Daily News

မြန်မာငွေနဲ့ဆို သန်းနှစ်ထောင်‌ကျော်တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်များ


ကမ္ဘာကြီးဟာဆိုရင်ငှက်တွေတိရစ္ဆာန်တွေအင်းစက်တွေနဲ့ပြည့်နှက်လို့နေပါတယ်။တချို့သောတိရစ္ဆာန်တွေဖြစ်တဲ့ကျားတွေခြင်္သေ့တွေကကြောက်စရာကောင်းပေမယ့်သူတို့ကိုခွေးတွေကြောင်တွေလိုအိမ်မှာမွေးနိုင်ပါတယ်။အဲ့လိုကောင်တွေမွေးဖို့အတွက်သင့်မှာလုံလောက်တဲ့ပိုက်ဆံရှိချင်ရှိနိုင်ပါတယ်။ဒါပေမယ့်တချို့တိရစ္ဆာန်တွေရဲ့ဈေးနှုန်းက‌တော့သင့်ကိုပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်ပါတယ်။အဲ့လိုတိရစ္ဆာန်တွေထဲမှာ ကြောင်တွေ ခွေးတွေ နွားတွေ ငှက်တွေနဲ့ ‌ပိုးတောင်မာ တောင်ပါပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင် ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်တချို့ကို ဖော်ပြလိုက်ပါတယ်။

Green Monkey – $16,000,000


နာမည်ကိုကြည့်ပြီး မျောက်လို့မထင်လိုက်ပါနဲ့။ဒီလိုမြင်းမျိုးကိုသင်သာပိုင်ဆိုင်မယ်ဆိုရင်သင်ဟာတကယ့်ကိုချမ်းသာနေတဲ့သူပဲဖြစ်ပါတယ်။ ဒီမြင်းဟာ ရှားပါးပြီး သူရဲ့ အလျင်နဲ့ အလှကြောင့်နာမည်ကျော်ကြားပါတယ်။မြင်းပြိုင်ပွဲတွေမှာဒီလိုမြင်းမျိုးတွေပဲအနိုင်ရရှိတာများပါတယ်။ ဈေးကတော့ ဒေါ်လာ 16,000,000 ပါ။ မြန်မာငွေနဲ့ဆို သန်းနှစ်ထောင်ကျော်ပါတယ်။

Missy – $1,200,000


Missy ဟာ နွားမဖြစ်ပေမယ့်ပုံမှန်နွားမမဟုတ်တာကြောင့်၀ယ်မယ်ဆိုဒေါ်လာ1,200,000တန်ဖိုးရှိပါတယ်။သူမဟာပုံမှန်နွားတစ်ကောင်ထက် လျင်မြင်တဲ့အရှိန်ရှိတာကြောင့် ချန်ပီယံများစွာ ဖြစ်ဖူးပါတယ်။ Miss Missy ဟာ Western Fall National Show North America’sGrand Champion လည်းဖြစ်ဖူးပါတယ်။ အဲ့ဒီ Show ဟာဆိုရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး တိရစ္ဆာန် ပြပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ Showမှာသူချန်ပီယံဖြစ်ပြီးကတည်းကလူတွေစိတ်၀င်စားကြပြီ၀ယ်ယူကြရာနောက်ဆုံးဒေါ်လာ1,200,000တန်ကြေးရှိခဲ့ပါတယ်။ဒါကြောင့်လည်း နွားတွေထဲမှာ ဈေးအကြီးနွားအဖြစ်ပါ လူသိများခဲ့ပါတယ်။ တိရစ္ဆာန်တွေထဲမှာလည်း ဈေးအကြီးဆုံးတွေထဲက တစ်ကောင်အဖြစ် ပါ၀င်ခဲ့ပါတယ်။

Sir Lancelot Encore – $155,000


Nino နဲ့ EdgarOttoတို့ဟာသူတို့ရဲ့ခွေးကိုစကားလုံးတေ‌ွနဲ့မဖော်ပြနိုင်လောက်အောင်ချစ်ကြပါတယ်။ဒါကြောင့်လည်းသူတို့ချစ်တဲ့ခွေးလေး SirLancelot၂၀၀၈ခုနှစ်မှာကင်ဆာနဲ့သေဆုံးသွားတဲ့အချိန်မှာတော့ခွေးကိုပုံတူပွားဖို့ပြုလုပ်ခဲ့ကြပါတယ်။ဒါကြောင့်နောက်ထပ်ခွေးလေးဖြစ်တဲ့ Sir Lancelot Encore ကိုမွေးနိုင်ခဲ့ပြီး သူရဲ့တန်ဖိုးကတော့ ဒေါ်လာ 155,000 ရှိပါတယ်။ ဒီခွေးဟာ ကမ္ဘာ့ပထမဆုံး ပုံစံတူ မျိုးပွားထားတဲ့ ခွေးဖြစ်ပြီး San Francisco က Bio-Art ဆိုတဲ့ပွဲမှာ ပိုင်ရှင်စုံတွဲန‌ှစ်ယောက်ကို အနိုင်ရရှိစေခဲ့ပါတယ်။

Tibetan Mastiff – $582,000


ဒီခွေးမျိုးတွေဟာ ရောင်းခဲ့သမျှ ကမ္ဘာ့ဈေးအကြီးဆုံး နဲ့ ချစ်ဖို့အကောင်းဆုံးခွေးပဲဖြစ်ပါတယ်။ သင့်အနေနဲ့ မြင်မြင်ချင်းမှာပဲ ချစ်မိသွားပြီး လိုချင်စိတ်ဖြစ်သွားနိုင်ပါတယ်။ရှားပါတဲ့ခွေးမ‌ျိုးဖြစ်ပြီးအကြီးဆုံးခွေးမျိုးတွေထဲမှာလည်းပါ၀င်ပါတယ်။ဒီခွေးမျိုးစိတ်ဟာ၃၂လက်မကျော်မြင့်ပြီးပေါင် ၅၀ ကျော်အလေးချိန်ရှိပါတယ်။ ဒါကြောင့်ပဲ သူရဲ့တန်ဖိုးဟာ ဒေါ်လာ 582,000 ရှိပါတယ်။

The White Lion Cubs – $138,000


အဖြူရောင်ခြင်္သေ့မျိုး‌နွယ်တွေဟာအလွန်ရှားပါးတဲ့မျိုးစိတ်ပဲဖြစ်ပါတယ်။သူတို့ကိုတော့တောင်အာဖရိကမှာပဲတွေ့ရှိနိုင်ပြီးမြင်တွေ့ရဖို့တောင် အလွန်ရှားပါးပါတယ်။ သူတို့ကို ယနေ့ချိန်ထိ သီးခြားမျိုးစိတ်အဖြစ် မသတ်မှတ်သေးပါဘူး။ Global White Lion Protection Trust ရဲ့အဆိုအရ ကမ္ဘာပေါ်မှာ ခြင်္သေ့ဖြူ ၃၀၀ သာရှိပါတယ်။ ဒါ့ကြောင့်ပဲ ကမ္ဘာဈေးအကြီးဆုံး တိရစ္ဆာန်တွေထဲမှာပါ၀င်ပြီး တန်ဖိုးကတော့ ဒေါ်လာ 138,000ရှိပါတယ်။

Stag Beetle – $89,000


ပိုးတောင်မာအဖိုဟာ ကမ္ဘာ့ဈေးအကြီးဆုံးတိရစ္ဆာန်တွေထဲကအသေးငယ်ဆုံးမ‌ျိုးစိတ်ဖြစ်ပါတယ်။သူတို့မျိုးစိတ်ဟာဆိုရင်တစ်ကမ္ဘာလုံးမှာ အထူးဆန်းဆုံးနဲ့အရှားပါးဆုံးမျိုးစိတ်ဖြစ်ပါတယ်။အဲ့ဒီမျိုးစိတ်ကိုLucanideမိသားစုကပိုင်ဆိုင်ထားပြီးသူတို့မှာအင်းစက်မျိုးပေါင်း၁၂၀၀ရှိပါတယ်။ သူရဲ့ဈေးကတော့ ဒေါ်လာ 89,000 ရှိပါတယ်။

Palm Cockatoo – $16,000


Goliath Cockatoo ဒါမှမဟုတ် Palm Cockatoo ဟာ အနက်ရောင်ရှိပြီး အနီရောင်ပါပါတဲ့ ကတ္တဝါငှက်အမျိုးအစားပဲဖြစ်ပါတယ်။ သူတို့ရဲ့ လှပတဲ့အသွင်အပြင်ကြောင့် ဒီငှက်တွေဟာ ဒေါ်လာ ၁၆၀၀၀ တန်ဖိုးရှိပါတယ်။

Zawgyi

ကမာၻႀကီးဟာဆိုရင္ ငွက္ေတြ တိရစာၦန္ေတြ အင္းစက္ေတြနဲ႔ျပည့္ႏွက္လို႔ေနပါတယ္။တခ်ိဳ႕ေသာတိရစာၦန္ေတြျဖစ္တဲ့ က်ားေတြ ျခေသၤ့ ေတြကေၾကာက္စရာေကာင္းေပမယ့္ သူတို႔ကို ေခြးေတြ ေၾကာင္ေတြလို အိမ္မွာေမြးႏိုင္ပါတယ္။ အဲ့လိုေကာင္ေတြ ေမြးဖို႔အတြက္ သင့္မွာ လုံေလာက္တဲ့ ပိုက္ဆံရွိခ်င္ရွိႏိုင္ပါတယ္။ဒါေပမယ့္တခ်ိဳ႕တိရစာၦန္ေတြရဲ႕ေဈးႏႈန္းက‌ေတာ့ သင့္ကို ပါးစပ္အေဟာင္းသား ျဖစ္သြားေစႏိုင္ပါတယ္။ အဲ့လိုတိရစာၦန္ေတြထဲမွာ ေၾကာင္ေတြ ေခြးေတြႏြားေတြငွက္ေတြနဲ႔ ‌ပိုးေတာင္မာ ေတာင္ပါပါတယ္။ ဒါေၾကာင့္ပဲ ေအာက္မွာဆိုရင္ ကမာၻ႔ေဈးအႀကီးဆုံး တိရစာၦန္တခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

Green Monkey – $16,000,000


နာမည္ကိုၾကည့္ၿပီး ေမ်ာက္လို႔မထင္လိုက္ပါနဲ႔။ ဒီလိုျမင္းမ်ိဳးကို သင္သာပိုင္ဆိုင္မယ္ဆိုရင္ သင္ဟာ တကယ့္ကို ခ်မ္းသာေနတဲ့သူပဲျဖစ္ပါတယ္။ ဒီျမင္းဟာ ရွားပါးၿပီး သူရဲ႕ အလ်င္နဲ႔ အလွေၾကာင့္ နာမည္ေက်ာ္ၾကားပါတယ္။ ျမင္းၿပိဳင္ပြဲေတြမွာ ဒီလိုျမင္းမ်ိဳးေတြပဲ အႏိုင္ရရွိတာမ်ားပါတယ္။ ေဈးကေတာ့ ေဒၚလာ 16,000,000 ပါ။ ျမန္မာေငြနဲ႔ဆို သန္းႏွစ္ေထာင္ေက်ာ္ပါတယ္။

Missy – $1,200,000


Missyဟာႏြားမျဖစ္ေပမယ့္ပုံမွန္ႏြားမမဟုတ္တာေၾကာင့္၀ယ္မယ္ဆိုေဒၚလာ1,200,000တန္ဖိုးရွိပါတယ္။သူမဟာပုံမွန္ႏြားတစ္ေကာင္ထက္ လ်င္ျမင္တဲ့အရွိန္ရွိတာေၾကာင့္ ခ်န္ပီယံမ်ားစြာ ျဖစ္ဖူးပါတယ္။ Miss Missy ဟာ Western FallNationalShowNorthAmerica’s GrandChampionလည္းျဖစ္ဖူးပါတယ္။အဲ့ဒီShowဟာဆိုရင္ကမာၻေပၚမွာနာမည္အႀကီးဆုံးတိရစာၦန္ျပပြဲေတြထဲကတစ္ခုျဖစ္ပါတယ္။အဲ့ဒီShowမွာသူခ်န္ပီယံျဖစ္ၿပီးကတည္းကလူေတြစိတ္၀င္စားၾကၿပီ၀ယ္ယူၾကရာေနာက္ဆုံးေဒၚလာ1,200,000တန္ေၾကးရွိခဲ့ပါတယ္။ဒါေၾကာင့္လည္းႏြားေတြထဲမွာေဈးအႀကီးႏြားအျဖစ္ပါလူသိမ်ားခဲ့ပါတယ္။တိရစာၦန္ေတြထဲမွာလည္းေဈးအႀကီးဆုံးေတြထဲက တစ္ေကာင္အျဖစ္ ပါ၀င္ခဲ့ပါတယ္။

Sir Lancelot Encore – $155,000


Nino နဲ႔ EdgarOttoတို႔ဟာသူတို႔ရဲ႕ေခြးကိုစကားလုံးေတ‌ြနဲ႔မေဖာ္ျပႏိုင္ေလာက္ေအာင္ခ်စ္ၾကပါတယ္။ဒါေၾကာင့္လည္း သူတို႔ ခ်စ္တဲ့ေခြးေလး Sir Lancelot ၂၀၀၈ခုႏွစ္မွာ ကင္ဆာနဲ႔ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ ေခြးကိုပုံတူပြားဖို႔ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ေခြးေလးျဖစ္တဲ့ Sir Lancelot Encore ကိုေမြးႏိုင္ခဲ့ၿပီး သူရဲ႕တန္ဖိုးကေတာ့ ေဒၚလာ 155,000 ရွိပါတယ္။ ဒီေခြးဟာ ကမာၻ႔ပထမဆုံး ပုံစံတူ မ်ိဳးပြားထားတဲ့ ေခြးျဖစ္ၿပီး San Francisco က Bio-Art ဆိုတဲ့ပြဲမွာ ပိုင္ရွင္စုံတြဲန‌ွစ္ေယာက္ကို အႏိုင္ရရွိေစခဲ့ပါတယ္။

Tibetan Mastiff – $582,000


ဒီေခြးမ်ိဳးေတြဟာေရာင္းခဲ့သမွ်ကမာၻ႔ေဈးအႀကီးဆုံးနဲ႔ခ်စ္ဖို႔အေကာင္းဆုံးေခြးပဲျဖစ္ပါတယ္။သင့္အေနနဲ႔ျမင္ျမင္ခ်င္းမွာပဲ ခ်စ္မိသြားၿပီး လိုခ်င္စိတ္ျဖစ္သြားႏိုင္ပါတယ္။ ရွားပါတဲ့ ေခြးမ‌်ိဳးျဖစ္ၿပီးအႀကီးဆုံးေခြးမ်ိဳးေတြထဲမွာလည္းပါ၀င္ပါတယ္။ဒီေခြးမ်ိဳးစိတ္ဟာ ၃၂ လက္မေက်ာ္ျမင့္ၿပီးေပါင္ ၅၀ ေက်ာ္အေလးခ်ိန္ရွိပါတယ္။ ဒါေၾကာင့္ပဲ သူရဲ႕တန္ဖိုးဟာ ေဒၚလာ 582,000 ရွိပါတယ္။

The White Lion Cubs – $138,000


အျဖဴေရာင္ ျခေသၤ့ မ်ိဳး‌ႏြယ္ေတြဟာ အလြန္ရွားပါးတဲ့ မ်ိဳးစိတ္ပဲျဖစ္ပါတယ္။ သူတို႔ကိုေတာ့ ေတာင္အာဖရိကမွာပဲ ေတြ႕ရွိႏိုင္ၿပီး ျမင္ေတြ႕ရဖို႔ေတာင္ အလြန္ရွားပါးပါတယ္။ သူတို႔ကို ယေန႔ခ်ိန္ထိ သီးျခားမ်ိဳးစိတ္အျဖစ္ မသတ္မွတ္ေသးပါဘူး။ Global White Lion ProtectionTrustရဲ႕အဆိုအရကမာၻေပၚမွာျခေသၤ့ျဖဴ၃၀၀သာရွိပါတယ္။ဒါ့ေၾကာင့္ပဲကမာၻေဈးအႀကီးဆုံးတိရစာၦန္ေတြထဲမွာပါ၀င္ၿပီး တန္ဖိုးကေတာ့ ေဒၚလာ 138,000ရွိပါတယ္။

Stag Beetle – $89,000


ပိုးေတာင္မာအဖိုဟာကမာၻ႔ေဈးအႀကီးဆုံးတိရစာၦန္ေတြထဲကအေသးငယ္ဆုံးမ‌်ိဳးစိတ္ျဖစ္ပါတယ္။သူတို႔မ်ိဳးစိတ္ဟာဆိုရင္တစ္ကမာၻလုံးမွာ အထူးဆန္းဆုံးနဲ႔ အရွားပါးဆုံး မ်ိဳးစိတ္ျဖစ္ပါတယ္။ အဲ့ဒီမ်ိဳးစိတ္ကို Lucanide မိသားစုက ပိုင္ဆိုင္ထားၿပီးသူတို႔မွာ အင္းစက္မ်ိဳးေပါင္း ၁၂၀၀ ရွိပါတယ္။ သူရဲ႕ေဈးကေတာ့ ေဒၚလာ 89,000 ရွိပါတယ္။

Palm Cockatoo – $16,000


GoliathCockatooဒါမွမဟုတ္PalmCockatooဟာအနက္ေရာင္ရွိၿပီးအနီေရာင္ပါပါတဲ့ကတၱဝါငွက္အမ်ိဳးအစားပဲျဖစ္ပါတယ္။သူတို႔ရဲ႕လွပတဲ့အသြင္အျပင္ေၾကာင့္ ဒီငွက္ေတြဟာ ေဒၚလာ ၁၆၀၀၀ တန္ဖိုးရွိပါတယ္။

Leave a Comment