Daily News

ကျောင်းတက်ပျင်းသော တပည့်လေးများအား ပျော်ပျော်ရွှင်ရွှင်နှင့် ကျောင်းသို့လာချင်အောင် နည်းလမ်းသစ်များ သုံးခဲ့သော ဆရာမလေး

ကျောင်းသားတို့ သဘာဝ ကျောင်းတက်ပျင်းပြီး စာသင်လည်း ပျင်းရိကြသည့်အခါ ဆရာ ဆရာမ များမှာ စိတ်ဝင်စားလာအောင် နည်းအမျိုးမျိုးဖြင့် သင်ကြားပေးကြသည်။


သို့ဖြစ်၍ ထိုင်းနိုင်ငံရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် တာဝန်ကျသော Nattaya Natအမည်ရှိ အသက် ၂၅နှစ်အရွယ် ဆရာမလေးသည် ကျောင်းသားလေးများအပေါ် စိတ်ကူးသစ် နည်းလမ်းသစ်များ အမျိုးမျိုး စဥ်းစားပေးပြီး စာသင်ကြားခဲ့ခြင်းဖြင့် နာမည်ကြီးလာခဲ့သည်။


ဆရာမလေးသည် ကျောင်းတက်ပျင်းသော တပည့်လေးများကို မနက်တိုင်း ကြိုက်နှစ်သက်သလိုအမူအရာလေးများနှင့် နွေးထွေးစွာ နှုတ်ဆက်ခြင်းကို စတင်တီထွင်ခဲ့သည်။


ဆရာမလေးအား ကျောင်းသားလေးများမှ လက်ဆွဲနှုတ်ဆက်ခြင်း ကြင်နာစွာ ပွေ့ဖက်ခြင်း လက်ဝါးခြင်း ရိုက်ခြင်း စသဖြင့် စိတ်တိုင်းကျ ရွေးချယ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းကြောင့် အနည်းဆုံးတော့ ကျောင်းသားလေးများမှာ အတန်းတက်ချိန်တိုင်း လန်းဆန်းတက်ကြွစေမိသည်။

ထို့ကြောင့် ဆရာမလေးနှင့် စာသင်ရသော ကျောင်းသားလေးများသည် ပျော်ရွှင်ရပြီး အတန်းတက်လည်း မှန်ခဲ့သည်။


Hlaing (Love Feeling)

Zawgyi

ေက်ာင္းတက္ပ်င္းေသာ တပည့္ေလးမ်ားအား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ ေက်ာင္းသို႔လာခ်င္ေအာင္ နည္းလမ္းသစ္မ်ား သုံးခဲ့ေသာ ဆရာမေလး


ေက်ာင္းသားတို႔ သဘာဝ ေက်ာင္းတက္ပ်င္းၿပီး စာသင္လည္း ပ်င္းရိၾကသည့္အခါ ဆရာ ဆရာမ မ်ားမွာ စိတ္ဝင္စားလာေအာင္ နည္းအမ်ိဳးမ်ိဳးျဖင့္ သင္ၾကားေပးၾကသည္။


သို႔ျဖစ္၍ ထိုင္းႏိုင္ငံရွိ မူလတန္းေက်ာင္းတစ္ေက်ာင္းတြင္ တာဝန္က်ေသာ Nattaya Natအမည္ရွိ အသက္ ၂၅ႏွစ္အ႐ြယ္ ဆရာမေလးသည္ ေက်ာင္းသားေလးမ်ားအေပၚ စိတ္ကူးသစ္ နည္းလမ္းသစ္မ်ား အမ်ိဳးမ်ိဳး စဥ္းစားေပးၿပီး စာသင္ၾကားခဲ့ျခင္းျဖင့္ နာမည္ႀကီးလာခဲ့သည္။


ဆရာမေလးသည္ ေက်ာင္းတက္ပ်င္းေသာ တပည့္ေလးမ်ားကို မနက္တိုင္း ႀကိဳက္ႏွစ္သက္သလိုအမူအရာေလးမ်ားႏွင့္ ေႏြးေထြးစြာ ႏႈတ္ဆက္ျခင္းကို စတင္တီထြင္ခဲ့သည္။


ဆရာမေလးအား ေက်ာင္းသားေလးမ်ားမွ လက္ဆြဲႏႈတ္ဆက္ျခင္း ၾကင္နာစြာ ေပြ႕ဖက္ျခင္း လက္ဝါးျခင္း ႐ိုက္ျခင္း စသျဖင့္ စိတ္တိုင္းက် ေ႐ြးခ်ယ္ႏိုင္ၿပီး ထိုသို႔ျပဳလုပ္ျခင္းေၾကာင့္ အနည္းဆုံးေတာ့ ေက်ာင္းသားေလးမ်ားမွာ အတန္းတက္ခ်ိန္တိုင္း လန္းဆန္းတက္ႂကြေစမိသည္။


ထို႔ေၾကာင့္ ဆရာမေလးႏွင့္ စာသင္ရေသာ ေက်ာင္းသားေလးမ်ားသည္ ေပ်ာ္႐ႊင္ရၿပီး အတန္းတက္လည္း မွန္ခဲ့သည္။


Hlaing (Love Feeling)

Leave a Comment