Daily News

ပြသာနာအရှာတတ်ဆုံးဆုပေးရင် အထူးဆုတောင် ရသွားနိုင်တဲ့ အမွှေအနှောက်အကောင်းဆုံး တိလေးများ

မင်္ဂလာပါ။တိရစ္ဆာန်လေးတွေဆိုတာ သိပ်ကိုချစ်ဖို့ကောင်းသလောက် အရမ်းကိုလည်း ဆော့ကစားတတ်ကြတဲ့ ကလေးတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲ သောင်းကျန်းဆော့ထားပါစေ သူတို့ရဲ့ သနားခံတတ်တဲ့ အကြည့်လေးတွေကြောင့်လည်း စိတ်ပြေသွားရတာပါပဲ။ အခုဖော်ပြပေးမယ့် တိရစ္ဆာန်လေးတွေရဲ့ ကဲချက်ကတော့ သင့်ကိုခေါင်းတောင်ကိုက်သွားစေနိုင်ပါတယ်။ ကဲချက်က လက်လန်တော့ တစ်နှစ်တာရဲ့ ပြသာနာ အရှာနိုင်ဆုံးဆုသာရှိရင် သူတို့ကိုပေးချင်စိတ်ပေါ်လာမှာ အသေအချာပါပဲ။

(၁)


ဘယ်လောက်ပဲ သန့်ရှင်းအောင် ထားပေးပါစေနော်..

အဖော်ရှိနေတော့ ရွှံ့ထဲလဲ သွားလူးနေကြတော့တာပဲ။ ကွာခြားချက်လေးကိုလည်း တစ်ချက်ကြည့်လိုက်ကြပါအုံး…

နင်တို့တော့နော်..ရေခဏခဏချိုးချင်ပြီထင်ပါရဲ့..

(၂)


အေးအေးဆေးဆေး ရေချိုးကန်လေးထဲမှာ အနားယူမယ်ကြံစည်ထားပေမယ့်လည်း

အိမ်မှာ မွှေနှောက်စိန်ကြောင်လေးတွေကိုမှ မွေးထားမိတဲ့အခါမှာတော့…

(၃)


လမ်းခင်းပြီးသွားရင် ခွေးတို့ကြောင်တို့ တက်နင်းမှာပဲ စိုးရိမ်ရတာပါ။

အခုတော့ လိပ်ကတောင် အသစ်စက်စက်ခင်းပြီးကာစ လမ်းကို ပျက်စီးအောင် လုပ်နေပြီ။

ဒါဘယ်သူ့ကိုမှ လျှော့တွက်လို့မရဘူးဆိုတာ အသိပေးလိုက်သလိုပဲ။

(၄)


ငါသောက်နေတဲ့ ကော်ဖီခွက်ထဲလည်း စပ်စပ်စုစု လာနှိုက်ကြည့်သေးတယ်။

ခုမှ လက်ကို ကော်ဖီစိုသွားတော့ စိတ်ပျက်သွားတယ်တဲ့လား…

(၅)


သီးသန့်နေတတ်တဲ့အလေ့အကျင့်ဆိုတာ တို့မှာမရှိဘူးလေ..

(အောက်က ကောင်လေးရဲ့ ရုပ်က အသက်)

(၆)


လက်ပူးလက်ကြပ်မိတာတောင် မင်းက မသိခြင်ထောင်ထောင် အဲ..မသိချင်ယောင်ဆောင်နေအုံးမယ်ပေါ့လေ..

ရုပ်ကိုက သူမသိပါဘူးဆိုတဲ့ ရုပ်နဲ့ ..

(၇)


အဲ့ဒီစောင်အသစ်ကြီၤး မကြိုက်ပါဘူးလို့ ပြောသားပဲ သခင်မှ မလဲပေးတာ..

ဒီတော့ ကိုယ်ဖြစ်ချင်တာ ဖြစ်အောင် မရရတဲ့ နည်းနဲ့ ကြံစည်ရမှာပဲ။

(၈)


“ငါ့အိပ်ရာပေါ်မှာ လာလှဲနေတယ်ပေါ့လေ…

အိုကေပါ ရတယ်..ငါတက်ဖိထားတာ နင်ဘယ်အချိန်ထိ ခံနိုင်မလဲ စောင့်ကြည့်ရတာပေါ့”

(၉)


“သား ဘာလုပ်မိလို့လဲ..ကလေးက ဒီအတိုင်း အရွက်လေးတွေကို စားနေတာပါ”

သံသယမျက်လုံးတွေနဲ့ မကြည့်ပါနဲ့. အစာခွက်က လေတိုက်လို့ လန်သွားတာဖြစ်ရင်ဖြစ်မှာပေါ့

(၁၀)


မြန်မြန်လေးယူလိုက်တာပဲ အခုလို လက်ပူးလက်ကြပ်မိသွားတော့

ပါးစပ်ထဲကဟာကို ပြန်ပဲ ထုတ်ပေးရတော့မလား မြောင် မသဲကွဲတော့ဘူးနော်။

(၁၁)


တစ်ဖက်က ဇလုံကိုလည်း သံယောစဉ်က မပျက်သေးဘူး ဟိုဘက်ကိုလည်း သိပ်စပ်စုချင်နေပြီဆိုတာ့ ဒီလိုလုပ်လိုက်တယ်လေ..

လှေနံနှစ်ဖက်နင်းတယ်ဆိုချင်ဆို..ကိုယ့်သဘောနဲ့ကိုယ်ပဲ။

(၁၂)


“ဟိုးအပြင်မှာရှိတဲ့ ပန်းခြံကိုမြင်လား…

အဲ့နေရာကို မ ခေါ်မသွားမချင်း အလုပ်လုပ်ရမယ်မထင်နဲ့နော် သခင်”

(၁၃)


“အရင်တစ်ပတ်က သခင်အဲ့နေရာမှာ တစ်ခုခုကို တူးပြီး ထည့်နေတာတွေ့တယ်။

သေချာတယ်..ဒါ ငါ့အစာကို ဖွက်နေတာပဲဖြစ်ရမယ်။ ဒါမျိုး ဘယ်ရမလဲ..ရအောင် ပြန်ယူရမယ်”

နင့်အစာ ထင်တာ အကြောင်းမဟုတ်ဘူး..အပင်လေးတော့ သွားရှာပြီ….

(၁၄)


“အဲ့ဒီလှောင်အိမ်လေးက မြောင်အတွက်လား…သားအတွက်လား

အခုတော့ သူယူသွားပြီ ။ သခင်ပြန်တောင်းပေးနော်..နော်”

(၁၅)


“အပင်တွေကြားထဲမှာ အန္တရာယ်ရှိပစ္စည်းတွေ ဖွက်ထားမှာစိုးလို့ ရှာပေးတာပါ။

မြောင့်ကို အပင်တွေဖျက်ဆီးတတ်တယ်လို့ မဆိုလိုက်ပါနဲ့”

(၁၆)


သတင်းစာတွေ နေ့တိုင်းနီးပါး ပျောက်နေလို့ သတိထားစောင့်ကြည့်တော့မှပဲ တရားခံလေးတွေကို ရှာတွေ့တော့တယ်။

သူတို့က သတင်းစာတွေကို ဘာလုပ်မလို့ပါလိမ့်။

(၁၇)


“သခင်အနေနဲ့ သားအတွက် ဗီရိုထဲမှာ ထိုင်ဖို့အတွက် အခန်းတစ်ခန်းရှင်းလင်းပေးထားစေချင်ပါတယ်။

အဲ့လိုမှ မရှင်းထားရင် သားကတော့ ရှိသမျှ အဝတ်တွေကို တွန်းချမှာပါ။ အဲ့တော့မှ ဖွတယ်လို့ မဆူကြေးနော်”

(၁၈)


ခွေးလေးတွေဘယ်လောက်ချစ်တတ်ပဲပြောပြော …

အလုပ်လုပ်နေတုန်း ဒီလိုလာရှုပ်နေရင်တော့ စိတ်တိုတတ်ကြတယ်မလား…မှန်မှန်ပြောနော်။

(၁၉)


သစ်ပင်လေးတွေကို အမြင်အေးအောင် လမ်းဘေးမှာစိုက်ပေးထားပေမယ့်

ဒီလိုခွေးပိုင်ရှင်တွေအတွက်ကျတော့ အခက်အခဲဖြစ်ပြန်ရော

(၂၀)


ရွှံ့တောကြီးလား ခွေးလားတောင် မမှတ်မိနိုင်တော့တဲ့အထိကို သောင်းကျန်းသူလေး

(၂၁)


ကြောင်ယုတ္တိဗေဒဆိုတာ ဒါပါပဲ။

တစ်ကောင်ချင်း အေးအေးဆေးဆေး တစ်ခွက်စီစားလို့ရရဲ့သားနဲ့ တစ်ကောင်ပေါ်တစ်ကောင် ကျော်ထပ်ပြီးစားသောက်နေကြတာဆိုတော့ ဒါသူတို့သဘာဝပါပဲ။

(၂၂)


အေးကွန်ပျူတာ ကီးဘုတ်တွေပေါ်မှာ မထိုင်ရဘူးဆိုလို့ မထိုင်ဘူးနော်။

စခရင်ပေါ်မှာပဲ ထိုင်နေတာ

(၂၃)


နောက်ဆုံးတော့ ငါ့အတွက် ထိုင်ဖို့နေရာအကောင်းဆုံး တွေ့ခဲ့ပြီ။

တကယ်ပါ ဘယ်လိုဂွကျတဲ့ ကြောင်လေးပါလိမ့်နော်။

သူ့အတွက်အကောင်းဆုံး မွေ့ယာနှစ်ခုတောင် ဝယ်ထားပေးတာကို လွတ်နေတဲ့ နေရာမှာ ထိုင်နေပုံလေးက …

(၂၄)


သူများနေရာကိုမှ လွန်လွန်ကျူးကျူးနော်။

အိမ်ရှင်ကိုမှ အားမနာ။

(၂၅)


တစ်ယောက်ယောက်လောက်လာပြီး ဘာသာပြန်ပေးလိုက်ကြပါ။

ကလေးက စာရေးနေတာပါ။ ပန်းအိုးကို ခွဲလိုက်တာ မဟုတ်ရပါဘူး။

ချစ်စရာလည်းကောင်းသလောက် အမွှေအနှောက်လည်း အရမ်းတော်တဲ့ တိလေးတွေကို ဆုပေးရမယ်ဆိုရင်ဖြင့် တစ်နှစ်တာရဲ့ ပြသာနာအရှာတတ်ဆုံးဆုတောင် အထူးဆုပေးရမယ်ထင်တယ်နော်။

ဘာပဲဖြစ်ဖြစ် သူတို့လေးတွေကို မေတ္တာမပျက်ပါဘူးဆိုတဲ့ သူတွေရှိရင်လည်း ကောမန့်မှာ ပြောပေးသွားကြအုံးနော်..ဘယ်နယောက်တောင် ရှိမလဲသိချင်လို့။

Credit-Shwenyanshin

Leave a Comment