success

ချမ်းသာချင်ရင် ရှောင်ကျဉ်ရမယ့် အချက်များ

လူတိုင်းလူတိုင်း ချမ်းသာတဲ့နည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြတာပါပဲ။ တစ်ချို့က စတော့ရှယ်ယာတွေဝယ်ပြီး ချမ်းသာအောင်လုပ်သလို တစ်ချို့ကြတော့ အလုပ်အလွန်ကြိုးစားကြတယ်။ ချမ်းသာတဲ့လူတွေမှာ တူညီတဲ့အချက်တွေရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကံကောင်းတဲ့လူတွေရော အလုပ်ကြိုးစားတဲ့လူတွေပါ အမှားတွေလုပ်ကြတာကြောင့် ပိုက်ဆံမစုမိကြဘူး။ ဒီနေ့ဆောင်းပါးမှာတော့ ချမ်းသာချင်ရင် ရှောင်ကျဉ်ရမယ့် အရာလေးတွေကို ပြောပြပေးသွားမှာပါ။

မိတ်ဆွေအသစ်မဖွဲ့ခြင်း

ချမ်းသာတဲ့လူတွေက မိတ်ဆွေအသစ်နဲ့တွေ့ဆုံရတာကို သဘောကျကြတယ်။ (၆၈) ရာခိုင်နှုန်းသော လူချမ်းသာတွေက အရင်ကမတွေ့ဖူးတဲ့လူတွေနဲ့ မိတ်ဖွဲ့ရတာကို ကြိုက်နှစ်သက်ကြောင်း ပြောထားပါတယ်။သူတို့တွေဟာ အားလပ်ရက်တွေမှာသာမက အခြားအရေးကြီးတဲ့ရက်တွေမှာတောင် မိတ်ဆွေတွေ၊ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံရဖို့အတွက် မမေ့ကြပါဘူး။ ဒါကြောင့် အောင်မြင်ပြီး ချမ်းသာကြွယ်ဝချင်ရင် မိတ်ဆွေများများဖွဲ့ထားသင့်ပါတယ်။

ကံကြမ္မာကိုယုံကြည်ခြင်း

 

ချမ်းသာတဲ့လူတွေက ကံကောင်းခြင်းကို အလုပ်လုပ်ရင်းနဲ့ပဲ ရယူတက်ပါတယ်။ (၉၀) ရာခိုင်နှုန်းသော ဆင်းရဲတဲ့လူတွေက သူတို့ဆင်းရဲရတာဟာ ကံမကောင်းလို့ဆိုပြီး ကံကိုပဲအပြစ်ပုံချတက်ကြတယ်။ အောင်မြင်တဲ့လူတွေက သူတို့ဘဝလမ်းကြောင်းကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတယ်။

အသုံးအဖြုန်းကြီးခြင်း

 

တစ်ချို့က ရတဲ့ဝင်ငွေထက်ပိုပြီးသုံးနေကြပါတယ်။ မတတ်နိုင်တဲ့အရာတွေ၊ မလိုအပ်တဲ့အရတွေအတွက် ငွေကို အရမ်းမသုံးသင့်ပါဘူး။ ဝင်ငွေကိုချင့်ချိန်ပြီးသုံးမှသာ ကြီးပွားတိုးတတ်မှာဖြစ်ပါတယ်။

မိမိရဲ့အလုပ်ကိုမုန်းခြင်း

 

အောင်မြင်တဲ့လူတွေက ‘ငါတို့လုပ်တဲ့အရာကိုမြတ်နိုးတယ်’ လို့ပြောဆိုတတ်ကြပါတယ်။ တစ်ချို့တွေကတော့ အလုပ်မှာ တစ်ခုခုအဆင်မပြေဘူးဆိုရင် သူတို့ရဲ့အလုပ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အရာတွေကို ပိုပြီးမြင်ကြပါတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးထားနေမယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သင် လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးသင့်ပြီး သင်လုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်သင့်ပါတယ်။

ကျန်းမာရေးကို ဂရုမစိုက်ခြင်း

 

အောင်မြင်ပြီး ချမ်းသာတဲ့သူတွေက ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။ သူတို့ရဲ့အချိန်တွေကို ကျန်းမာရေးအတွက် အချိန်ပေးထားကြပါတယ်။ တစ်ပတ်ကို လေးကြိမ် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့အစားအစာတွေ စားတာ၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်တာတွေလုပ်ကြပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကိုလည်း ဂရုစိုက်မှ ကျန်းမာရေးကောင်းပြီး အလုပ်တွေလုပ်နိုင်ပြီး အောင်မြင်ချမ်းသာတဲ့သူဖြစ်လာမှာဖြစ်ပါတယ်။

 

Zawgyi

လူတိုင္းလူတိုင္း ခ်မ္းသာတဲ့နည္းလမ္းကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ရွာေဖြၾကတာပါပဲ။ တစ္ခ်ိဳ႕က စေတာ့ရွယ္ယာေတြဝယ္ၿပီး ခ်မ္းသာေအာင္လုပ္သလို တစ္ခ်ိဳ႕ၾကေတာ့ အလုပ္အလြန္ႀကိဳးစားၾကတယ္။ ခ်မ္းသာတဲ့လူေတြမွာ တူညီတဲ့အခ်က္ေတြရွိၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ကံေကာင္းတဲ့လူေတြေရာ အလုပ္ႀကိဳးစားတဲ့လူေတြပါ အမွားေတြလုပ္ၾကတာေၾကာင့္ ပိုက္ဆံမစုမိၾကဘူး။ ဒီေန႔ေဆာင္းပါးမွာေတာ့ ခ်မ္းသာခ်င္ရင္ ေရွာင္က်ဥ္ရမယ့္ အရာေလးေတြကို ေျပာျပေပးသြားမွာပါ။

မိတ္ေဆြအသစ္မဖြဲ႕ျခင္း

 

ခ်မ္းသာတဲ့လူေတြက မိတ္ေဆြအသစ္နဲ႔ေတြ႕ဆုံရတာကို သေဘာက်ၾကတယ္။ (၆၈) ရာခိုင္ႏႈန္းေသာ လူခ်မ္းသာေတြက အရင္ကမေတြ႕ဖူးတဲ့လူေတြနဲ႔ မိတ္ဖြဲ႕ရတာကို ႀကိဳက္ႏွစ္သက္ေၾကာင္း ေျပာထားပါတယ္။သူတို႔ေတြဟာ အားလပ္ရက္ေတြမွာသာမက အျခားအေရးႀကီးတဲ့ရက္ေတြမွာေတာင္ မိတ္ေဆြေတြ၊ မိတ္ေဆြအသစ္ေတြနဲ႔ ေတြ႕ဆုံရဖို႔အတြက္ မေမ့ၾကပါဘူး။ ဒါေၾကာင့္ ေအာင္ျမင္ၿပီး ခ်မ္းသာႂကြယ္ဝခ်င္ရင္ မိတ္ေဆြမ်ားမ်ားဖြဲ႕ထားသင့္ပါတယ္။

ကံၾကမၼာကိုယုံၾကည္ျခင္း

 

 

ခ်မ္းသာတဲ့လူေတြက ကံေကာင္းျခင္းကို အလုပ္လုပ္ရင္းနဲ႔ပဲ ရယူတက္ပါတယ္။ (၉၀) ရာခိုင္ႏႈန္းေသာ ဆင္းရဲတဲ့လူေတြက သူတို႔ဆင္းရဲရတာဟာ ကံမေကာင္းလို႔ဆိုၿပီး ကံကိုပဲအျပစ္ပုံခ်တက္ၾကတယ္။ ေအာင္ျမင္တဲ့လူေတြက သူတို႔ဘဝလမ္းေၾကာင္းကို သူတို႔ကိုယ္တိုင္ပဲ ဆုံးျဖတ္ၾကပါတယ္။

အသုံးအျဖဳန္းႀကီးျခင္း

 

Sတစ္ခ်ိဳ႕က ရတဲ့ဝင္ေငြထက္ပိုၿပီးသုံးေနၾကပါတယ္။ မတတ္ႏိုင္တဲ့အရာေတြ၊ မလိုအပ္တဲ့အရေတြအတြက္ ေငြကို အရမ္းမသုံးသင့္ပါဘူး။ ဝင္ေငြကိုခ်င့္ခ်ိန္ၿပီးသုံးမွသာ ႀကီးပြားတိုးတတ္မွာျဖစ္ပါတယ္။

မိမိရဲ႕အလုပ္ကိုမုန္းျခင္း

 

ေအာင္ျမင္တဲ့လူေတြက ‘ငါတို႔လုပ္တဲ့အရာကိုျမတ္ႏိုးတယ္’ လို႔ေျပာဆိုတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ အလုပ္မွာ တစ္ခုခုအဆင္မေျပဘူးဆိုရင္ သူတို႔ရဲ႕အလုပ္နဲ႔ ပတ္သက္ၿပီး မေကာင္းတဲ့အရာေတြကို ပိုၿပီးျမင္ၾကပါတယ္။ အဲဒီလိုစိတ္ဓာတ္မ်ိဳးထားေနမယ္ဆိုရင္ ေအာင္ျမင္ဖို႔ ခက္ခဲလာႏိုင္ပါတယ္။ သင္ လုပ္ေနတဲ့အလုပ္ကို ခ်စ္ျမတ္ႏိုးသင့္ၿပီး သင္လုပ္ေနတဲ့အလုပ္ကို မႀကိဳက္ဘူးဆိုရင္ ေျပာင္းလဲပစ္သင့္ပါတယ္။

က်န္းမာေရးကို ဂ႐ုမစိုက္ျခင္း

 

 

ေအာင္ျမင္ၿပီး ခ်မ္းသာတဲ့သူေတြက ဘယ္ေလာက္ပဲ အလုပ္ရႈပ္ေနပါေစ။ သူတို႔ရဲ႕အခ်ိန္ေတြကို က်န္းမာေရးအတြက္ အခ်ိန္ေပးထားၾကပါတယ္။ တစ္ပတ္ကို ေလးႀကိမ္ ေလ့က်င့္ခန္းလုပ္တာ၊ က်န္းမာေရးနဲ႔ ညီၫြတ္မွ်တတဲ့အစားအစာေတြ စားတာ၊ က်န္းမာေရးနဲ႔ ညီၫႊတ္ေအာင္ ေနထိုင္တာေတြလုပ္ၾကပါတယ္။ ဒါေၾကာင့္ သင့္က်န္းမာေရးကိုလည္း ဂ႐ုစိုက္မွ က်န္းမာေရးေကာင္းၿပီး အလုပ္ေတြလုပ္ႏိုင္ၿပီး ေအာင္ျမင္ခ်မ္းသာတဲ့သူျဖစ္လာမွာျဖစ္ပါတယ္။

 

 

Leave a Comment