Daily News

နှစ်အတော်ကြာ စုဆောင်းထားသော ငွေဒင်္ဂါပြားများနှင့်အတူ Land Cruiser ဇိမ်ခံကားကြီးကို ဝယ်ယူခဲ့သော ဖောက်သည်တစ်ဦး

ဖြစ်စဥ်မှာ တရုတ်နိုင်ငံ ဟင်နန်ပြည်နယ်ရှိ Zhengzhou ကားအရောင်းဆိုင်တစ်ဆိုင်တွင် Land Cruiser ကားကြီးကို ဝယ်ရန် ငွေစက္ကူ နှင့်မဟုတ်ပဲ ဒင်္ဂါပြားများနှင့် ပေးချေခဲ့သော ဖောက်သည်တစ်ဦးသည် လူမှုကွန်ယက်တွင် အတော်လေး ပျံ့နှံ့လျက်ရှိသည်။


ဖောက်သည်သည် ကားဝယ်ရန် လာသောလမ်းမှာလည်း ငွေဒင်္ဂါပြားများဧ။် အလေးချိန်လေးလံမှုကြောင့် ကုန်တင်ကားမှာ ဘီးပေါက်သည်ထိ ဖြစ်ခဲ့သည်။


ထို့နောက် ဆိုင်သို့ရောက်သွားသော အခါတွင်လည်း အရောင်းဝန်ထမ်းများခမျာ ဒင်္ဂါပြားများကို ၁၂နာရီလောက် ရေတွက်လိုက်ရပြီး အလွန်အမင်းလည်း အံအားသင့်နေကြရသည်။


အခြားသော ကားအရောင်းဆိုင်များသို့ ဝယ်ယူခဲ့ရာတွင် ပေးချေမှုမှာ ဒင်္ဂါပြားများဖြစ်နေတာကြောင့် ဝယ်မရခဲ့သော်လည်း စိတ်ရင်းကောင်းသော ထိုဆိုင်ပိုင်ရှင်မှ ဖောက်သည်အားငွေဒင်္ဂါပြားပေါင်း ၄၈၀၀၀၀ တန်ဖိုးရှိ ဇိမ်ခံကားကြီးကို ရောင်းပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi










Hlaing (Love Feeling)

Leave a Comment