Daily News

ခြေထောက်တစ်ဖက်တည်းရှိသော်လည်း မိသားစုစားဝတ်နေရေးအတွက် ဝတ္တရားမပျက်ပဲ မငြီးမငြူ ရှာကျွေးခဲ့သော ဖခင်

အချို့သော သူများအဖို့ ဘဝပေးကံမှာ မကောင်းခဲ့၍ မသန်မစွမ်းဖြစ်နေရသော်လည်း အသက်ဆက်ရှင်သန်ရန် ရုန်းကန်နေရဆဲဖြစ်သည်။


သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ Sultang Kudaratပြည်နယ်တွင် နေထိုင်သော Jerry အမည်ရှိသော အမျိုးသားသည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ ဇနီးနှင့်အတူ သားသမီး ၆ယောက်ဧ။် စားဝတ်နေရေးအတွက် ခက်ခဲကြမ်းတမ်းသော အလုပ်သမားဘဝနှင့် ရှာဖွေကျွေးခဲ့သည်။


အမျိုးသားသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မမျှော်လင့်ပဲ ခြေထောက်တစ်ဖက်အား ဆုံးရှုံးလိုက်ရပြီး ဒေသရှိစိုက်ပျိုးရေးအလုပ်ကိုသာ ပြောင်းလဲလုပ်ကိုင်ခဲ့ရသည်။


အမျိုးသားသည် ခြေထောက်အတုကြီးနှင့်အတူ နေ့စဥ်အလုပ်ဆင်းခဲ့ရာ ကြမ်းကြမ်းတမ်းတမ်းလုပ်ရသည့်အတွက် ခြေအတုမှာ အက်ကွဲကုန်၍ ဆိုင်ကယ်ဘီးနားက ကျွတ်နှင့်စည်းကာ ပြုပြင်ရပေါင်းလည်း မနည်းတော့ပါ။


သို့သော်လည်း အမျိုးသားသည် ကိုယ်တိုင်မှာဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ မိသားစုအတွက် ငဲ့ညှာကာ စိတ်အားတင်းပြီး ထောက်ပံ့ခဲ့သည်။

Hlaing (Love Feeling)

Zawgyi









Hlaing (Love Feeling)

Leave a Comment