Uncategorized

အလုပ်ကြောင့် ပင်ပန်းနွမ်းနယ်တဲ့ရုပ်သွင်ပြင်ကနေ လှပပြေပြစ်တဲ့မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦး

Snow အမည်ရှိအမျိုးသမီးလုံခြုံရေးဝန်ထမ်းတစ်ဦးဟာ ယခင်အသွင်အပြင်အား ပြောင်းလဲပစ်လိုက်တဲ့အခါ ၎င်းဟာ သူမအား ကျော်ကြားသူတစ်ဦးကဲ့သို့အသွင်ပြောင်းသွားခြင်းနှင့်အတူ လူအများအား အံ့အားသင့်သွားစေခဲ့ပါတယ်။ ပုံစံမပြောင်းခင်မှာ Snow ဟာ သူမရဲ့နေရောင်အောက်မှာအလုပ်လုပ်ရတာကြောင့် ပင်ပန်းနေပုံရပြီး သူမရဲ့အသားအရေကလည်း မွဲခြောက်နေသလိုအသက် ၄၀ ကျော်အမျိုးသမီးတစ်ဦး နှင့်လည်းတူနေခဲ့ပါတယ်။


.


သို့ပေမဲ့ သူမဟာ အမှန်တော့အသက် ၂၆ နှစ်သာရှိပါသေးတယ်။ သူမဟာ သူမအသက်အရွယ်ထက် ကြီးရင့်နေခဲ့ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့နေရောင်ခြည်များက သူမရဲ့အသားအရေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေခဲ့ပြီး သူမဟာ လုပ်ငန်းခွင်အတွင်း မိတ်ကပ်မလိမ်းထားတာကြောင့် သူမရဲ့မျက်အိတ်နဲ့ပင်ပန်းနွမ်းနယ်တဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ သူမဟာ ၎င်းအလုပ်အား နှစ်အနည်းငယ်အကြာကတည်းက လုပ်ခဲ့တာကြောင့် သူမရဲ့အသားအရေဟာ ပို၍ပင် မဲလာခဲ့ပါတယ်။


.


ကံကောင်းထောက်မစွာနဲ့ Snow ဟာ သူမအား လှပတဲ့အမျိုးသမီးအဖြစ်သို့ ပြောင်းလဲပေးဖို့ စိတ်ဝင်စားနေတဲ့ နာမည်ကျော်မိတ်ကပ်ပညာရှင်နှင့် stylist တစ်ဦးဖြစ်တဲ့ Pan Pan ထံမှ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ Snow ရဲ့အသွင်အပြင်ပြုပြင်ခြင်း ဟာ makeover reality TV show ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Pan Pan ဟာ ရွေးချယ်ထားတဲ့အမျိုးသမီးများအား ၎င်းတို့ရဲ့အသွင်အပြင်ကို တစ်သက်တာပြောင်းလဲရန် အခွင့်အရေးပေးထားပါတယ်။


.


၎င်းအလှပြုပြင်ခြင်းဟာ ပလပ်စတစ်ဆာဂျရီလုပ်ထုံးလုပ်နည်းများမှမည်သည့်အကူအညီမှမလိုအပ်ဘဲ Pan ရဲ့ကျွမ်းကျင်မှုပေါ်သာ မူတည်ပါတယ်။ ၎င်းပြုပြင်မှုမှာ Pan ဟာ သူမလိုအပ်သမျှဟာ မိတ်ကပ်ကိရိယာများနှင့်အခြေခံမိတ်ကပ်နည်းများသာဖြစ်ပြီး သူမရဲ့မိတ်ကပ်စွမ်းရည်ကိုသုံးရမှာပါ။ ပထမတော့ မျက်ခုံးမွှေရကို ပုံသွင်းပြီးနောက် Pan ဟာ Snow ရဲ့မျက်နှာပေါ်သို့ moisturizer, primer, concealer နှင့် foundation တို့ကိုတင်ခဲ့ပါတယ်။


.


Pan ဟာ Snow ရဲ့ အသားအရောင် နှင့် မျက်ခုံးကိုဆွဲပြီးတဲ့နောက် Snowရဲ့ မျက်ခွံပေါ်မှာ eye shadow ကိုဆက်ခြယ်သပေးခဲ့ပါတယ်။ ထို့နောက် Pan က Snow ရဲ့ပါးပြင်ကို blusher ဖြင့် ထို့တိလိုက်ပြီး mascara နှင့်နှုတ်ခမ်းနီတို့ကို ဆက်လိမ်းခြယ်ပေးခဲ့ပါတယ်။ ၎င်းကဲ့သို့ ပြုပြင်မှုအပြီးမှာတော့ Snow နဲ့လိုက်ဖက်မဲ့ဝတ်စုံကို ဝတ်စေခဲ့ပါတယ်။ ၎င်းပြုပြင်ပြောင်းလဲမှုဟာ Snow ရဲ့ပင်ပန်းနွမ်းနယ်တဲ့ရုပ်သွင်ပြင်ကနေ လှပပြေပြစ်တဲ့မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။


ဒါဟာ အံ့သဩဖွယ်အသွင်ပြောင်းမှုတစ်ခုပါဘဲ။ Snow ဟာ သူမရဲ့အလုပ်ယူနီဖောင်းအောက်တွင် သူမရဲ့အလှတရားကိုဖုံးကွယ်ထားတဲ့ အလွန်လှပတဲ့အမျိုးသမီးတစ်ဦး ဖြစ်သလို သူမဟာ dress တွေကိုဝတ်ပြီး သူမမျက်နှာပေါ်မှာ မိတ်ကပ်အနည်းငယ်ကိုတင်လိုက်တဲ့အခါ သူမဟာ တကယ်ကို ကြည့်ကောင်းလှပသွားခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : gtgoodtimes

Leave a Comment