Uncategorized

အမေဖြစ်သူကမွေးလာတဲ့ကလေးက မိန်းကလေးမဟုတ်ဘဲ ယောကျာ်းလေးဖြစ်နေလို့ဆိုပြီး စိတ်ဆိုးဒေါသထွက်နေခဲ့တဲ့ ကလေးမလေး

မကြာသေးခင်က ငယ်ရွယ်သေးတဲ့ကလေးမလေးတစ်ယောက်ဟာ သူမရဲ့အမေက သားလေးမွေးဖွားပြီးပြီဆိုတဲ့သတင်းကိုကြားလိုက်ရပြီးတဲ့နောက်မှာ အဆိုပါကလေးမလေးတစ်ယောက်ဟာ လူအများအတွက် ရယ်စရာကောင်းတဲ့တုံ့ပြန်မှုတစ်ခုကို ပေးခဲ့ပါတယ်။ ကြားကြားပြီးချင်း ပထမတော့ ကလေးမလေးက ဒီလိုမျိုးဖြစ်မလာနိုင်ဘူးလို့ယုံကကည်ကာ “မဟုတ်ဘူး” လို့ အော်ငြင်းနေခဲ့ပါတယ်။


ထို့ပေမဲ့ သူမရဲ့အစ်ကိုက ဘေးကနေ ၎င်းသတင်းက မှန်ကန်ကြောင်းကိုအတည်ပြုပေးလိုက်တဲ့အခါ အဆိုပါကလေးမလေးဟာ လက်ထဲဘောပင်ကို အဝေးသို့ပစ်ပေါက်လိုက်ပြီး စတင်ငိုကြွေးခဲ့ကြောင်း Daily Mail က ဖော်ပြထားပါတယ်။ အဆိုပါကလေးမလေးဟာ မိခင်မှမွေးဖွားလာမဲ့နောက်ထပ်ကလေးလေးက သူမနှင့်အလားတူတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ကို မျှော်လင့်နေခဲ့တာပါ။


ဗီဒီယိုထဲအရ မီးဖွားခန်းမှထွက်လာတဲ့ အဖေဖြစ်သူက မွေးလာတဲ့ကလေးက ကောင်လေးလို့ သူမရဲ့နားသို့တီးတိုးပြောပြနေခဲ့ပြီး ကြားကြားပြီးချင်း မယုံမကြည်ဖြစ်နေခဲ့ပေမဲ့ သူမရဲ့ဘေးကအစ်ကိုဖြစ်သူက ပျော်ရွှင်စွာ “ကောင်လေးတဲ့ ကောင်လေးတဲ့ yeahhh ” လို့အော်ရင်း အတည်ပြုပေးခဲ့တာကြောင့် သူမဟာ ဒေါသထွက်ကာ “ ဘာလို့လဲ ဘာလို့လဲ ” လို့ဆိုရင်း လက်ထဲကဘောပင်ကို ပစ်ပေါက်ကာ စတင်ငိုကြွေးနေခဲ့ပါတယ်။


ထို့နောက် ဖခင်ဖြစ်သူကလည်း နှစ်သိမ့်ပေးရန် သူမအား ချီကာပွေ့ဖက်နေခဲ့ရပါတယ်။


ထို့အပြင် သူမရဲ့ဗီဒီယိုကို တုန့်ပြန်တဲ့သူအတော်များများက ၎င်းကဲ့သို့သော အခြေအနေမှာ သူမရဲ့ရွံမုန်းမှုကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့တဲ့ကလေးမလေးကို သဘောကျကြောင်းပြောခဲ့ကြပြီး ၎င်း post ဟာ Like ပေါင်းထောင်ချီနှင့် မှတ်ချက်ပေါင်း ၅၀၀ ကျော်ကို ရရှိခဲ့ပါတယ်။


.


မှတ်ချက်ပေးသူများက “ သူတော်တော်စိတ်ဆိုးနေပါလား အထူးသဖြင့် ဘောပင်ပစ်လိုက်တဲ့အချိန်မှာ သူအရမ်းစိတ်ပျက်သွားတာကိုပြနေတယ် ” ၊ “ ဟုတ်တယ် မိန်းကလေးဘဲကောင်းတယ် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက် ယောကျာ်းတွေက စစ်ပွဲတွေနဲ့မတည်ငြိမ်မှုတွေကို ဖြစ်စေတယ် ” ၊ “ သူလေးက စိတ်ဆိုးတာတောင် ချစ်ဖို့ကောင်းနေတယ်” ၊ “ မင်းက အခုထိ မင်းသမီးပါဘဲ မင်းအစ်ကိုနှစ်ယောက်ကတော့ ကြောင်နဲ့ကြွက်လို ရန်ဖြစ်နေကြအုံးမှာ ” ဟူတဲ့မှတ်ချက်များစွာကို ရေးသားပေးခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : legit

Leave a Comment