success

အိုင်းစတိုင်းထက် IQ မြင့်သူ (၅) ဦးနဲ့ လက်ရှိသူတို့အလုပ်အကိုင်များ

Genius တစ်ယောက်ဖြစ်ဖို့ IQ Score ဟာ အနည်းဆုံး ၁၄၀ ရှိဖို့ လိုတယ်လို့ ဆိုပါတယ်။ IQ ၁၄၀ ရှိတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ များများစားစား တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ တချို့သူတွေကတော့ မဟာပါရမီရှင်ကြီးလို့ ဆိုကြတဲ့ အဲလ်ဘတ်အိုင်းစတိုင်းရဲ့ IQ ၁၆၀ ထက်တောင် IQ မြင့်ကြပါတယ်။ သူတို့က ဘယ်သူတွေလဲ ၊ ဘာအလုပ်တွေ လုပ်ခဲ့ကြသလဲ။

(၅) Terence Tao

ဩစတြေးလျ- အမေရိကန် သင်္ချာပညာရှင် Terence Tao ကို ၁၉၇၅ ဇူလိုင် ၁၇ ရက်နေ့မှာ မွေးပါတယ်။ အသက် ၄၅ နှစ်ပဲ ရှိသေးတဲ့ Tao ဟာ IQ Score အနေနဲ့ ၂၂၀ ကနေ ၂၃၀ အကြား ရှိတယ်လို့ ဆိုပါတယ်။ အသက် ၉ နှစ်မှာ သူဟာ တက္ကသိုလ်အဆင့် သင်္ချာသင်ရိုးတွေ တက်ရောက်နေပြီး အသက် ၂၁ မှာ ပရင့်စတန်ကနေ ပါရဂူဘွဲ့ Ph.D ရထားတယ်လို့ ဆိုပါတယ်။ UCLA မှာ အသက် ၂၄ နှစ်ကစပြီး သင်္ချာပါမောက္ခအဖြစ် ဆရာလုပ်နေပါတယ်။ UCLA သမိုင်းမှာ အသက်အငယ်ဆုံး အချိန်ပြည့်ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။

(၄) Christopher Hirata

၁၉၈၂ ဖွား အသက် ၃၈ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်အာကာသဆိုင်ရာ ရူပဗေဒပညာရှင်ဟာ အသက် ၁၃ နှစ်သားကတည်းက နိုင်ငံတကာ ရူပဗေဒအိုလံပစ်ဆုရှင်ဖြစ်ခဲ့တဲ့ ဉာဏ်ကြီးရှင်လည်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ်မှာ ကယ်လီဖိုးနီးယားနည်းပညာအင်စတီကျူ့ဒ်ကနေ ဘွဲ့ရ ၊ အသက် ၂၂ မှာ ပရင်စတန်ကနေ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ အသက် ၁၅ နှစ်ကတည်းက NASA မှာ အလုပ်ဝင်နေခဲ့သူဖြစ်ပါတယ်။ IQ ရမှတ် ၂၂၅ မှတ်အထိ ရထားပါတယ်။

(၃) Marilyn Vos Savant

အမြင့်ဆုံး IQ Score ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Marilyn Vos Savant ရဲ့ အလုပ်အကိုင်က မဂ္ဂဇင်းကလောင်ရှင်ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ အမြင့်ဆုံး IQ ရှိသူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၇၄ နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ မာရီလင်းကို မေးပါ ဆိုတဲ့ Ask Marilyn ကဏ္ဍနဲ့ နာမည်ကြီးပါတယ်။ စာအုပ်တွေ အများအပြား ထုတ်ဝေထားပြီး စီးပွားရေးပညာရပ်ဆိုင်ရာ အမျိုးသားကောင်စီမှာလည်း ဘုတ်အဖွဲ့ဝင်ဖြစ်ပါတယ်။ သူမရဲ့ IQ ကတော့ ၁၈၆ ကနေ ၂၂၈ မှတ်အကြားမှာ ရှိပါတယ်။

(၂) Ainan Cawley

စင်ကာပူနိုင်ငံသား တေးရေးဆရာ Ainan Cawley ဟာ အခုမှ အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ ဉာဏ်ကြီးရှင် ဖြစ်ပါတယ်။ ၁၉၉၉ မှာ ဖွားခဲ့တဲ့သူဟာ IQ Score ၂၅၀ ရှိပါတယ်။ အသက် ၆ နှစ်ကစလို့ ပထမဆုံး Lecture ပြခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၁၂ နှစ်မှာ တေးရေးဆရာအဖြစ် ရုပ်ရှင်လုပ်ငန်းထဲ ဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူ့ကိုယ်ပိုင် The Sempiternal ရုပ်ရှင်ကို ကိုယ်တိုင် ရေးသား တည်းဖြတ်ရိုက်ကူးမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့အသက်ဟာ ၁၄ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

(၁) Marnen Laibow-Koser

Marnen Laibow-Koser ရဲ့အကြောင်းက လူသိနည်းလှပါတယ်။ ကလေးကတည်းက ပါရမီ့ရှင်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ကလေးဘဝ စမ်းသပ်ချက်အရ သူ့ရဲ့ IQ ရမှတ်ဟာ ၂၆၈ မှတ်အထိ ရှိတယ်လို့ ဆိုပါတယ်။ သူ့ဝက်ဘ်ဆိုက်မှာဆိုရင် သူတတ်မြောက်တဲ့ ဘာသာစကား ၇ မျိုး ရှိပြီး အင်္ဂလိပ် ၊ ဂျာမန် ၊ ဂျပန် ၊ ပြင်သစ် ၊ ရုရှား ၊ အက်စ်ပါရန်တိုနဲ့ ကလီဂွန်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အလုပ်အကိုင်အနေနဲ့ ပရိုဂရမ်မာ ၊ တေးရေးဆရာနဲ့ ဂီတပညာရှင်အဖြစ် အသက်မွေးပါတယ်။

Zawgyi

Genius တစ္ေယာက္ျဖစ္ဖို႔ IQ Score ဟာ အနည္းဆုံး ၁၄၀ ရွိဖို႔ လိုတယ္လို႔ ဆိုပါတယ္။ IQ ၁၄၀ ရွိတဲ့ လူတစ္ေယာက္ကို ကြၽန္ေတာ္တို႔ မ်ားမ်ားစားစား ေတြ႕ဖူးၾကမွာ မဟုတ္ပါဘူး။ တခ်ိဳ႕သူေတြကေတာ့ မဟာပါရမီရွင္ႀကီးလို႔ ဆိုၾကတဲ့ အဲလ္ဘတ္အိုင္းစတိုင္းရဲ႕ IQ ၁၆၀ ထက္ေတာင္ IQ ျမင့္ၾကပါတယ္။ သူတို႔က ဘယ္သူေတြလဲ ၊ ဘာအလုပ္ေတြ လုပ္ခဲ့ၾကသလဲ။

(၅) Terence Tao

ဩစေၾတးလ်- အေမရိကန္ သခ်ၤာပညာရွင္ Terence Tao ကို ၁၉၇၅ ဇူလိုင္ ၁၇ ရက္ေန႔မွာ ေမြးပါတယ္။ အသက္ ၄၅ ႏွစ္ပဲ ရွိေသးတဲ့ Tao ဟာ IQ Score အေနနဲ႔ ၂၂၀ ကေန ၂၃၀ အၾကား ရွိတယ္လို႔ ဆိုပါတယ္။ အသက္ ၉ ႏွစ္မွာ သူဟာ တကၠသိုလ္အဆင့္ သခ်ၤာသင္႐ိုးေတြ တက္ေရာက္ေနၿပီး အသက္ ၂၁ မွာ ပရင့္စတန္ကေန ပါရဂူဘြဲ႕ Ph.D ရထားတယ္လို႔ ဆိုပါတယ္။ UCLA မွာ အသက္ ၂၄ ႏွစ္ကစၿပီး သခ်ၤာပါေမာကၡအျဖစ္ ဆရာလုပ္ေနပါတယ္။ UCLA သမိုင္းမွာ အသက္အငယ္ဆုံး အခ်ိန္ျပည့္ပါေမာကၡတစ္ေယာက္လည္း ျဖစ္ပါတယ္။

(၄) Christopher Hirata

၁၉၈၂ ဖြား အသက္ ၃၈ ႏွစ္ပဲ ရွိေသးတဲ့ အေမရိကန္အာကာသဆိုင္ရာ ႐ူပေဗဒပညာရွင္ဟာ အသက္ ၁၃ ႏွစ္သားကတည္းက ႏိုင္ငံတကာ ႐ူပေဗဒအိုလံပစ္ဆုရွင္ျဖစ္ခဲ့တဲ့ ဉာဏ္ႀကီးရွင္လည္း ျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္မွာ ကယ္လီဖိုးနီးယားနည္းပညာအင္စတီက်ဴ႕ဒ္ကေန ဘြဲ႕ရ ၊ အသက္ ၂၂ မွာ ပရင္စတန္ကေန ေဒါက္တာဘြဲ႕ရခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္ကတည္းက NASA မွာ အလုပ္ဝင္ေနခဲ့သူျဖစ္ပါတယ္။ IQ ရမွတ္ ၂၂၅ မွတ္အထိ ရထားပါတယ္။

(၃) Marilyn Vos Savant

အျမင့္ဆုံး IQ Score ပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္တဲ့ Marilyn Vos Savant ရဲ႕ အလုပ္အကိုင္က မဂၢဇင္းကေလာင္ရွင္ျဖစ္ပါတယ္။ အသက္ ၁၀ ႏွစ္မွာ အျမင့္ဆုံး IQ ရွိသူအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ခဲ့သူ ျဖစ္ပါတယ္။ အသက္ ၇၄ ႏွစ္ရွိၿပီ ျဖစ္တဲ့ သူမဟာ မာရီလင္းကို ေမးပါ ဆိုတဲ့ Ask Marilyn က႑နဲ႔ နာမည္ႀကီးပါတယ္။ စာအုပ္ေတြ အမ်ားအျပား ထုတ္ေဝထားၿပီး စီးပြားေရးပညာရပ္ဆိုင္ရာ အမ်ိဳးသားေကာင္စီမွာလည္း ဘုတ္အဖြဲ႕ဝင္ျဖစ္ပါတယ္။ သူမရဲ႕ IQ ကေတာ့ ၁၈၆ ကေန ၂၂၈ မွတ္အၾကားမွာ ရွိပါတယ္။

(၂) Ainan Cawley

စင္ကာပူႏိုင္ငံသား ေတးေရးဆရာ Ainan Cawley ဟာ အခုမွ အသက္ ၂၁ ႏွစ္ပဲ ရွိေသးတဲ့ ဉာဏ္ႀကီးရွင္ ျဖစ္ပါတယ္။ ၁၉၉၉ မွာ ဖြားခဲ့တဲ့သူဟာ IQ Score ၂၅၀ ရွိပါတယ္။ အသက္ ၆ ႏွစ္ကစလို႔ ပထမဆုံး Lecture ျပခဲ့သူလည္း ျဖစ္ပါတယ္။ အသက္ ၁၂ ႏွစ္မွာ ေတးေရးဆရာအျဖစ္ ႐ုပ္ရွင္လုပ္ငန္းထဲ ဝင္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ သူ႔ကိုယ္ပိုင္ The Sempiternal ႐ုပ္ရွင္ကို ကိုယ္တိုင္ ေရးသား တည္းျဖတ္႐ိုက္ကူးမႈ လုပ္ခဲ့ပါတယ္။ အဲ့ဒီတုန္းက သူ႔အသက္ဟာ ၁၄ ႏွစ္ပဲ ရွိေသးတာ ျဖစ္ပါတယ္။

(၁) Marnen Laibow-Koser

Marnen Laibow-Koser ရဲ႕အေၾကာင္းက လူသိနည္းလွပါတယ္။ ကေလးကတည္းက ပါရမီ့ရွင္အျဖစ္ သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး ကေလးဘဝ စမ္းသပ္ခ်က္အရ သူ႔ရဲ႕ IQ ရမွတ္ဟာ ၂၆၈ မွတ္အထိ ရွိတယ္လို႔ ဆိုပါတယ္။ သူ႔ဝက္ဘ္ဆိုက္မွာဆိုရင္ သူတတ္ေျမာက္တဲ့ ဘာသာစကား ၇ မ်ိဳး ရွိၿပီး အဂၤလိပ္ ၊ ဂ်ာမန္ ၊ ဂ်ပန္ ၊ ျပင္သစ္ ၊ ႐ုရွား ၊ အက္စ္ပါရန္တိုနဲ႔ ကလီဂြန္တို႔ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ အလုပ္အကိုင္အေနနဲ႔ ပ႐ိုဂရမ္မာ ၊ ေတးေရးဆရာနဲ႔ ဂီတပညာရွင္အျဖစ္ အသက္ေမြးပါတယ္။

Leave a Comment