Daily News









Rain (For Ialinks)

Unicode

မိသားစုထံငွေများများ ပြန်ပို့နိုင်ရန်အတွက် ကိုယ်တိုင်မှာ လိုဏ်ဂူထဲတွင် နေထိုင်ခဲ့သော အမျိုးသား

တရုတ်နိုင်ငံမှ Thach Chi Dung အမည်ရှိသော အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် မွေးရပ်မြေကို စွန့်ခွာပြီး နယ်ဝေးရပ်ခြားဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်။


အမျိုးသားသည် ဗီယက်နမ်နိုင်ငံ Binh Duongပြည်နယ်တွင် ကုန်တင်ကုန်ချလုပ်ငန်းသို့ ဝင်ရောက်လုပ်ခဲ့ရာ တစ်လကို ဗီယက်နမ်ငွေ ၁၀သန်းကျော် ရရှိခဲ့သည်။အမျိုးသားသည် အတတ်နိုင်ဆုံး ချွေတာစုဆောင်းခဲ့ပြီး ကိုယ်တိုင်မှာ နေစရိတ်စားစရိတ်ပိုမို သက်သာအောင်ဆိုပြီး တောင်ပေါ်ဂူတစ်ခုတွင် ရွှေ့ပြောင်းနေထိုင်ခဲ့သည်။


အမျိုးသားသည် တခြားနိုင်ငံမှာ ပင်ပန်းဆင်းရဲစွာ နေရသော်လည်း မိသားစုနှင့် အဆက်အသွယ်ရချိန်တိုင်း စိတ်မပူရန်နှင့် အလုပ်မှာအဆင်ပြေပြီး တည်းခိုခန်းတစ်ခုမှာ ငှားနေသည်ဟုသာ ပြောဆိုခဲ့သည်။


အမျိုးသားသည် မိဘနှစ်ပါးကို လုပ်ကျွေးရခြင်းဖြင့် မောသည်ပန်းသည်မရှိပဲ ဝမ်းသာပီတိဖြစ်မိကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသည်ဟုလည်း ဆိုခဲ့သည်။

Rain (For Ialinks)

Leave a Comment