Uncategorized
စက်ဘီးစုတ်လေးစီးကာ ညဖက်တွေထိ အမှိုက်များလိုက်ကောက်ပြီး ရောဂါသည်မိခင်ဖြစ်သူကို လုပ်ကျွေးနေသည့် ကောင်လေး
ဗီယက်နမ်နိုင်ငံမှ အသက်၉နှစ်အရွယ်သာ ရှိသေးသော ကောင်လေးသည် လောကဓံ တရားကြီးဧ။် ရိုက်ခတ်မှုကို အရွယ်နှင့်မလိုက်အောင် ခံစားနေရပြီး သနားစရာ ချီးကျူးစရာလည်း ကောင်းလှသည်။
ကောင်လေးသည် ဒုတိယတန်းတွင် ပညာသင်ကြားနေပြီး ဖခင်ဖြစ်သူမှာ ဆုံးပါးသွားသည့်အထဲ မိခင်ဖြစ်သူကလည်း ရောဂါသည်တစ်ဦးဖြစ်ကာ မလုပ်နိုင်မကိုင်နိုင်နှင့် အိပ်ရာထဲလှဲနေရသည်။
ထို့ကြောင့် မိသားစုဧ။် အိမ်သုံးစရိတ် စားဝတ်နေရေးမှာ ၉နှစ်အရွယ် ကောင်လေးမှလွဲပြီး အခြားမရှိ၍ စားစရာရှိမရှိ ကောင်လေးဧ။်တာဝန်ဖြစ်ခဲ့ရသည်။
ကောင်လေးသည် နေ့စဥ် လမ်းမပေါ်ထွက်၍ ကျောင်းပိတ်ရက်တွေမှာ နေ့ခင်းဖက်ကတည်းက စက်ဘီးစုတ်တစ်စီးနှင့်အတူ အမှိုက်များ ဗူးခွံများလိုက်ကောက်ကာ ရောင်းချရင်း အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်။
ကောင်လေးသည် ညဖက်တွေထိပင် မနားရသေးပဲ မိသားစုတွက် ရုန်းကန်ရပြီး အိမ်ပြန်ရောက်ခါကျတော့လည်း မိခင်ဖြစ်သူကို ကျွေးမွေးပြုစုရင်းနှင့် ဘဝကို အရှုံးမပေးပဲ ကြိုးစားလုပ်ဆောင်နေခြင်းဖြင့် အများမှ ချီးကျူးခဲ့ကြသည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
Leave a Comment