Daily News










Hlaing (Love Feeling)

Unicode

တမူထူးခြားစွာဖြင့် ဒင်္ဂါပြားပေါင်း ၅၀၀၀၀ကို အသုံးပြုပြီး ခင်းကျင်းထားသည့် အကြွေစေ့ကြမ်းပြင်

တောင်အာဖရိကတွင် နေထိုင်သော Karmen Swanepoelအမည်ရှိ အမျိုးသမီးတစ်ဦးသည် ဒေသရှိ ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်တစ်ဦးဖြစ်ပြီး သူမဧ။်ကိုယ်ပိုင်အိမ်ငယ်လေးကို အမိုက်ဆုံးသော ဒီဇိုင်းများနှင့် ဖန်တီးအလှဆင်လိုခဲ့သည်။


ထို့နောက် အမျိုးသမီးသည် လိုင်းပေါ်ကနေပြီး အိမ်တွင်းအလှဆင် ဒီဇိုင်းများကို လိုက်လံကြည်ရှုခဲ့ရာ အမေရိကန်နိုင်ငံမှ မိန်းကလေးတစ်ဦးဧ။် အကြွေစေ့ကြမ်းပြင်ကို တွေ့ရှိပြီးနောက် အလွန်သဘောကျခဲ့သည်။


ထို့ကြောင့် အမျိုးသမီးသည် တစ်မြို့လုံးရှိ ဘဏ်များတွင် အသုံးပြုမရတော့သည့် ဒင်္ဂါပြားဟောင်းများကို ငွေသားနှင့် လဲလှယ်ကာ စုဆောင်းခဲ့သည်။


နောက်ဆုံးတွင် အမျိုးသမီးသည် အိမ်ရှိကြမ်းပြင်အားလုံးကို ဒင်္ဂါပြားများနှင့် အနုစိပ်ခင်းကျင်းကာ လိုချင်သောပုံစံအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။

Hlaing (Love Feeling)

Leave a Comment