Daily News

ကျောင်းပိတ်ရက်တွေမှာ မိဘနှစ်ပါးနှင့်အတူ အုတ်ခဲများထမ်းကာ မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ကူညီခဲ့သော သမီးလိမ်မာလေး

တရုတ်နိုင်ငံ Guizhouပြည်နယ်တွင် နေထိုင်သော Zhang Qiannanအမည်ရှိသော ဆယ်ကျော်သက်အရွယ် ကလေးမလေးသည် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေချိန်တွင် မိဘနှစ်ပါးမှာ ပင်ပန်းဆင်းရဲစွာဖြင့် လုပ်စားနေရသည်ကို မကြည့်ရက်ပဲ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။


ကလေးမလေးသည် အိမ်တွင် အကြီးဆုံးသမီးဖြစ်ပြီး အောက်တွင် အမွှာမောင်နှမများရှိသေးတာကြောင့် ဒေသရှိ အဖေနှင့်အမေအလုပ်ဆင်းသော အုတ်ခဲရိုက်စက်ရုံတွင် အသက်ငယ်ငယ်လေးနှင့် ဝင်လုပ်ခဲ့သည်။


လေးပင်သော အုတ်ခဲများကို သယ်ဆောင်ရခြင်းဖြင့် တစ်ကိုယ်လုံးလည်း ချွေးတွေစိုရွှဲကာ ပင်ပန်းသော်လည်း တစ်ချက်ကလေးမှ မငြီးငြူပဲ ညီငယ်မောင်နှမတို့ဧ။် ပျော်ရွှင်နေသော အပြုံးလေးတွေကို ကြည့်ရင်းနှင့်သာ အမောဖြေခဲ့သည်။


ကလေးမလေးသည် မိဘအပေါ် ကျေးဇူးသိတတ်ပြီး လိမ်မာရေးခြားရှိမှုတို့ကြောင့် အများဧ။် ချီးကျူးခြင်းကိုလည်း အမြဲလိုလို ခံနေရသည်။


Hlaing (Love Feeling)

Zawgyi








Hlaing (Love Feeling)

Leave a Comment