Uncategorized

ချစ်လှစွာတဲ့သခင်ရဲ့ ခေါင်းတလားကို အနံ့ခံပြီး ဈာပနပွဲအတွင်းမှာ ကြေကွဲမျက်ရည်ကျနေခဲ့တဲ့ မြင်းတစ်ကောင် (ရုပ်သံ)

အသက် ၃၄ နှစ်အရွယ် ပါရာဂွေးနိုင်ငံက Wagner Lima အမည်ရှိ အမျိုးသားဟာ ဘရာဇီးနိုင်ငံရဲ့ သစ်ကူးနေ့မှာ ဆိုင်ကယ်မတော်တဆမှုဖြင့် အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။ Wagner ရဲ့ ချစ်လှစွာတဲ့ မြင်း Sereno က သူ့ရဲ့ စျာပနာပွဲမှာ ဝမ်းနည်းကြေကွဲနေခဲ့ပါတယ် ။ Wagner နဲ့ Sereno တို့ဟာ နှစ်ပေါင်းများစွာအကောင်းဆုံးသူငယ်ချင်းများအဖြစ် နေလာကြတာပါ ။ Wagner ရဲ့အစ်ကို Wando က Sereno ဟာ ဈာပနမှာ သူရှိနေချင်ခဲ့တာကို Wagner ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက သိနေခဲ့ပါတယ် ။


Wando ဟာ ဘရာဇီးနိုင်ငံ Cajazeiras မြို့မှ သူ့ညီရဲ့ နောက်ဆုံးနားခိုရာသို့ စိတ်လှုပ်ရှားမှုနဲ့ ချီတက်ဦးဆောင်ခဲ့ပါတယ် ။ Sereno ဟာလည်း သူတို့နဲ့ အတူချီတက်ခဲ့ပေမယ့် Wagner ရဲ့ခေါင်းတလားကို နီးကပ်စွာနေပြီး မြင်းဟာ ဝမ်းနည်းကြေကွဲကာ မျက်ရည်ကျနေခဲ့ပါတယ် ။ မြင်းတစ်ကောင်က ဒီလိုတုံ့ပြန်လိမ့်မယ်လို့ မည်သူမှ မျှော်လင့်မထားပါဘူး ။ Wando က ယခုအခါ Sereno ကို သူ့ညီရဲ့ ဂုဏ်အသရေဖြင့် ဂရုစိုက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ် ။ မြင်းလေးတစ်ကောင် မျက်ရည်ကျတဲ့အချိန်အတွင်းမှာ ဘာတွေဖြစ်လဲဆိုတာကြည့်ဖို့ ဗီဒီယိုနဲ့ ပြန်လည်ဝေမျှထားပါတယ် ။


.


.


.


.


.


Mia (KBdailynews)

Reference : littlethings


Zawgyi

အသက် ၃၄ နှစ်အရွယ် ပါရာဂွေးနိုင်ငံက Wagner Lima အမည်ရှိ အမျိုးသားဟာ ဘရာဇီးနိုင်ငံရဲ့ သစ်ကူးနေ့မှာ ဆိုင်ကယ်မတော်တဆမှုဖြင့် အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။ Wagner ရဲ့ ချစ်လှစွာတဲ့ မြင်း Sereno က သူ့ရဲ့ ဈာပနာပွဲမှာ ဝမ်းနည်းကြေကွဲနေခဲ့ပါတယ် ။ Wagner နဲ့ Sereno တို့ဟာ နှစ်ပေါင်းများစွာအကောင်းဆုံးသူငယ်ချင်းများအဖြစ် နေလာကြတာပါ ။ Wagner ရဲ့အစ်ကို Wando က Sereno ဟာ ဈာပနမှာ သူရှိနေချင်ခဲ့တာကို Wagner ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက သိနေခဲ့ပါတယ် ။

Wando ဟာ ဘရာဇီးနိုင်ငံ Cajazeiras မြို့မှ သူ့ညီရဲ့ နောက်ဆုံးနားခိုရာသို့ စိတ်လှုပ်ရှားမှုနဲ့ ချီတက်ဦးဆောင်ခဲ့ပါတယ် ။ Sereno ဟာလည်း သူတို့နဲ့ အတူချီတက်ခဲ့ပေမယ့် Wagner ရဲ့ခေါင်းတလားကို နီးကပ်စွာနေပြီး မြင်းဟာ ဝမ်းနည်းကြေကွဲကာ မျက်ရည်ကျနေခဲ့ပါတယ် ။ မြင်းတစ်ကောင်က ဒီလိုတုံ့ပြန်လိမ့်မယ်လို့ မည်သူမှ မျှော်လင့်မထားပါဘူး ။ Wando က ယခုအခါ Sereno ကို သူ့ညီရဲ့ ဂုဏ်အသရေဖြင့် ဂရုစိုက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ် ။ မြင်းလေးတစ်ကောင် မျက်ရည်ကျတဲ့အချိန်အတွင်းမှာ ဘာတွေဖြစ်လဲဆိုတာကြည့်ဖို့ ဗီဒီယိုနဲ့ ပြန်လည်ဝေမျှထားပါတယ် ။

Mia (KBdailynews)

Leave a Comment