Fri. May 27th, 2022
August 27ရက်နေ့ မနက်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားစွဲခံထားရသော B.Iမှ သူ၏ပထမဆုံး ကြားနာမှုတရားခွင်ကို တက်ရောက်ခဲ့ပါတယ်
ယနေ့တွင် iKonအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ B.Iအား တရားရုံးမှ ဆေးခြောက်သုံးစွဲမှု သုံးမှု၊ တရားမဝင်LSDရောင်းဝယ်မှု တစ်မှုတို့အတွက် ထောင်ဒဏ်သုံးနှစ်နှင့် ဝမ်1.5သန်း ချမှတ်ခဲ့ပါတယ်။
ထို့နောက် B.I ၏ ရှေ့နေဘက်မှ “B.I က သူရဲ့ အပြစ်‌တွေအားလုံးကို ဝန်ခံခဲ့ပြီး သူ့ကိုယ်သူ လေးလေးနက်နက် ပြန်သုံးသပ်နေပါပြီ။ ဒါတွေကလည်း Public Figure တစ်ယောက်အနေနဲ့ နှောင့်ယှက်ခံရမှုတွေ ၊ ဖိအားတွေကြောင့် ဖြစ်သွားတာပါ။
ပြစ်မှုကျူးလွန်တုန်းက B.Iက 19နှစ်သာ ရှိသေးပြီး စိတ်ထွက်ပေါက်အတွက် ကျူးလွန်ခဲ့မိခြင်းသာ ဖြစ်တယ်။ပြီးတော့ B.Iမှာ တခြားပြစ်မှုလည်း မရှိပါဘူး။ ပွဲဦးထွက် ကတည်းက အကျိုးအမြတ်ကို မကြည့်ဘဲ လူမှုအသိုင်းအဝိုင်းအတွက် အလှူအတန်းတွေလည်း များစွာပြုလုပ်ခဲ့ပါတယ်
။ မကြာသေးမှီက ထုတ်ထားတဲ့ albumကလည်း အလှူအတန်းအတွက် အပိုင်းတစ်ပိုင်းသာ ဖြစ်ပါတယ်။”လို့ တရားရုံးကို လျှောက်လဲချက်တင်ပြခဲ့ပါတယ်။
တရားရုံးမှ B.Iအား ကိုယ်တိုင်လျှောက်လဲချက် တစ်ခုတင်ပြဖို့။ အခွင့်အရေးပေးခဲ့ရာ သူက ” အရူးတစ်ယောက်လိုမျိုး အမှားတစ်ခုကို အတိတ်မှာ ကျူးလွန်မိခဲ့မိပါတယ်။ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးတာကြောင့်လည်း ပါပါတယ်။ ကျွန်တော့်အမှားအတွက် တော်တော်လေး နောင်တရပါတယ်။ ကျွန်တော့်မိသားစုကိုလည်း နာကျင်စေမိပြီ။
တခါတလေ အသက်ဆက်မရှင်ချင်တော့တဲ့အထိကို ဖ်ြစမိပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း အချိန်အတိုင်းအတာတစ်ခုယူပြီး ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ကြည့်ပါတယ်။ ဒီလိုအမှားမျိုး လုံးဝထပ်လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တန်ဖိုးထားရတဲ့ သူတွေကိုလည်း ကာကွယ်ပေးချင်ပါသေးတယ်။”လို့ပြောဆိုသွားခဲ့ပါတယ်။
ထို့အပြင်B.I၏ဖခင်လည်း ယနေ့ကြားနာမှုကို တက်ခဲ့ပြီး တရားသူကြီးများ၏ ရှေ့တွင်စကားပြောဆိုခွင့်ကိုတောင်းဆိုခဲ့ပါတယ်။ ၎င်းမှ “ကျွန်တော့်သားကို ဒီထပ်ပိုပြီး ပညာစုံအောင် သင်ပေးခဲ့သင့်တာ။ အားလုံးကျွန်တော့အမှားပါ။ ကျေးဇူးပြုပြီး ကျွန်တော့်သားကို သက်ညှာပေးပါ”ဟု မျက်ရည်များနဲ့ တောင်းဆိုခဲ့ပါတယ်။
Written Kay kay
Source Alkpop
One Daily Media
zawgyi
Written Kay kay
Source Alkpop
One Daily Media
Leave a Reply
Your email address will not be published.