Money

ကိုယ့်အိတ်ထဲက ပိုက်ဆံမသုံးခင် သိသင့်တဲ့ စည်းကမ်းလေးတွေ

ငွေဟာ တန်ခိုးအကြီးဆုံး သက်မဲ့နတ်ဘုရားတစ်မျိုးပါပဲ။ ငွေကြောင့်ပဲ လူတွေရဲ့ ခင်မင်မှုနဲ့ မေတ္တာတရားတွေ ပျက်ကြ ၊ ငွေကြောင့်ပဲ တင့်တောင့်တင့်တယ် လူတကာအလယ် နေနိုင်ကြ ၊ ငွေကြောင့်ပဲ သွားလိုရာနဲ့ စားလိုရာကို လွယ်လင့်တကူစားနိုင်ကြ နောက်ဆုံး သေတဲ့အထိ ငွေရှိမှပဲ အလောင်းလှတဲ့အထိ ငွေက ပါဝါကြီးပါတယ်။ ငွေက အရာအားလုံးကို မစီမံနိုင်ပေမယ့် ငွေကြေးချို့တဲ့ခက်ခဲတဲ့သူဟာ လောကမှာ လူလိုသူလို ရှင်သန်နေနိုင်ဖို့ မလွယ်ပါဘူး။

ဒီတော့ ငွေရဲ့ သဘောနဲ့ ငွေကို ဘယ်လိုသုံးစွဲရမလဲဆိုတာနဲ့ ပတ်သက်လို့ စည်းကမ်းတချို့ ရှိပါတယ်။ ဒီစည်းကမ်းလေးတွေကို သိထားရင် ပိုက်ဆံကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အပေါ် အမြင်သစ် ရနိုင်ပါတယ်။

(၁) ပိုက်ဆံက လူတွေကို ပြောင်းလဲတာမဟုတ် ၊ လူတွေရဲ့ ပုံစံအစစ်အမှန်ကိုပဲ ပြတာပါ

 

 

 

ပိုက်ဆံဟာ ဓါတ်ဆီလိုပါပဲ။ သင်သွားချင်တဲ့ နေရာကို မြန်မြန်နဲ့ ဝေးဝေး ရောက်အောင် ပို့ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ကားမောင်းနည်းတော့ သိဖို့ လိုပါတယ်။ ဒီသဘောပါပဲ။ ပိုက်ဆံက အင်အားကြီးပါတယ်။

သူ့ကို ခိုင်းတဲ့သူရဲ့ အလိုအတိုင်း သရုပ်ဆောင်တာ ဖြစ်ပါတယ်။ မီးကို ရတဲ့သူဟာ ဟင်းချက်ရာမှာ သုံးနိုင်သလို မီးရှို့ရာမှာလည်း သုံးနိုင်တယ်ဆိုသလိုပါပဲ။ ငွေကြောင့် လူ့စရိုက်ပြောင်းသွားတာမဟုတ်ဘဲ။ ငွေကပေးတဲ့ အင်အားကို ကိုယ့်အတ္တအရောင်တင်ရာမှာ သုံးရင်းနဲ့ ပြောင်းလဲသွားကြတာပါ။

(၂) မချမ်းသာခင် မဖြုန်းချင်နဲ့

 

သင်ရှာနိုင်တာထက် လျှော့သုံးပါ ဆိုတဲ့ စကားရှိပါတယ်။ ငွေအကြောင်း သင်ခန်းစာမှာ ဒီသင်ခန်းစာကလည်း ထိပ်တန်းအဆင့် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ပါတယ်။ တော်တော်များများ လူချမ်းသာအဆင့်ရောက်မလာကြတဲ့ အကြောင်းရင်းတစ်ခုက ရလာတဲ့ငွေနဲ့ မတန်အောင် အသုံးအဖြုန်းကြီးကြလို့ ဖြစ်တတ်ပါတယ်။

ချမ်းသာပါတယ်ဆိုတဲ့ သူတွေတောင် ကိုယ်ချမ်းသာသလောက်သာ ဇိမ်ခံနေရင် ဆင်းရဲတွင်းထဲ ဆင်းရဖို့ ဖြစ်လာပါလိမ့်မယ်။ သူဌေးတွေကို ဆက်ပြီး ချမ်းသာကြွယ်ဝစေတဲ့ အကြောင်းတွေထဲက တစ်ခုက သူတို့သုံးတာထက် ပိုရှာလို့ပါပဲ။

(၃) ငွေနောက် မလိုက်ပါနဲ့။ ငွေလာချင်တဲ့ ဓါတ်ရှိပါစေ

 

ငွေနောက် မာရသွန်ပြေးလိုက်နေတဲ့သူ မဖြစ်ပါစေနဲ့။ ကိုယ့်နောက် ငွေလိုက်ချင်အောင် လုပ်ပါ။ ကိုယ့်မှာ ငွေလာချင်အောင် ဆွဲငင်တဲ့ သံလိုက်လို အစွမ်းရှိပါစေ။ လူတွေ သင့်ကို ငွေပုံပေးချင်လောက်အောင် ဆွဲဆောင်မှု ရှိလေ ချမ်းသာကြွယ်ဝလေလေပါပဲ။ “ဆင်းရဲတဲ့သူဟာ ငွေအတွက် အလုပ်လုပ်ပေးရပြီး ချမ်းသာတဲ့သူအတွက် ငွေက အလုပ်လုပ်ပေးရတယ်” ဆိုတဲ့ စကားရှိပါတယ်။ ဒီစကားထဲက ဒုတိယလူဖြစ်အောင်သာ ကြိုးစားပါ။

(၄) မှန်ကန်တဲ့မျိုးစေ့မချဘဲနဲ့ ငွေပင်မပေါက်နိုင်

 

\

အိတ်ထဲမှာ ရှိတဲ့ငွေဟာ ပိုပြီး လုံခြုံရတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါဟာ ငွေကို အကြောသေအောင် လုပ်လိုက်တာပါပဲ။ ငွေရဲ့ သဘောဟာ လည်ပတ်စီးဆင်းပြီး လှုပ်ရှားသက်ဝင်နေရမှာပါ။ ငွေကို သိပ်ပြီး အပျင်းမထူပါစေနဲ့။ ငွေနဲ့ စီးပွားရှာပြီး အသက်ရှင်တဲ့ ငွေရှင်ဖြစ်အောင် လုပ်ပါ။

ပိုက်ဆံဆိုတာ သင့်ရဲ့ ကိုယ်ပိုင်စစ်တပ်သဖွယ်ပါပဲ။ ရှေ့တန်းထွက်ပြီး အလားတူ ပိုက်ဆံသုံ့ပန်းတွေ သင့်ဆီ ဖမ်းလာခဲ့ပါစေ။ ဒီတော့ ရင်းနှီးမြှပ်နှံတတ်အောင် ကြိုးစားပါ။ မှန်ကန်တဲ့ မြှပ်နှံမှုတစ်ခုက သင့်အတွက် ရေရှည်စားသုံးနိုင်မယ့် ငွေသီး ငွေပွင့်တွေ ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။

(၅) ငွေရှိတဲ့သူလား ချမ်းသာကြွယ်ဝတဲ့သူလား

 

ပိုက်ဆံတွေအများကြီး ရှိရင် သူဌေးလို့ ခေါ်ကြပါလိမ့်မယ်။ ချမ်းသာတဲ့သူဆိုတာ ငွေရှိရုံ ၊ ငွေရှာနိုင်ရုံအပြင် ငွေကြောင့် အလွန်အမင်း စိတ်ပူပန်ရတာ ၊ ပင်ပန်းတကြီးဖြစ်ပြီး တခြားသူတွေ ထိခိုက်နစ်နာအောင် လုပ်ရတာမျိုး ကင်းတဲ့သူဆိုလိုတာ ဖြစ်ပါတယ်။ တကယ့်ချမ်းသာသူဟာ သူ့ရဲ့ ဓနဥစ္စာတွေကို ကောင်းကောင်းကြီး ထိန်းချုပ်နိုင်တဲ့အပြင် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေး ၊ ကျန်းမာရွှင်လန်းမှု ၊ မိသားစုနဲ့ လူ့အသိုင်းအဝိုင်းအကျိုးမှာပါ ငွေကို အမြော်အမြင်ရှိစွာ အသုံးချနိုင်သူ ဖြစ်ပါတယ်။

 

 

Zawgyi

ေငြဟာ တန္ခိုးအႀကီးဆုံး သက္မဲ့နတ္ဘုရားတစ္မ်ိဳးပါပဲ။ ေငြေၾကာင့္ပဲ လူေတြရဲ႕ ခင္မင္မႈနဲ႔ ေမတၱာတရားေတြ ပ်က္ၾက ၊ ေငြေၾကာင့္ပဲ တင့္ေတာင့္တင့္တယ္ လူတကာအလယ္ ေနႏိုင္ၾက ၊ ေငြေၾကာင့္ပဲ သြားလိုရာနဲ႔ စားလိုရာကို လြယ္လင့္တကူစားႏိုင္ၾက ေနာက္ဆုံး ေသတဲ့အထိ ေငြရွိမွပဲ အေလာင္းလွတဲ့အထိ ေငြက ပါဝါႀကီးပါတယ္။ ေငြက အရာအားလုံးကို မစီမံႏိုင္ေပမယ့္ ေငြေၾကးခ်ိဳ႕တဲ့ခက္ခဲတဲ့သူဟာ ေလာကမွာ လူလိုသူလို ရွင္သန္ေနႏိုင္ဖို႔ မလြယ္ပါဘူး။

ဒီေတာ့ ေငြရဲ႕ သေဘာနဲ႔ ေငြကို ဘယ္လိုသုံးစြဲရမလဲဆိုတာနဲ႔ ပတ္သက္လို႔ စည္းကမ္းတခ်ိဳ႕ ရွိပါတယ္။ ဒီစည္းကမ္းေလးေတြကို သိထားရင္ ပိုက္ဆံကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတဲ့အေပၚ အျမင္သစ္ ရႏိုင္ပါတယ္။

(၁) ပိုက္ဆံက လူေတြကို ေျပာင္းလဲတာမဟုတ္ ၊ လူေတြရဲ႕ ပုံစံအစစ္အမွန္ကိုပဲ ျပတာပါ

 

ပိုက္ဆံဟာ ဓါတ္ဆီလိုပါပဲ။ သင္သြားခ်င္တဲ့ ေနရာကို ျမန္ျမန္နဲ႔ ေဝးေဝး ေရာက္ေအာင္ ပို႔ေဆာင္ႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ့္ ကားေမာင္းနည္းေတာ့ သိဖို႔ လိုပါတယ္။ ဒီသေဘာပါပဲ။ ပိုက္ဆံက အင္အားႀကီးပါတယ္။

သူ႔ကို ခိုင္းတဲ့သူရဲ႕ အလိုအတိုင္း သ႐ုပ္ေဆာင္တာ ျဖစ္ပါတယ္။ မီးကို ရတဲ့သူဟာ ဟင္းခ်က္ရာမွာ သုံးႏိုင္သလို မီးရႈိ႕ရာမွာလည္း သုံးႏိုင္တယ္ဆိုသလိုပါပဲ။ ေငြေၾကာင့္ လူ႔စ႐ိုက္ေျပာင္းသြားတာမဟုတ္ဘဲ။ ေငြကေပးတဲ့ အင္အားကို ကိုယ့္အတၱအေရာင္တင္ရာမွာ သုံးရင္းနဲ႔ ေျပာင္းလဲသြားၾကတာပါ။

(၂) မခ်မ္းသာခင္ မျဖဳန္းခ်င္နဲ႔

 

 

သင္ရွာႏိုင္တာထက္ ေလွ်ာ့သုံးပါ ဆိုတဲ့ စကားရွိပါတယ္။ ေငြအေၾကာင္း သင္ခန္းစာမွာ ဒီသင္ခန္းစာကလည္း ထိပ္တန္းအဆင့္ အေရးႀကီးတဲ့ သင္ခန္းစာျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား လူခ်မ္းသာအဆင့္ေရာက္မလာၾကတဲ့ အေၾကာင္းရင္းတစ္ခုက ရလာတဲ့ေငြနဲ႔ မတန္ေအာင္ အသုံးအျဖဳန္းႀကီးၾကလို႔ ျဖစ္တတ္ပါတယ္။

ခ်မ္းသာပါတယ္ဆိုတဲ့ သူေတြေတာင္ ကိုယ္ခ်မ္းသာသေလာက္သာ ဇိမ္ခံေနရင္ ဆင္းရဲတြင္းထဲ ဆင္းရဖို႔ ျဖစ္လာပါလိမ့္မယ္။ သူေဌးေတြကို ဆက္ၿပီး ခ်မ္းသာႂကြယ္ဝေစတဲ့ အေၾကာင္းေတြထဲက တစ္ခုက သူတို႔သုံးတာထက္ ပိုရွာလို႔ပါပဲ။

(၃) ေငြေနာက္ မလိုက္ပါနဲ႔။ ေငြလာခ်င္တဲ့ ဓါတ္ရွိပါေစ

 

ေငြေနာက္ မာရသြန္ေျပးလိုက္ေနတဲ့သူ မျဖစ္ပါေစနဲ႔။ ကိုယ့္ေနာက္ ေငြလိုက္ခ်င္ေအာင္ လုပ္ပါ။ ကိုယ့္မွာ ေငြလာခ်င္ေအာင္ ဆြဲငင္တဲ့ သံလိုက္လို အစြမ္းရွိပါေစ။ လူေတြ သင့္ကို ေငြပုံေပးခ်င္ေလာက္ေအာင္ ဆြဲေဆာင္မႈ ရွိေလ ခ်မ္းသာႂကြယ္ဝေလေလပါပဲ။ “ဆင္းရဲတဲ့သူဟာ ေငြအတြက္ အလုပ္လုပ္ေပးရၿပီး ခ်မ္းသာတဲ့သူအတြက္ ေငြက အလုပ္လုပ္ေပးရတယ္” ဆိုတဲ့ စကားရွိပါတယ္။ ဒီစကားထဲက ဒုတိယလူျဖစ္ေအာင္သာ ႀကိဳးစားပါ။

(၄) မွန္ကန္တဲ့မ်ိဳးေစ့မခ်ဘဲနဲ႔ ေငြပင္မေပါက္ႏိုင္

 

 

အိတ္ထဲမွာ ရွိတဲ့ေငြဟာ ပိုၿပီး လုံၿခဳံရတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ ဒါဟာ ေငြကို အေၾကာေသေအာင္ လုပ္လိုက္တာပါပဲ။ ေငြရဲ႕ သေဘာဟာ လည္ပတ္စီးဆင္းၿပီး လႈပ္ရွားသက္ဝင္ေနရမွာပါ။ ေငြကို သိပ္ၿပီး အပ်င္းမထူပါေစနဲ႔။ ေငြနဲ႔ စီးပြားရွာၿပီး အသက္ရွင္တဲ့ ေငြရွင္ျဖစ္ေအာင္ လုပ္ပါ။

ပိုက္ဆံဆိုတာ သင့္ရဲ႕ ကိုယ္ပိုင္စစ္တပ္သဖြယ္ပါပဲ။ ေရွ႕တန္းထြက္ၿပီး အလားတူ ပိုက္ဆံသုံ႔ပန္းေတြ သင့္ဆီ ဖမ္းလာခဲ့ပါေစ။ ဒီေတာ့ ရင္းႏွီးျမႇပ္ႏွံတတ္ေအာင္ ႀကိဳးစားပါ။ မွန္ကန္တဲ့ ျမႇပ္ႏွံမႈတစ္ခုက သင့္အတြက္ ေရရွည္စားသုံးႏိုင္မယ့္ ေငြသီး ေငြပြင့္ေတြ ေပါက္ဖြားေစမွာ ျဖစ္ပါတယ္။

(၅) ေငြရွိတဲ့သူလား ခ်မ္းသာႂကြယ္ဝတဲ့သူလား

 

Photo: Freepik

ပိုက္ဆံေတြအမ်ားႀကီး ရွိရင္ သူေဌးလို႔ ေခၚၾကပါလိမ့္မယ္။ ခ်မ္းသာတဲ့သူဆိုတာ ေငြရွိ႐ုံ ၊ ေငြရွာႏိုင္႐ုံအျပင္ ေငြေၾကာင့္ အလြန္အမင္း စိတ္ပူပန္ရတာ ၊ ပင္ပန္းတႀကီးျဖစ္ၿပီး တျခားသူေတြ ထိခိုက္နစ္နာေအာင္ လုပ္ရတာမ်ိဳး ကင္းတဲ့သူဆိုလိုတာ ျဖစ္ပါတယ္။ တကယ့္ခ်မ္းသာသူဟာ သူ႔ရဲ႕ ဓနဥစၥာေတြကို ေကာင္းေကာင္းႀကီး ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ ကိုယ္ရည္ကိုယ္ေသြးဖြံ႕ၿဖိဳးေရး ၊ က်န္းမာ႐ႊင္လန္းမႈ ၊ မိသားစုနဲ႔ လူ႔အသိုင္းအဝိုင္းအက်ိဳးမွာပါ ေငြကို အေျမာ္အျမင္ရွိစြာ အသုံးခ်ႏိုင္သူ ျဖစ္ပါတယ္။

 

 

Leave a Comment