Uncategorized

လက်နှစ်ဖက်စလုံးမပါဘဲ မွေးဖွားလာခဲ့ကြပေမဲ့ ဘဝကို ပျော်ရွှင်စွာ ရှင်သန်ပြီး လူအများကိုပါ inspired ဖြစ်စေတဲ့ သားအမိနှစ်ဦး

သင်ဟာ သာမန်လူများနှင့်မတူဘဲ ခန္ဓာကိုယ်အင်္ဂါမပြည့်စုံခြင်းဖြင့် လူ့လောကကြီးထဲမှာ မွေးဖွားလာခဲ့ရင် သင်ဘာလုပ်နေမိမှာပါသလဲ။အခုဖော်ပြပေးမဲ့ အမေဖြစ်သူ Linda နှင့် သားဖြစ်သူ Timmy Bannon တို့အတွက် ဒီမေးခွန်းက ထူးဆန်းနေပေမဲ့ သူတို့မှာ တူညီတဲ့အဖြေတစ်ခုရှိနေပါတယ်။အဲ့တာကတော့ ကောင်းမွန်တဲ့ဘဝကို ရှင်သန်ပါဆိုတဲ့အဖြေပါဘဲ။သင့်အမြင်မှာ သူတို့သားအမိဟာ သူတို့ကိုယ်သူတို့အား သာမန်လူဘဲလို့ထင်မြင်နေတာကို တွေ့ရမှာပါ။ဟုတ်ပါတယ် သူတို့သားအမိမှာ လက်နှစ်ဖက်လုံးမရှိပါဘူး၊ သို့ပေမဲ့ သူတို့ဟာ သူတို့ကိုယ်သူတို့အား အခြားသူတွေနဲ့မခွဲခြားထားပါဘူး။သူတို့ဟာ သာမန်လူတွေလိုပါဘဲ။အဆိုပါသားအမိဟာ စာရေးခြင်း ၊ ကိုယ့်ကိုကိုယ်ထမင်းခွံ့စားခြင်းတို့အပါအဝင် အခြားသောအရညများစွာကို ပြုလုပ်ရန် သူတို့ခြေထောက်များကို လက်နှစ်ဖက်အစားအသုံးပြုကြပါတယ်။

အဆိုပါသားအမိဟာ သန့်စင်ခန်းအသုံးပြုဖို့အတွက် အခြားလူတစ်ယောက်ရဲ့အကူအညီကို လိုကောင်းလိုပါလိမ့်မယ်။သို့ပေမဲ့ အဆိုပါသားအမိဟာ သာမန်လူတွေကဲ့သို့ ၎င်းတို့ရဲ့ဘဝကို ပျော်ရွှင်စွာ ရှင်သန်နိုင်ဖို့ သင်ယူခဲ့ကြတာက အတော်လေးကို လေးစားစရာကောင်းတယ်လို့ ကျွန်တော်တွေးထင်မိပါတယ်။သူတို့သားအမိဟာ သင်မထားလောက်အောင်ကို ရေကူးတဲ့နေရာမှာ ကျွမ်းကျင်ပါသေးတယ်။ရေကူးကန်ထဲက ရေကူးနေတဲ့သူတို့သားအမိရဲ့ရေကူးစကေးကိုတွေ့လိုက်ရရင်တော့ သင်အံ့ဩသွားမိမှာအမှန်ပါဘဲ။ဗီဒီယိုကြည့်ခြင်းအားဖြင့် သူတို့ဟာ ဘယ်လောက်တောင် positive အတွေးများရှိပြီး လူအများအား ဘယ်လောက်တောင် inspired ဖြစ်စေလဲဆိုတာကို တွေ့မြင်ကြရမှာပါ။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Zawgyi

Leave a Comment