Daily News













video

Rain (For Ialinks)

Unicode

ဇနီးဖြစ်သူထက် ကြောက်မက်ဖွယ် ဧရာမမိကျောင်းတစ်ကောင်ကို ပိုချစ်ခင်ခဲ့သော အမျိုးသား

အမေရိကန်နိုင်ငံ Herediaပြည်နယ် Sarapiquiမြို့ရှိ Reventazonမြစ်ကမ်းနံဘေးတွင် နေထိုင်သော Sheddenအမည်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦးသည် တစ်နေ့တွင် မမျှော်လင့်ပဲ ဒဏ်ရာရထားသည့် မိကျောင်းပေါက်လေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။

ထိုစဥ် အမျိုးသားသည် ကြောက်ရွံ့ခြင်းမရှိပဲ သနားကြင်နာတတ်သည့်စိတ်ကြောင့် မိကျောင်းပေါက်လေးကို အိမ်သို့ခေါ်ပြန်လာခဲ့သည်။

ထို့နောက် အမျိုးသားသည် တစ်နေ့တစ်နေ့ သူဧ။်မိကျောင်းလေးကို ဂရုစိုက်ရင်းနှင့်သာ အချိန်ကုန်နေတတ်ပြီး ၆လအကြာတွင် ဇနီးဖြစ်သူမှာ အမျိုးသားဧ။်လုပ်ရပ်ကြောင့် သည်းမခံနိုင်တော့ပဲ သူနှင့်ဆက်မပေါင်းနိုင်တော့၍ ကွာရှင်းပစ်ခဲ့သည်။

အမျိုးသားသည် ဇနီးဖြစ်သူကွာရှင်းသွားလည်း ဝမ်းနည်းခြင်းမရှိပဲ မိကျောင်းလေးကိုသာ အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ပေးခဲ့ရင်း ဒဏ်ရာသက်သာလာသည်နှင့်အမျှ သူတွေ့ရှိခဲ့သည့်နေရာသို့ ပြန်သွားပြီးလွှတ်ပေးခဲ့သည်။

သို့သော်လည်း သံယောဇဉ်ကြီးစွာဖြင့် နောက်တစ်ရက်တွင် မိကျောင်းလေးမှာ သူဧ။်အိမ်ရှေ့၌ ပြန်ရောက်လာခဲ့သည့်အတွက် တစ်သက်လုံးအတူနေထိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။

ယခုအခါ မိကျောင်းလေးသည် ၅မီတာအရှည်ရှိပြီး အလေးချိန်ပေါင်း ၄၀၀ကီလိုဂရမ်ရှိကာ ကြက်သီးထဖွယ် ဧရာမမိကျောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သခင်ဖြစ်သူကို အန္တရာယ်မပေးပဲ လိမ်မာယဥ်ပါးသည့်အတွက် မိကျောင်းဖျော်ဖြေပွဲများပင် ပြုလုပ်လျက်ရှိသည်။

Rain (For Ialinks)

Leave a Comment