Daily News

ကမ္ဘာပေါ်မှာ Hot အဖြစ်ဆုံးဖခင်လို့ တင်စားခံရတဲ့ အသက် ၅၆ အရွယ် Single Father

လူမှုကွန်ရက်လောကမှာ အချောဆုံးလို့ခေါ်ကြတဲ့ ဖခင် Phasavee Lopha -Uthai ဟာ လှပတဲ့မိန်းကလေးတစ်ဦးရဲ့ ဖခင်ဖြစ်ပြီး သမီးဖြစ်သူက @meturr လို့ခေါ်တဲ့ TikTok အကောင့်ကို သုံးပြီး သူမက ဖခင်ရဲ့ ခန့်ချောမှုပုံစံကို Cilp များနဲ့ တင်ခဲ့ပါတယ် ။ ဆိုရှယ်မီဒီယာပေါ်မှာ သူမရဲ့ ချစ်စရာကောင်းတဲ့လှုပ်ရှားမှုတွေကိုလည်း Clip လေးနဲ့ ရိုက်ကူးပြီး ဝေမျှထားပါတယ် ။ သူမရဲ့ ဖခင် Phasavee က အသက် ၅၆ နှစ် ရှိပြီဆိုပေမဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိပြီး လူငယ်တစ်ယောက်လို ခန့်ချောပြီး သန်မာနေသေးပါတယ် ။ အရေးအကြီးဆုံးမှာ သူမရဲ့ ဖခင်က ကုမ္ပဏီ Realty One Estate (Thailand) Co. ကို ပိုင်ဆိုင်ထားပြီး အိမ်ခြံမြေ ရောင်းဝယ်ရေးကို လုပ်ကိုင်နေပါတယ် ။ အိမ်ခြံမြေအရစ်ကျလုပ်ငန်းနဲ့ ပတ်သက်တဲ့ အရစ်ကျ အကြံပေး ဝန်ဆောင်မှုတွေကို ထိုင်းနိုင်ငံမှာ အလွန်အောင်မြင်ကျော်ကြားသူတစ်ဦးပါ ။


သမီးလေးက သူ့အဖေရဲ့ချစ်စရာဗီဒီယိုဖိုင်တွေကို မကြာခဏတင်လေ့ရှိပါတယ် ။ သူတို့နှစ်ယောက်က အရမ်းရင်းနှီးပြီး တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်တဲ့ သားအဖလို့ခေါ်တဲ့အထိပါပဲ ။ သူမအဖေနဲ့အမေဟာ ငယ်စဉ်က ခွဲခွာခဲ့ကြတာကြောင့် မိခင်နဲ့အတူ ဗီဒီယိုများစွာ မရိုက်ကူးခဲ့ရပါဘူး။ သူမကတော့ ဖခင်နဲ့အတူ နေထိုင်ခဲ့တာပါ ။ သူမအဖေနဲ့ သူမရိုက်ကူးတဲ့ Clip က ထိုင်း TikTok လောကမှာ Hot အဖြစ်ဆုံးအဖေလို့ တင်စားလောက်တဲ့အထိ Clip တစ်ခုချင်းစီမှာ ကြည့်ရှုသူပေါင်း ၁ သန်းကျော်ရှိနေခဲ့တာပါ ။


.


.


.


.


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : sanook

Zawgyi

လူမႈကြန္ရက္ေလာကမွာ အေခ်ာဆုံးလို႔ေခၚၾကတဲ့ ဖခင္ Phasavee Lopha -Uthai ဟာ လွပတဲ့မိန္းကေလးတစ္ဦးရဲ႕ ဖခင္ျဖစ္ၿပီး သမီးျဖစ္သူက @meturr လို႔ေခၚတဲ့ TikTok အေကာင့္ကို သုံးၿပီး သူမက ဖခင္ရဲ႕ ခန္႔ေခ်ာမႈပုံစံကို Cilp မ်ားနဲ႔ တင္ခဲ့ပါတယ္ ။ ဆိုရွယ္မီဒီယာေပၚမွာ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့လႈပ္ရွားမႈေတြကိုလည္း Clip ေလးနဲ႔ ႐ိုက္ကူးၿပီး ေဝမွ်ထားပါတယ္ ။ သူမရဲ႕ ဖခင္ Phasavee က အသက္ ၅၆ ႏွစ္ ရွိၿပီဆိုေပမဲ့ က်န္းမာသန္စြမ္းတဲ့ ခႏၶာကိုယ္ရွိၿပီး လူငယ္တစ္ေယာက္လို ခန္႔ေခ်ာၿပီး သန္မာေနေသးပါတယ္ ။ အေရးအႀကီးဆုံးမွာ သူမရဲ႕ ဖခင္က ကုမၸဏီ Realty One Estate (Thailand) Co. ကို ပိုင္ဆိုင္ထားၿပီး အိမ္ၿခံေျမ ေရာင္းဝယ္ေရးကို လုပ္ကိုင္ေနပါတယ္ ။ အိမ္ၿခံေျမအရစ္က်လုပ္ငန္းနဲ႔ ပတ္သက္တဲ့ အရစ္က် အႀကံေပး ဝန္ေဆာင္မႈေတြကို ထိုင္းႏိုင္ငံမွာ အလြန္ေအာင္ျမင္ေက်ာ္ၾကားသူတစ္ဦးပါ ။


သမီးေလးက သူ႔အေဖရဲ႕ခ်စ္စရာဗီဒီယိုဖိုင္ေတြကို မၾကာခဏတင္ေလ့ရွိပါတယ္ ။ သူတို႔ႏွစ္ေယာက္က အရမ္းရင္းႏွီးၿပီး တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းခ်စ္တဲ့ သားအဖလို႔ေခၚတဲ့အထိပါပဲ ။ သူမအေဖနဲ႔အေမဟာ ငယ္စဥ္က ခြဲခြာခဲ့ၾကတာေၾကာင့္ မိခင္နဲ႔အတူ ဗီဒီယိုမ်ားစြာ မ႐ိုက္ကူးခဲ့ရပါဘူး။ သူမကေတာ့ ဖခင္နဲ႔အတူ ေနထိုင္ခဲ့တာပါ ။ သူမအေဖနဲ႔ သူမ႐ိုက္ကူးတဲ့ Clip က ထိုင္း TikTok ေလာကမွာ Hot အျဖစ္ဆုံးအေဖလို႔ တင္စားေလာက္တဲ့အထိ Clip တစ္ခုခ်င္းစီမွာ ၾကည့္ရႈသူေပါင္း ၁ သန္းေက်ာ္ရွိေနခဲ့တာပါ ။

JRose (KBdailynews)

Leave a Comment