Daily News

လေဆိပ်တွင် ခရီးဆောင်အိတ်မှ ဝန်ဆောင်ခပိုမပေးချင်၍ မိနစ် ၂၀အတွင်း လိမ္မော်သီး ၃၀ကီလိုဂရမ်ကို စားခဲ့ကြသော အမျိုးသား ၄ယောက်

လေယာဥ်စီးသည့်အခါ ခရီးသည်များအတွက် ကုန် ပစ္စည်းသယ်ဆောင်ခမှာ ကန့်သတ်ထားပြီး ကျော်လွန်ပါက ပိုပေးရသည့်စနစ်ဖြစ် ထားရှိသည်။


သို့ဖြစ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းလေဆိပ်တစ်ခုတွင် အမျိုးသား ၄ယောက်သည် ခရီးစဥ်သို့ လိုက်ပါစဥ် သယ်ဆောင်လာသော ပစ္စည်းမှာ ကန့်သတ်ထားသည်ထက် ကျော်လွန်နေခဲ့သည်။


လူငယ် ၄ယောက်မှာ စျေးထဲရှိ လတ်ဆတ်သော လိမ္မော်သီးများကို ဝယ်ယူခဲ့ရာ လေဆိပ်တွင်လည်း အပိုသယ်ဆောင်ခ မပေးလို၍ စားမည့်အတူတူ မထူးပူးဆိုပြီး လေးယောက်သား တစ်ထိုင်တည်းနှင့် လိမ္မော်သီး ၃၀ကီလိုဂရမ်ကို စားပစ်ခဲ့ရာ မိနစ် ၂၀သာ ကြာခဲ့သည်။


စားပြီးသည်နှင့် နှုတ်ခမ်းများ ပေါက်ကုန်၍ ယွမ် ၃၀၀ကုန်ကျမည့်အရေးကို မပေးချင်သည့်အဖြစ်အား နောင်တရသည်ဟု ဆိုကာ ထိုအဖြစ်ကို သိရှိသောသူများမှ ထိုလူငယ်တို့အား ရယ်မောခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi

ေလဆိပ္တြင္ ခရီးေဆာင္အိတ္မွ ဝန္ေဆာင္ခပိုမေပးခ်င္၍ မိနစ္ ၂၀အတြင္း လိေမၼာ္သီး ၃၀ကီလိုဂရမ္ကို စားခဲ့ၾကေသာ အမ်ိဳးသား ၄ေယာက္


ေလယာဥ္စီးသည့္အခါ ခရီးသည္မ်ားအတြက္ ကုန္ ပစၥည္းသယ္ေဆာင္ခမွာ ကန္႔သတ္ထားၿပီး ေက်ာ္လြန္ပါက ပိုေပးရသည့္စနစ္ျဖစ္ ထားရွိသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ရွိ ကူမင္းေလဆိပ္တစ္ခုတြင္ အမ်ိဳးသား ၄ေယာက္သည္ ခရီးစဥ္သို႔ လိုက္ပါစဥ္ သယ္ေဆာင္လာေသာ ပစၥည္းမွာ ကန္႔သတ္ထားသည္ထက္ ေက်ာ္လြန္ေနခဲ့သည္။


လူငယ္ ၄ေယာက္မွာ ေစ်းထဲရွိ လတ္ဆတ္ေသာ လိေမၼာ္သီးမ်ားကို ဝယ္ယူခဲ့ရာ ေလဆိပ္တြင္လည္း အပိုသယ္ေဆာင္ခ မေပးလို၍ စားမည့္အတူတူ မထူးပူးဆိုၿပီး ေလးေယာက္သား တစ္ထိုင္တည္းႏွင့္ လိေမၼာ္သီး ၃၀ကီလိုဂရမ္ကို စားပစ္ခဲ့ရာ မိနစ္ ၂၀သာ ၾကာခဲ့သည္။

စားၿပီးသည္ႏွင့္ ႏႈတ္ခမ္းမ်ား ေပါက္ကုန္၍ ယြမ္ ၃၀၀ကုန္က်မည့္အေရးကို မေပးခ်င္သည့္အျဖစ္အား ေနာင္တရသည္ဟု ဆိုကာ ထိုအျဖစ္ကို သိရွိေသာသူမ်ားမွ ထိုလူငယ္တို႔အား ရယ္ေမာခဲ့ၾကသည္။

Hlaing (Love Feeling)

Leave a Comment