Daily News

ရိုးရှင်းစွာဖြင့် ခမ်းခမ်းနားနားကြီးမဟုတ်ပဲ တဲစုတ်လေးတွင်သာ ဖွင့်ထားသည့် ရွှေဆိုင်

ဗီယက်နမ်နိုင်ငံ Ben Treပြည်နယ်ရှိ ရွှေဆိုင်လေးတစ်ဆိုင်သည် အလွန်ရိုးရှင်းပြီး လုံခြုံရေးစနစ်နှင့် ပက်သက်၍ CCTV မှန်တံခါး အစောင့်များ တစ်ခုမှ ရှိနေသည့်အတွက် မြင်တွေ့သူများကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။


အရာရာတိုင်း ခေတ်မှီတိုးတက်နေသော ၂၁ရာစုတွင် သူ့ထက်ငှာ ပိုခမ်းနားပိုကြီးကျယ်စွာ အပြိုင်အဆိုင် လှပသေသပ်သော ဒီဇိုင်းများနှင့် ကိုယ့်ဆိုင်ကိုပြင်ဆင်ထားကြသော်လည်း ထိုရွှေဆိုင်သည် ရိုးရိုးပျဥ်ကာထားပြီး အပေါက်များမှာလည်း သံချေးကိုက်နေပြီဖြစ်သည်။


ထိုရွှေဆိုင်သည် လုံလုံလောက်လောက် အကာအကွယ်မရှိသည့်အပြင် ကွမ်းယာဆိုင်သို့မဟုတ် တဲစုတ်လေးဟုသာ ထင်ရပြီး အဖိုးတန်ရွှေထည်များကို ရောင်းချသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ပြသနာတစ်စုံတစ်ရာမရှိပဲ ထိုအရပ်ဒေသသည် အလွန်အေးချမ်းပြီး လုံခြုံရေးကောင်းသည်ဟု သိရသည်။


Hlaing (Love Feeling)

Zawgyi








Hlaing (Love Feeling)

Leave a Comment