Daily News

သွားလေရာနေရာတိုင်းတွင် အိမ်မွေးတိရစ္ဆာန်တို့ကို ခေါ်ဆောင်သွားလေ့ရှိသော အမျိုးသား

လူသားတို့သည် အိမ်မွေးတိရစ္ဆာန်တို့ကို အပြင်ထွက်သည့်အခါ အဖော်လေးအဖြစ် ခေါ်ဆောင်သွားလေ့ရှိကြသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ Muhammad Amir Mustapa အမည်ရှိသော အသက် ၂၉နှစ်အရွယ် အမျိုးသားသည် အိမ်မွေးတိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်ပြီး သွားလေရာ ခေါ်ဆောင်သွားခြင်းဖြင့် လူသိများလာခဲ့သည်။


အမျိုးသားသည် ထူးခြားစွာဖြင့် ဆိုင်ကယ်စီးသည့်အခါတိုင်းတွင် နောက်ကနေ သို့မဟုတ် သူဧ။်ကိုယ်ပေါ်တွင် ကြောင်တစ်ကောင်နှင့် ကြက်ဖတစ်ကောင်အား တင်သွားတင်လာလေ့ရှိသည်။


ထိုသို့ လုပ်ဆောင်ခြင်းက သူ့အတွက် နေ့စဥ်လုပ်ရိုးလုပ်ထုံးဖြစ်သော်လည်း ဆိုင်ကယ်ခေါ်တင်စီးခြင်းဖြင့် မတော်တဆ ပြုတ်ကျသွားမည်ကို စိုးရိမ်နေကြခဲ့ရာ သူဧ။် တိရစ္ဆာန်လေးများသည် ငြိမ်သက်စွာ စီးနင်းလိုက်ပါတတ်ပြီး သူ့စကားကိုလည်း နာခံတတ်သည်ဟု သိရသည်။


အမျိုးသားအား တိရစ္ဆာန်လေးတွေခေါ်တင်လာသည်ကို တွေ့ရှိသူတိုင်းက အံ့အားသင့်ခဲ့ကြပြီး ဓာတ်ပုံများရိုက်ခဲ့ကြရင်း လူမှုကွန်ယက်တွင် မျှဝေပြီးနောက် နာမည်ကြီးလာခဲ့သည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Leave a Comment