Uncategorized

ဘောင်းဘီပြဲဝတ်ထားသော ကျောင်းသားလေးအား ကြင်နာစွာ အပ်လေးနှင့် ပြန်ချုပ်ပေးခဲ့သည့် ဆရာမလေး

ဗီယက်နမ်နိုင်ငံမှ မူလတန်းကျောင်းဆရာမလေးသည် တပည့်လေးတွေအပေါ် ပညာသင်ကြားပေးရုံသာမက နွေးထွေးကြင်နာစွာ ဆက်ဆံသော အပြုအမူလေးတွေကြောင့် လူမှုကွန်ယက်တွင် နာမည်ကြီးလာခဲ့သည်။


ဆရာမလေးသည် အတန်းထဲတွင် ပေါက်ပြဲနေသော ဘောင်းဘီကို ဝတ်ပြီးကျောင်းလာတတ်သည့် တပည့်လေးတစ်ယောက်ကို မြင်လိုက်သည်နှင့် စိတ်မကောင်းဖြစ်မိရာ ကိုယ်တိုင်အပ်ချည်နှင့် အပ်ကိုယူလာပြီး ပြန်ချုပ်ပေးခဲ့သည်။


ဆရာမလေးသည် ကျောင်းသားလေးတွေအပေါ် ဂရုတစိုက်နှင့် စေတနာထား ချစ်ပေးတာကြောင့် တပည့်လေးများသည်လည်း ကျောင်းတက်ရတာ ပျော်ရွှင်ရသလို ကလေးမိဘတွေမှာလည်း ဆရာမလေးနှင့်ဆို သူတို့ကလေးတွေတစ်ခုခုဖြစ်မှာကို စိတ်မပူရတော့ပူးဟု ဆိုကြကာ ချီးမွမ်းခဲ့ကြသည်။


Hlaing (Love Feeling)

Zawgyi

ေဘာင္းဘီၿပဲဝတ္ထားေသာ ေက်ာင္းသားေလးအား ၾကင္နာစြာ အပ္ေလးႏွင့္ ျပန္ခ်ဳပ္ေပးခဲ့သည့္ ဆရာမေလး

ဗီယက္နမ္ႏိုင္ငံမွ မူလတန္းေက်ာင္းဆရာမေလးသည္ တပည့္ေလးေတြအေပၚ ပညာသင္ၾကားေပး႐ုံသာမက ေႏြးေထြးၾကင္နာစြာ ဆက္ဆံေသာ အျပဳအမူေလးေတြေၾကာင့္ လူမႈကြန္ယက္တြင္ နာမည္ႀကီးလာခဲ့သည္။

ဆရာမေလးသည္ အတန္းထဲတြင္ ေပါက္ၿပဲေနေသာ ေဘာင္းဘီကို ဝတ္ၿပီးေက်ာင္းလာတတ္သည့္ တပည့္ေလးတစ္ေယာက္ကို ျမင္လိုက္သည္ႏွင့္ စိတ္မေကာင္းျဖစ္မိရာ ကိုယ္တိုင္အပ္ခ်ည္ႏွင့္ အပ္ကိုယူလာၿပီး ျပန္ခ်ဳပ္ေပးခဲ့သည္။


ဆရာမေလးသည္ ေက်ာင္းသားေလးေတြအေပၚ ဂ႐ုတစိုက္ႏွင့္ ေစတနာထား ခ်စ္ေပးတာေၾကာင့္ တပည့္ေလးမ်ားသည္လည္း ေက်ာင္းတက္ရတာ ေပ်ာ္႐ႊင္ရသလို ကေလးမိဘေတြမွာလည္း ဆရာမေလးႏွင့္ဆို သူတို႔ကေလးေတြတစ္ခုခုျဖစ္မွာကို စိတ္မပူရေတာ့ပူးဟု ဆိုၾကကာ ခ်ီးမြမ္းခဲ့ၾကသည္။

Hlaing (Love Feeling)

Leave a Comment