Daily News
ခွေးလေးအား ချစ်လွန်းလို့ အနားမှာတစ်ချိန်လုံးခေါ်ထားချင်ကာ ကျောပိုးပြီး အလုပ်လုပ်ခဲ့သော မိန်းကလေး
လူသားတို့သည် ချစ်ဖို့ကောင်းသည့် ခွေးလေးများ ကြောင်လေးများကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးတတ်ကြကာ အချိန်ကြာလာသည်နှင့်အမျှ တစ်ဦးပေါ်တစ်ဦး ကြီးမားသည့် သံယောဇဉ်ဖြစ်သွားကြသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ Thitirat အမည်ရှိသော အသက် ၂၈နှစ်အရွယ် မိန်းကလေးသည် အဆင်ပြေသော မိသားစုအသိုင်းအဝိုင်းထဲက မဟုတ်ပဲ စားဝတ်နေရေးအတွက် မရှက်မရွံ့နှင့် မြို့ထဲလမ်းမပေါ်တွင် သန့်ရှင်းရေးအလုပ်သမား ဝန်ထမ်းတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
မိန်းကလေးသည် ရုပ်ရည်အားဖြင့် ချောမောသည့်အပြင် ကြင်နာတတ်သော စိတ်ထားရှိခြင်းဖြင့် နာမည်ကြီး သန့်ရှင်းရေး သမားလေးဖြစ်ခဲ့သည်။
မိန်းကလေးဧ။် လူတွေသတိထားမိစေသော အချက်မှာ နေ့စဥ် လမ်းမပေါ် သန့်ရှင်းရေးလုပ်ရာတွင် သူမဧ။် အိမ်တွင်မွေးထားသော ချစ်စဖွယ်ခွေးလေးအား ကျောပိုးထားလေ့ရှိတာကြောင့်ပင် ဖြစ်သည်။
ခွေးလေးကို Mazda ဟုအမည်ပေးထားပြီး အလေးချိန် ၁၀ကီလိုဂရမ်ရှိသော်လည်း အရမ်းချစ်တာကြောင့် အဖော်လည်း ရတယ်ဆိုပြီး အမြဲတမ်းကျောပိုးထားကာ မိုးရွာသည့်အခါတောင်မှ အိမ်မှာမထားခဲ့ပဲ သီးသန့်မိုးကာ အင်္ကျီလေးပါ ဝတ်ဆင်ပြီး ခေါ်ဆောင်လာလေ့ရှိသည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
Leave a Comment