Asia Celebrity
K -Pop Idolအနေဖြင့်သာမက သရုပ်ဆောင်ဘက်တွင်လည်း နာမည်ရသော Idolများ
K -Pop Idolအနေဖြင့်သာမက သရုပ်ဆောင်ဘက်တွင်လည်း နာမည်ရသော Idolများ
တောင်ကိုရီးယားတွင် K-Pop Idol Groupတစ်ခုရဲ့ သက်တမ်းမှာ သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ စာချုပ်အပေါ် များစွာမူတည်ပါတယ်။ များသောအားဖြင့် K-Pop Groupတွေဟာ သူတို့ရဲ့ angencyနဲ့ မူလစာချုပ်ဖြစ်တဲ့ 7နှစ်ပြီးသွားရင် disbandဖြစ်သွားတာ ၊ groupအဖြစ်နဲ့ activity တွေ ဆက်မလုပ်ဖြစ်တော့တာ များပါတယ်။ ဒါက “Seven-year Jinx”ဆိုတဲ့ စကားလုံပေါ်လာရခြင်းရဲ့ အကြောင်းအရင်းပါ။ ထို့ကြောင့် Idolအချို့က variety showတွေ၊ drama တွေ ရုပ်ရှင်ဇာတ်လမ်းများစသော အခြားအနုပညာနယ်ပယ်များသို့ ကူးပြောင်းသွားရခြင်း ဖြစ်တယ်။
ညံ့ဖျင်းတဲ့ သရုပ်ဆောက်ချက်တွေကြောင့် ဝေဖန်ခံရတဲ့ Idolများစွာရှိသော်လည်း ကောင်းမွန်သာလွန်တဲ့ acting skillတွေကြောင့် ချီးမွမ်းခံရတဲ့ idol memberတွေလည်းရှိပါတယ်။ တချို့ဆို idolတစ်ယောက်အနေထက် actorတစ်ယောက်အဖြစ်သာ ထင်ရှားကြပါတယ်။
ZE:A’s Siwan
2010ခုနစ်တွင် ZE:A ရဲ့memberတစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့တဲ့ Siwanသည် Idolတစ်ဦးအနေဖြင့် ပရိတ်သတ်များ၏ attentionကို များစွာ မရရှိခဲ့ပါဘူး။
ထို့နောက် နာမည်ကြီး Dramaတစ်ခုဖြစ်တဲ့ “Moon Embracing The Sun”တွင် Heo Yeom၏ ငယ်ဘဝအဖြစ်နဲ့ ပါဝင်ခဲ့တယ်။
ဒါက သူရဲ့ ပထမဆုံး dramaဖြစ်သော်လည်း သူ၏ visualနှင့် ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်များကြောင့် လူသိများခဲ့ပါတယ်။ နောက်ပိုင်းတွင် Siwanသည် drama ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှု များစွာ ရရှိလာခဲ့ပါတယ်။ အခုချိန်တွင် အများစုက Siwanကို K-POP idolနစ်ဦးအနေထက် သရုပ်ဆောင်တစ်ဦးအဖြင့်သာ သိကြပါတော့တယ်။
2PM’s Junho
Junhoကတော့ 2006ခုနှစ်တွင် “Superstar Survival”တွင် ပါဝင်ခဲ့ပြီး လူအများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။
ထို့နောက် 2008ခုနှစ်တွင် “10Points Out of 10 Points”သီချင်းဖြင့် 2PM၏ memberတစ်ဦးအနေနဲ့ Idolဘဝကို ပွဲဦးထွက်ခဲ့ပါတယ်။ပွဲဦးထွက်ပြီး မကြာမှီမှာပဲ 2PMအဖွဲ့က ပရိတ်သတ်များ၏ အားပေးမှုကို ခိုင်မာစွာရရှိခဲ့တယ်။
2011ခုနှစ်တွင် “WHITE- Curse of The Melody”တွင် ပါခဲ့ပြီးနောက် ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့ပါတယ်။
“Cold Eyes”တွင် Junho၏ အခန်းမှာ အနည်ငငယ်သာ ပါဝင်သော်လည်း Cold Eyesဆိုတာနဲ့ Junhoကိုပြေးမြင်ရလောက်တဲ့အထိ သူ၏ သရုပ်ဆောင်ချက်များကောင်းမွန်ခဲ့ပါတယ်။ Cold Eyesရုပ်ရှင်မှာလည်း ကြည့်ရှူသူ4.5သန်းနှင့် စံချိန်သစ်များ တင်ခဲ့သော ရုပ်ရှင်တစ်ခုပါ။
လက်ရှိတွင် ရုပ်ရှင်ဇာတ်လမ်းနှင့် Drama ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးလျက်ရှိပြီး သရုပ်ဆောင်တစ်ဦးအနေဖြင့် ရှေ့ဆက်လျက်ရှိတယ်။
EXO’s D.O.
EXO. ဟာ ကိုရီးယားရဲ့ ထိပ်တန်းIdol groupတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်များ၏ အားပေးမှုကို ပိုင်ဆိုင်ထားပါတယ်။
D.O.ဟာ 2012ခုနှစ်တွင်EXOရဲ့ ရှစ်ယောက်မြောက်အဖွဲ့ဝင်အနေဖြင့် ပွဲဦးထွက်ခဲ့သည်။ EXO ဟာ ပွဲဦးထွက်ထွက်ချင်းမှာပဲ Koreaရဲ့ ထိပ်တန်းအဖွ့ ဖြစ်လာခဲ့တယ်။
D.O.တစ်ယောက်ဟာ သူရဲ့သူရုပ်ဆောင်ပိုင်းကို 2014ခုနှစ်တွင် “It’s OK. That’s Love”ဇာတ်လမ်းတွဲဖြင့် စတင်ခဲ့ပါပြီး ထိုနှစ်တွင်ပဲ “51st Baeksang Art Award s”တွင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို Nomiဝင်ခဲ့ပါတယ်။
ထိုအချိန်မှ စ၍ D.O.သည် ဇာတ်ပို့ ဇာတ်ဆောင်အနေဖြင့် ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့ပြီး ဆုများစွာလည် ရရှိထားပါတယ်။
ထို့ကြောင့် D.Oဟာ K-POPပိုင်းတွင်လည်း Idolတစ်ယောက်အနေဖြင့်သာမက သရုပ်ဆောင်ပိုင်းတွင်လည်းမင်းသားတစ်ယောက်အနေဖြင့် အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်သော တစ်ဦးတည်းသော Idolသရုပ်ဆောင်တစ်ယောက်အနေဖြင့် သတ်မှတ်ခြင်းခံထားရပါတယ်။
Written Kay Kay
Source : AllKOP
One Daily Media
zawgyi
Leave a Comment