးတွေကလည်း လည်နိုင်ပါတယ်နော်….

တစ်ခါမှ မမြင်ဖူးတဲ့ ကားဒီဇိုင်းဖန်တီးမှုလို့ ဆိုနိုင်ပါတယ်။

(၂)


လက်ရာမြောက်လွန်းလှတဲ့ ဗန်ဂေါ့ဂ် လည်ဆွဲ….

လည်ဆွဲကို ချိတ်ဖို့အတွက်က နားရွက်နဲ့ လူမျက်နှာကို ကပ်လိုက်ရုံပါပဲ။

(၃)


ရုံးက ဝန်ထမ်းတွေ စိတ်အပန်းဖြေလို့ရအောင် နားနေခန်းက ကြမ်းခင်းကို

စိမ်းစိုနေတဲ့ မြက်ခင်းပုံစံမျိုး ဖန်တီးပေးထားဖြစ်ပါတယ်။

(၄)


လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်မယ့် ဆံပင်အရောင်ဆိုးနည်းနော်…

အခုလိုသက်တံ့ရောင်ပြေးနေတဲ့ ဆံပင်အရောင်ဆိုးတတ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။

(၅)


ကိုယ့်အိမ်ကို လာလည်တဲ့ ဧည့်သည်တိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်မယ့်

မီနီယမ် ဇာတ်ကောင်ပုံစံ မီးဖို

(၆)


စက်ရုံကထုတ်ပေးလိုက်တဲ့ ကားဒီဇိုင်းအတိုင်းသာ စီးရရင် ရိုးလွန်းတယ်လေ..

ကိုယ့်ကားဖြစ်သွားပြီဆိုတော့ စိတ်ကြိုက်ကို ပြန်လည် ဖန်တီးပစ်လိုက်တယ်။

(၇)


အိမ်မှာမွေးထားတဲ့ ခွေးလေးတွေရဲ့ ပုံတူအရုပ်လေးတွေကို ဒီအတိုင်း ထားထားရင် ရိုးနေပြီထင်ရပါတယ်။

အိမ်တွင်းဝတ်ဖိနပ်လေးအဖြစ် ဖန်တီးလိုက်တော့ အိမ်အနှံ့လျှောက်သွားနိုင်ပါပြီ

(၈)


ဘယ်သူမှ စဉ်းစားမိမှာ မဟုတ်တဲ့ မင်္ဂလာကိတ်

ပရိသတ်တု့ိလည်း အဲ့ဒီလိုမျိုး အော်ဒါမှာယူသင့်တယ်။

(၉)


တကယ်ကြီးများ ပိုးဟပ် ကော်ဖီခွက်ထဲပြုတ်ကျနေတယ်ထင်ပြီး လန့်သွားတယ်။

တကယ်တော့ ကော်ဖီပေါ်မှာ အလှဆင်ထားတာပါတဲ့။

(၁၀)


စာကြည့်တိုက်မှာ ဓာတ်ပုံရိုက်ရင် သာမန်အင်္ကျီလေးတွေ ဝတ်ပြီး ရိုက်တာ ရိုးနေပြီနော်။

ပုံထဲကလို စာရွက်တွေနဲ့ ဂါဝန်ချုပ်ဝတ်ပြီး ရိုက်ရင် အမြင်ဆန်းမှာ သေချာတယ်။

(၁၁)


စိတ်ထဲမရိုးမရွဖြစ်ပေမယ့်

လူတိုင်းရဲ့ အိမ်မှာအလှဆင်ထားချင်လောက်မယ့် ဒီဇိုင်းဖန်တီးမှုဖြစ်ပါတယ်။

(၁၂)


Land Rover လိုကားမျိုးကိုမှ ကိုယ့်စိတ်ကြိုက်ဒီဇိုင်း ရအောင် ပြန်လည်ဖန်တီးပစ်လိုက်တာနော်..သေချာတယ်။

ဒီကားနဲ့သာ အပြင်သွားရင် သမင်လည်ပြန်အငေးခံရမှာပါ။

(၁၃)


ကိုယ့်ရဲ့ လုပ်ငန်းအဆောက်အဦးကို တိုက်တွေကြားထဲမှာ အထင်ရှားဆုံးဖြစ်ချင်တယ်ဆိုရင်တော့

ဒီလိုမျိုး အိုင်ဒီယာလေးတွေကလည်း မဆိုးဘူးနော်။

(၁၄)


ကိုယ့်ရဲ့ ပေါင်မုန့်ဖုတ်စွမ်းရည်ကို တိုးတက်ချင်လို့ အဆန်းလေးလုပ်ကြည့်လိုက်တာ

မမျှော်လင့်ဘဲ SpongeBob ထဲက ရောင်စုံဘာဂါ လေးတွေနဲ့ သွားတူနေတာပါ။

(၁၅)


ရှုးဖိနပ်အဟောင်းကို စိတ်ကူးပေါက်ရာ ပြုပြင်ပြီးမှ ဘယ်သူနဲ့မှမတူဘဲ ဆန်းသစ်လွန်းတဲ့ ဖက်ရှင်အိုင်ဒီယာလေးရခဲ့တာဖြစ်ပါတယ်။

ဒီဖိနပ်ကိုသာ စီးသွားရင် ဘယ်က ဝယ်လာတာလဲဆိုပြီး လာမေးကြတဲ့ သူတွေ ရှိမယ်ဆိုတာ အသေအချာပါပဲ။

(၁၆)


ထိတ်လန့်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးဒီဇိုင်းအိုင်ဒီယာဆိုတာ

တကယ်တော့ စဉ်းစားရလွယ်ကူတာမဟုတ်ပါဘူး။

(၁၇)


ခရီးမကြာခဏထွက်တတ်သူတွေ ကိုယ့်ရဲ့ လက်ဆွဲအိတ်ပျောက်သွားလည်း ပြန်ရစေမယ့် အကောင်းဆုံးနည်းလမ်းပါနော်။

လှလှလေးတော့ ဓာတ်ပုံရိုက်ထားပေါ့။ ဒီအိတ်ကို နေရာစုံကို ယူသွားမှာဆိုတော့…

(၁၈)


အာလူးကြော်ကို အခုလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ပန်းချီကားနဲ့ ဆွဲဆောင်ထားတာပဲဖြစ်ပါတယ်။

မုန့်ကိုမဝယ်သွားရင်တောင် အနည်းဆုံးတော့ စိတ်ထဲမှာ မှတ်မိသွားလောက်တယ်။

(၁၉)


ချစ်စရာ Anime ဇာတ်ကောင် Sailor Moon ကို ဘယ်လိုတွေတောင် ဆွဲလိုက်တာတုန်း..ကြည့်ရတာ ရုပ်ပြောင်တက်တူးနေမှာပါ။

(၂၀)


ရွှေငါးလေးရေကူးနေတယ်လို့ ထင်သွားကြလား…

တကယ်တော့ ငါးပုံစံထုတ်လုပ်ထားတဲ့ ရေနွေးအိတ်လေးပဲဖြစ်ပါတယ်။

(၂၁)


သာမန်ရိုးကျ ကော်ဖီဆိုင်တွေထဲကနေ ကွဲထွက်နေတဲ့ ဘီးတယ်ကားကို အသုံးပြု ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်လေး…

အမြင်ဆန်းတဲ့ ကော်ဖီဆိုင်လေးဆိုတော့ အသစ်အသစ်တွေကို မြည်းစမ်းချင်သူတွေ အများကြီး လာရောက်ကြမှာအသေအချာပါပဲ။

(၂၂)


လီဂို အရုပ်ဘူးဆွဲကိုင်ထားတဲ့လက်ကို လီဂိုလက်နဲ့ တူအောင် ဖန်တီးထားတာပါ။

အိတ် ဒီဇိုင်းဖန်တီးမှုကောင်းတဲ့ လီဂိုကို မချီးကျူးပဲ မနေနိုင်ပါဘူးနော်။

ဘယ်ကလေးက မဝယ်ချင်ဘဲ နေလိမ့်မလဲ…

(၂၃)


ဆိုးလ်မြို့မှာ ဒီခုံတန်းကတော့ အပေါ်စီးကနေ လှမ်းကြည့်ရင် အမြစ်တွေဖြာထွက်နေတာနဲ့ တူပြီး

လက်တွေ့မှာ လူတွေအများကြီး ထိုင်ပြီးအနားယူလို့ရအောင် ဖန်တီးပေးထားတာပါ။

(၂၄)


လီဂိုရုပ်တွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ဟာ သူတို့ရဲ့ ဆိုင်မျက်နှာကျက်ကို

လီဂိုရုပ်ဆက်တဲ့ အခါမှာ သုံးတဲ့ အောက်ခြေပုံစံတူ တည်ဆောက်ထားတာပါ။

(၂၅)


ပီကေထုတ်ပိုးမှုကို သွားဖြူဖြူအချောင်းလေးတွေပုံစံထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီပီကေကို စားရင် ခံတွင်းနဲ့ သွားသန့်ရှင်းမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ့

ပရိသတ်တို့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အကောင်းဆုံးတီထွင်မှုကို တွေ့ခဲ့ပါသလား။

အကောင်းဆုံးတီထွင်ဖန်တီးမှုကို ကိုယ်တိုင်ရွေးခွင့်ရမယ်ဆိုရင် ဘယ်တီထွင်မှုကို အကြိုက်ဆုံးလဲဆိုတာကို ပြောပြပေးခဲ့ပါအုံးနော်။

Credit-Shwenyanshin

Ref:Brightside

Leave a Comment