Daily News

တွန်းလှည်းနဲ့ ရွာထဲကိုပတ်သွားပြီး သရေစာများ ရောင်းချရခြင်းကို နှစ်သက်နေသေးတဲ့ အသက် ၈၂နှစ်ရှိပြီးဖြစ်တဲ့ အဖွားအို

၂၀၂၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ Buay Mungyut Klang အမည်ရှိ အသက် ၈၂ နှစ် အဖွားဟာ ထိုင်းနိုင်ငံ၊Nakhon Ratchasima ပြည်နယ်၊ Don Phromsorn ရွာက ရွာလမ်းမတွေမှာ တွန်းလှည်းဖြင့် မလမ်းလျှောက်ထွက်ခဲ့ပါတယ် ။ အဘွားရဲ့ တွန်းလှည်းအတွင်းမှာ သရေစာနဲ့မုန့်အမျိုးအစားများစွာ ပါရှိပါတယ် ။ အိမ်နီးချင်းများနဲ့ စကားပြောခြင်းဖြင့် အဘွား Buay ဟာ လူချစ်လူခင်များပြီး လူသိများခဲ့ပါတယ် ။ အဲ့ဒီဒေသမှာ အဖွားရဲ့ကုန်ပစ္စည်းတွေကို နေ့တိုင်းဝယ်ယူအားပေးတဲ့ ရွာသားတွေလည်း ရှိပါတယ် ။ အဘွား Buay က သူမတွန်းလှည်းနဲ့ ထွက်ပြီးရောင်းစားရခြင်းအကြောင်းအရင်းမှာ သူမဟာ အရောင်းအဝယ်လုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်လာခဲ့တာကြောင့် ဖြစ်ပြီး ယခင်က သူမရဲ့ အိမ်မှာ ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါတယ် ။ ခင်ပွန်းက သေဆုံးသွားပြီးတဲ့နောက် သူမက ပစ္စည်းရောင်းဖို့လှည်းနဲ့ လမ်းလျှောက်ထွက်ခဲ့ရတာပါ ။


ဘာလို့လဲဆိုတော့ အဖွားက တစ်ယောက်တည်းအိမ်မှာမနေချင်ဘူး ဆိုပြီး ပြောခဲ့တာကြောင့် သူမရဲ့ ကလေးတွေက ဈေးထွက်ရောင်းတာကို တားမြစ်ခဲ့ပေမယ့် အဖွားက စျေးထွက်ရောင်းရင် အိမ်နီးချင်းတွေနဲ့တွေ့ရဖို့ အခွင့်အလမ်းရှိမှာမို့ သူမကနှစ်သက်နေခဲ့တာပါ ။ အဖွားက သူမကလေးတွေရဲ့ ငွေတွေကို မနှောင့်ယှက်ချင်တဲ့အတွက် သူမကိုယ်တိုင် ငွေရှာဖို့ အလုပ်လုပ်ခဲ့ပြီး တွန်းလှည်းနဲ့စျေးရောင်းခြင်းမှ ဝင်ငွေဟာ တစ်ရက်လျှင် ပျမ်းမျှဘတ် ၃၀၀ မှ ၄၀၀ အထိ ဝင်ငွေကောင်းတစ်ခုဖြစ်ခဲ့ပါတယ် ။ ဒီအလုပ်ဟာလည်း အရမ်းကြီးမပင်ပန်းရတာမို့ သက်ကြီးရွယ်အိုများအတွက် အပျင်းပြေအလုပ်လေးတစ်ခုလည်း ဖြစ်ပါပြီး ပတ်ဝန်းကျင်လူတွေနဲ့လည်း အမြဲထိတွေ့နေရတာမို့ အဖွားလည်း ပျော်ရွှင်မှုတွေ ရရှိမာပါ ။


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : sanook77

Zawgyi

၂၀၂၁ ခုႏွစ္ ၾသဂုတ္လ ၂ ရက္ေန႔မွာ Buay Mungyut Klang အမည္ရွိ အသက္ ၈၂ ႏွစ္ အဖြားဟာ ထိုင္းႏိုင္ငံ၊Nakhon Ratchasima ျပည္နယ္၊ Don Phromsorn ႐ြာက ႐ြာလမ္းမေတြမွာ တြန္းလွည္းျဖင့္ မလမ္းေလွ်ာက္ထြက္ခဲ့ပါတယ္ ။ အဘြားရဲ႕ တြန္းလွည္းအတြင္းမွာ သေရစာနဲ႔မုန္႔အမ်ိဳးအစားမ်ားစြာ ပါရွိပါတယ္ ။ အိမ္နီးခ်င္းမ်ားနဲ႔ စကားေျပာျခင္းျဖင့္ အဘြား Buay ဟာ လူခ်စ္လူခင္မ်ားၿပီး လူသိမ်ားခဲ့ပါတယ္ ။ အဲ့ဒီေဒသမွာ အဖြားရဲ႕ကုန္ပစၥည္းေတြကို ေန႔တိုင္းဝယ္ယူအားေပးတဲ့ ႐ြာသားေတြလည္း ရွိပါတယ္ ။ အဘြား Buay က သူမတြန္းလွည္းနဲ႔ ထြက္ၿပီးေရာင္းစားရျခင္းအေၾကာင္းအရင္းမွာ သူမဟာ အေရာင္းအဝယ္လုပ္ငန္းကို ႏွစ္ေပါင္းမ်ားစြာလုပ္လာခဲ့တာေၾကာင့္ ျဖစ္ၿပီး ယခင္က သူမရဲ႕ အိမ္မွာ ဆိုင္တစ္ဆိုင္ဖြင့္ခဲ့ပါတယ္ ။ ခင္ပြန္းက ေသဆုံးသြားၿပီးတဲ့ေနာက္ သူမက ပစၥည္းေရာင္းဖို႔လွည္းနဲ႔ လမ္းေလွ်ာက္ထြက္ခဲ့ရတာပါ ။


ဘာလို႔လဲဆိုေတာ့ အဖြားက တစ္ေယာက္တည္းအိမ္မွာမေနခ်င္ဘူး ဆိုၿပီး ေျပာခဲ့တာေၾကာင့္ သူမရဲ႕ ကေလးေတြက ေဈးထြက္ေရာင္းတာကို တားျမစ္ခဲ့ေပမယ့္ အဖြားက ေစ်းထြက္ေရာင္းရင္ အိမ္နီးခ်င္းေတြနဲ႔ေတြ႕ရဖို႔ အခြင့္အလမ္းရွိမွာမို႔ သူမကႏွစ္သက္ေနခဲ့တာပါ ။ အဖြားက သူမကေလးေတြရဲ႕ ေငြေတြကို မေႏွာင့္ယွက္ခ်င္တဲ့အတြက္ သူမကိုယ္တိုင္ ေငြရွာဖို႔ အလုပ္လုပ္ခဲ့ၿပီး တြန္းလွည္းနဲ႔ေစ်းေရာင္းျခင္းမွ ဝင္ေငြဟာ တစ္ရက္လွ်င္ ပ်မ္းမွ်ဘတ္ ၃၀၀ မွ ၄၀၀ အထိ ဝင္ေငြေကာင္းတစ္ခုျဖစ္ခဲ့ပါတယ္ ။ ဒီအလုပ္ဟာလည္း အရမ္းႀကီးမပင္ပန္းရတာမို႔ သက္ႀကီး႐ြယ္အိုမ်ားအတြက္ အပ်င္းေျပအလုပ္ေလးတစ္ခုလည္း ျဖစ္ပါၿပီး ပတ္ဝန္းက်င္လူေတြနဲ႔လည္း အၿမဲထိေတြ႕ေနရတာမို႔ အဖြားလည္း ေပ်ာ္႐ႊင္မႈေတြ ရရွိမာပါ ။

JRose (KBdailynews)

Leave a Comment