Daily News








Shoon (Cele Daily)


Unicode


နောက်အိမ်ထောင်ပြုသွားပြီး ကိုယ်ဝန်ရှိနေသည့် မိခင်ကို သူတို့အဆင်မပြေလျှင်လာမတွေ့ဖို့နှင့် ကိုယ်ဝန်ကိုသာ ဂရုစိုက်ရန် မှာကြားနေသည့် သနားစရာ အသက်၅နှစ်အရွယ်ကလေး


အိမ်ထောင်စုပြိုကွဲနေသော မိဘများနှင့် ကြုံတွေ့ရလျှင် သားငယ်သမီးငယ်တို့၏ဘဝလေးသည် အနည်းငယ်တော့ အားငယ်ကြရတာသေချာပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Hanghangပြည်နယ်တွင်နေထိုင်သော အသက်၅နှစ်အရွယ်ကလေး၏ မိခင်ဖြစ်သူနှင့် video callပြောနေသောပုံလေးသည့် လူအများ၏ရင်ကို လှုပ်ခပ်စေခဲ့ပါတယ်။


မိခင်ဟာ ဖခင်နှင့်ကွာရှင်းခဲ့ပြီး နောက်အိမ်ထောင်ပြုနေခဲ့ပြီး ကိုယ်ဝန်ဆောင်ထားကြောင်း သိခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့် ကလေးဟာ အမြဲတမ်းလာတွေ့လေ့ရှိသည့် မိခင်ကို ကျန်းမာရေး ဂရုစိုက်ရန်အတွက် လာမတွေ့လည်း ရကြောင်း သူဟာ လိမ်လိမ်မာမာနှင့်နေထိုင်ကြောင်း မိခင်ကို ပြောကြားနေခဲ့နာဖြစ်ပါတယ်။

ကလေး၏ လိမ္မာရေးခြားရှိပြီး သိတတ်မှုတွေဟာ လူအများ၏ ရင်ကိုတော့ ကြေကွဲစေခဲ့ရတာ အမှန်ပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

Leave a Comment