Daily News

အတုလား,အစစ်လား အငြင်းပွားစေခဲ့တဲ့ 13 ပေါင် ဧရာမဖားကြီးတစ်ကောင်

အမေရိကန်နိုင်ငံ Batesville, Texas က သဘာဝရေကန်ကြီးမှာ အပျော်တမ်းမုဆိုးတစ်ဦးက ဧရာမ ဖားကြီးတစ် ကောင်ကို ဖမ်းနိုင်ခဲ့ပါတယ်။ အဲဒီဖားကြီးကို ကြီးလွန်းလို့ Forgzilla လို့ စကားလုံးအသစ်ထွင်ကာ ရေးသားနေပေမယ့် တစ်ချို့ကတော့ ဒီဓာတ်ပုံဟာ အတုပြုလုပ်ထားခြင်းလို့ ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့် ယင်းဓာတ်ပုံကိုပင် South Texas Hunting Association အဖွဲ့က သူတို့ရဲ့ Facebook မှာ ပြန်လည် မျှဝေခဲ့ပြီး၊ ဒီဓာတ်ပုံဟာ အစစ်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အင်တာနက် အသုံးပြုသူတွေကတော့ ဖားရဲ ဦးခေါင်းမှာ အမွေးကဲသို့ အရာများရှိနေလို့ မယုံကြပါဘူး။


ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီဖားမျိုးဟာ 13 ပေါင်ထက်တောင် အလေးချိန်ရှိပြီး၊ ခေါင်းကနေ စွဲမြှောက်ထားတာမို့ အရွယ်အစားကတော့ ထင်သလောက် ကြီးမားမှုမရှိကြောင်း ဆိုပါတယ်။ ဒီဖားကို မုဆိုး Markcuz Rangel က ဖမ်းမိခဲ့တာဖြစ်ပြီး၊ လက်တစ်ဖက်မှာ ရိုင်ဖယ်ကိုကိုင်ထားပြီး၊ အခြားလက်တစ်ဖက်က ဖားကို ကိုင်မြှောက်ထားပါတယ်။

အဆိုပါဓာတ်ပုံကငိ STHA ရဲ့ မူလ Facebook စာမျက်နှာကနေ ပြန်လည်မျှဝေသူ 258769 အထိ ရှိခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံမှာ Cheryl Stewart-Williams အမည်ရ အသုံးပြုသူက ” ပထမတော့ ကျနော် တွေးတယ် .. ဖားကလည်း ကျစ်ဆံမြီးတွေဘာတွေနဲ့ပါလားပေါ့ … တကယ်တော့ အတုကြီးပါ “လို့ ရေးသားခဲ့ပါတယ်။


အခြား Ron Baia အမည်ရ အကောင့်ပိုင်ရှင်ကတော့ ” ကျွန်မခွေးလေးတောင် 12 ပေါင်ပဲရှိတာ … ဒါက မဖြစ်နိုင်တာပဲ “လို့ ရေးသားခဲ့ပါတယ်။ Texas Parks & Wildlife Department မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Steve Lightfoot က ဒီဓာတ်ပုံဟာ အစစ်ဖြစ်ကြောင်း၊ အမြင်လွဲမှားမှုကြောင့်သာ ဒီလိုအငြင်းအခုန်ဖြစ်နေတာလို့ ဆိုပါတယ်။

အခြား မှတ်ချက် ရေးသူတစ်ယောက်ကလည်း မုဆိုးက သူ့လက်ကို ပေမှာစိုးလို့ အမည်းရောင် ပုဝါ/အဝတ်ကို အသုံးပြပြီး ဖားကို မထားတာ ဖြစ်နိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။


Zawgyi

အေမရိကန္ႏိုင္ငံ Batesville, Texas က သဘာဝေရကန္ႀကီးမွာ အေပ်ာ္တမ္းမုဆိုးတစ္ဦးက ဧရာမ ဖားႀကီးတစ္ ေကာင္ကို ဖမ္းႏိုင္ခဲ့ပါတယ္။ အဲဒီဖားႀကီးကို ႀကီးလြန္းလို႔ Forgzilla လို႔ စကားလုံးအသစ္ထြင္ကာ ေရးသားေနေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ဒီဓာတ္ပုံဟာ အတုျပဳလုပ္ထားျခင္းလို႔ ေဝဖန္ခဲ့ပါတယ္။

ဒါေပမယ့္ ယင္းဓာတ္ပုံကိုပင္ South Texas Hunting Association အဖြဲ႕က သူတို႔ရဲ႕ Facebook မွာ ျပန္လည္ မွ်ေဝခဲ့ၿပီး၊ ဒီဓာတ္ပုံဟာ အစစ္ျဖစ္ေၾကာင္း အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။ အင္တာနက္ အသုံးျပဳသူေတြကေတာ့ ဖားရဲ ဦးေခါင္းမွာ အေမြးကဲသို႔ အရာမ်ားရွိေနလို႔ မယုံၾကပါဘူး။


ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ ဒီဖားမ်ိဳးဟာ 13 ေပါင္ထက္ေတာင္ အေလးခ်ိန္ရွိၿပီး၊ ေခါင္းကေန စြဲေျမႇာက္ထားတာမို႔ အ႐ြယ္အစားကေတာ့ ထင္သေလာက္ ႀကီးမားမႈမရွိေၾကာင္း ဆိုပါတယ္။ ဒီဖားကို မုဆိုး Markcuz Rangel က ဖမ္းမိခဲ့တာျဖစ္ၿပီး၊ လက္တစ္ဖက္မွာ ႐ိုင္ဖယ္ကိုကိုင္ထားၿပီး၊ အျခားလက္တစ္ဖက္က ဖားကို ကိုင္ေျမႇာက္ထားပါတယ္။

အဆိုပါဓာတ္ပုံကငိ STHA ရဲ႕ မူလ Facebook စာမ်က္ႏွာကေန ျပန္လည္မွ်ေဝသူ 258769 အထိ ရွိခဲ့ပါတယ္။ အဆိုပါ ဓာတ္ပုံမွာ Cheryl Stewart-Williams အမည္ရ အသုံးျပဳသူက ” ပထမေတာ့ က်ေနာ္ ေတြးတယ္ .. ဖားကလည္း က်စ္ဆံၿမီးေတြဘာေတြနဲ႔ပါလားေပါ့ … တကယ္ေတာ့ အတုႀကီးပါ “လို႔ ေရးသားခဲ့ပါတယ္။


အျခား Ron Baia အမည္ရ အေကာင့္ပိုင္ရွင္ကေတာ့ ” ကြၽန္မေခြးေလးေတာင္ 12 ေပါင္ပဲရွိတာ … ဒါက မျဖစ္ႏိုင္တာပဲ “လို႔ ေရးသားခဲ့ပါတယ္။ Texas Parks & Wildlife Department မွ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Steve Lightfoot က ဒီဓာတ္ပုံဟာ အစစ္ျဖစ္ေၾကာင္း၊ အျမင္လြဲမွားမႈေၾကာင့္သာ ဒီလိုအျငင္းအခုန္ျဖစ္ေနတာလို႔ ဆိုပါတယ္။

အျခား မွတ္ခ်က္ ေရးသူတစ္ေယာက္ကလည္း မုဆိုးက သူ႔လက္ကို ေပမွာစိုးလို႔ အမည္းေရာင္ ပုဝါ/အဝတ္ကို အသုံးျပၿပီး ဖားကို မထားတာ ျဖစ္ႏိုင္တယ္လို႔ အႀကံျပဳခဲ့ပါတယ္။

Leave a Comment