Daily News

ကွယ်လွန်သွားသော ဇနီးဖြစ်သူကို လွမ်းဆွတ်သတိတရတွေဖြစ်ရပြီး အထီးကျန်လွန်း၍ ဇနီးအစားအရုပ်မလေးကို ဝယ်ယူခဲ့သော အမျိုးသားကြီး

သေခြင်းတရားကို မည်သူကမှ ဘယ်အရာကမှ တားဆီးမပေးနိုင်၍ ချစ်ရသူများကို အပြီးပိုင် လက်လွှတ်ရတော့မည့်ချိန်တွင် မည်သူကမှ ခံစားနိုင်စွမ်းမရှိကြပါ။


သို့ဖြစ်၍ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် နေထိုင်သော Zhang Wenlangအမည်ရှိသော အသက် ၇၀အရွယ် အဖိုးအိုတစ်ဦးသည် နှစ်ပေါင်း ၄၀ကြာပေါင်းသင်းလာခဲ့သည့် ဇနီးသည်မှာ သူ့ဘဝထဲကနေ လုံးဝအပြီးပိုင် ပျောက်ကွယ်သွား၍ တစ်ယောက်တည်း ဝမ်းနည်းပက်လက်နှင့် ကျန်ရစ်ခဲ့ရသည်။


သူတို့ဇနီးမောင်နှံမှာ သားသမီးလည်း တစ်ယောက်မှမရှိခဲ့သည့်အတွက် အဖိုးအိုခမျာ သေဆုံးသွားသော ဇနီးဖြစ်သူကို ပိုမိုပြီး လွမ်းဆွတ်သတိရကာ အထီးကျန်ဆန်နေခဲ့သည်။


ထို့ကြောင့် အဖိုးအိုသည် စုဆောင်းထားသော ပိုက်ဆံလေးနှင့် ယွမ် ၁၆၀၀၀တန် အရုပ်မအား ဝယ်ယူခဲ့ပြီး ဇနီးဖြစသူလိုသဘောထားပြီး ကြင်ကြင်နာနာ ဂရုစိုက်ကာ အဖော်ပြုနေခဲ့သည်။


Hlaing (Love Feeling)

Zawgyi








Hlaing (Love Feeling)

Leave a Comment