Daily News

ရောဂါအခြေနေကြောင့် အလုပ်တွေပျက်ကုန်ပြီး ဘဝကိုပျော်ရွှင်စွာ နေလိုဒါကြောင့် ကျွန်းတစ်ကျွန်းမှာ ၁လကျော် နေထိုင်ခဲ့ကြတဲ့ လူငယ်သုံးဦး

ဂျပန်နိုင်ငံက အမျိုးသားသုံးဦးဟာ သဲကန္တာရကျွန်းတစ်ကျွန်းမှာ တစ်လခွဲကျော်နေထိုင်ပြီး ဗီဒီယိုတစ်ခုပြုလုပ်ကာ ပျံ့နှံ့သွားခဲ့ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ကျွန်းပေါ်မှာ နေထိုင်တဲ့ လူမျိုးစုတစ်ခုလို နေထိုင်ကြခြင်းကြောင်း ဖြစ်ပါတယ် ။ ထိုလူငယ်သုံးဦးက ဇွန်လ ၁၆ ရက်နေ့မှာ ကျွန်းကို စတင်နေထိုင်ခဲ့ပြီးဇူလိုင်လ ၂၄ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ် ။ သူတို့က Covid-19 အခြေအနေကြောင့် အလုပ်ထွက်ရလို့ သူတို့က ပျော်စရာကောင်းတဲ့ ဘဝကို နေလိုခြင်းကြောင့် ဖြစ်ပါတယ် ။ သူတို့က သူတို့ရဲ့ quarantine အဖြစ်အပျက်များကို Twitter မှတဆင့် သူတို့ရဲ့ နေ့စဥ်နေထိုင်မှုပုံစံကို ဝေမျှခဲ့ပါတယ် ။


သူတို့က ငါးဖမ်းကိရိယာများ၊ ဓားများ၊ သောက်ရေများ၊ ရွက်ဖျင်တဲများ၊ ပေါက်တူးများ၊ ဟင်းချက်ပစ္စည်းများနဲ့ မီးဖိုချောင်သုံးအသုံးအဆောင်များ၊ ကြက်ဥများစတဲ့ ကိရိယာများစွာကို ယူဆောင်လာခဲ့ကြပါတယ် ။ သူတို့ဟာ တကယ့်ကို လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုဆီကို သင်္ဘောနဲ့ ဦးတည်သွားခဲ့တာပါ ။ သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်များက ငါးဖမ်းခြင်း၊ ချက်ပြုတ်ခြင်း၊ ကြက်မွေးမြူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေငုပ်ခြင်းနဲ့ ဘဝကိုပျော်ရွှင်စေခဲ့ပါတယ် ။ နောက်ပြီး သူတို့က ကျွန်းပေါ်မှာ နေထိုင်တဲ့ လူမျိုးစုပုံစံဖြင့် ဝတ်ဆင်ကာ နေထိုင်ခဲ့ပါတယ် ။ ကျွန်းပေါ်မှာ ၃၂ ရက်နေခဲ့ကြတဲ့အခါ သဘာဝအလှတရားနဲ့ လေကောင်းလေသန့်ကိုခံစားရ တယ်လို့ ဆိုကြပါတယ် ။ ဘာပဲဖြစ်ဖြစ် သဘာဝတရားက လူသားတွေ အပေါ်မှာ အမြဲမှီခိုနေပါတယ် ။Quarantine ကာလပြီးဆုံးပြီးနောက် သူတို့က ရဲ့ မ‌အေးချမ်းတဲ့မြို့သို့ ပြန်လာခဲ့ကြပါတယ် ။


.


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : sanook

Zawgyi




JRose (KBdailynews)

Leave a Comment