Daily News
Rain (For Ialinks)
Unicode
လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားပြီး မွေးနေ့တုန်းကရထားသည့် မုန့်ဖိုးတွေနှင့်အတူ မိခင်ဖြစ်သူကို စိန်လက်စွပ်လေးတစ်ကွင်း ဝယ်ပေးခဲ့သည့် သားလိမ်မာလေး
တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ ကုန်တိုက်တစ်ခုမှ တန်ဖိုးကြီးလက်ဝတ်ရတနာအရောင်းဆိုင်တစ်ခုတွင် အသက် ၁၀နှစ်အရွယ် ကောင်လေးမှ မိခင်ဖြစ်သူအတွက် စိန်လက်စွပ်လေးတစ်ကွင်း လာရောက်ဝယ်ပေးခဲ့သည့် မြင်ကွင်းလေးသည် လူမှုကွန်ယက်တွင် နာမည်ကြီးလာခဲ့သည်။
ကောင်လေးသည် ကျောင်းတက်နေစဥ် အတန်းထဲရှိ သူငယ်ချင်းများဧ။် အမေတွေမှာ စိန်လက်စွပ် ကိုယ်စီဝတ်ထားကြပြီး မိခင်ဖြစ်သူမှာတော့ စားဝတ်နေရေးကို ပြန်ငဲ့ကာ အခြားသူများလို လိုချင်သော်လည်း မျိုသိပ်ထားခဲ့သည်။
ထိုအဖြစ်ကို သိရှိသော ကောင်လေးမှာ သူဧ။်မွေးနေ့တုန်းက ရထားသော မုန့်ဖိုးယွမ် ၈၈၀၀နှင့် မိခင်ဖြစ်သူကို လက်ဆောင်ဝယ်ပေးချင်လို့ဆိုပြီး စိန်ထည်အရောင်းဆိုင်သို့ ခေါ်သွားခဲ့ကာ စိန်လက်စွပ်လေး ဝယ်ပေးခဲ့သည်။
ကောင်လေးဧ။် ငယ်ရွယ်သော်လည်း မိခင်ဖြစ်သူအပေါ် ကြင်နာတတ်တာကြောင့် ထိုသို့သားလိမ်မာလေးရထားသည့်အတွက် ကံကောင်းသည်ဟု ဆိုခဲ့ကြသည်။
Rain (For Ialinks)
Leave a Comment