Uncategorized
အရပ်ပုတုတုလေးဖြစ်နေတာကြောင့် လမ်းမပေါ်တွင် မီးနီမိသောအခါ ထောက်ထားဖို့ရာ ခြေထောက်မမှီ၍ ဆိုင်ကယ်ပေါ်က ဆင်းပြီးစောင့်နေရသော မိန်းကလေးနှစ်ယောက်ဧ။်အဖြစ်
လူတိုင်းက ပုမှနုသည်ဟု ဆိုကြပြီး ဂျပုမလေးတွေကသာ ချစ်ဖို့အကောင်းဆုံးဟု ဆိုကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ မြို့ထဲလမ်းမပေါ်တွင် ညဖက်ကြီး ဆိုင်ကယ်မောင်းနှင်လာသော မိန်းကလေးနှစ်ယောက်ဧ။် အဖြစ်အပျက်သည် လူမှုကွန်ယက်အသိုင်းအဝိုင်းကို ရယ်မောစေခဲ့သည်။
အကြောင်းမှာ မိန်းကလေးသူငယ်ချင်းနှစ်ယောက်သည် ဆိုင်ကယ်စီးလာရင်း မီးပွိုင့်တစ်ခုတွင် မီးနီမိသွားသည့်ချိန်တွင် အခြားသူများလို ခြေထောက်လေးနှင့် လှမ်းထောက်ထား၍ မရပဲ အရပ်ပုနေကာ ထောက်မရဖြစ်နေခဲ့သည်။
ထို့ကြောင့် မိန်းကလေးနှစ်ယောက်သည် မီးစိမ်းလာမည်ကို ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ဘေးတွင်ရပ်စောင့်နေခဲ့ရသည်။
ထိုအဖြစ်ကို မြင်တွေ့သူများမှာ ဂျပုမလေးတို့ဧ။်ခံစားချက်အား နားလည်မိစေသော်လည်း ရယ်မောမိပြီး ထိုလုပ်ရပ်မျိုးက အန္တရာယ်များလှ၍ ကိုယ်နှင့်လိုက်ဖက်သည့် ဆိုင်ကယ်လေးသာ ရွေးချယ်စီးရန် အကြံပြုခဲ့ကြသည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
Leave a Comment