Wed. Oct 27th, 2021

ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်”ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။ အပြောင်းအလဲတစ်ခုကို လက်ခံပြီး ကိုယ့်ဘက်က ပြင်ဆင်တတ်တဲ့သူတွေနဲ့ နေသာသလို နေရင်းနဲ့ သူလိုကိုယ်လိုဘဝက မတက်တဲ့သူတွေအကြောင်းကို စကားကျဉ်းကျဉ်း အဓိပ္ပါယ်ကျယ်ကျယ်နဲ့ သတိပေးထားတဲ့ စကားပုံပါ။

 

အခုခေတ်မှာ ထင်မထားတဲ့ အပြောင်းအလဲတွေ ၊ မကြုံဖူးတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို လူတိုင်းလိုလို ကြုံနေကြပါတယ်။ COVID-19 ကပ်ဘေးကြီး ဖြစ်လာပြီးနောက် ကျွန်တော်တို့ဟာ တစ်ခါမှ မစဉ်းစားဖူးတဲ့ လူနေမှုပုံစံသစ်နဲ့ နေထိုင်ရဖို့ ဖြစ်လာပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ ပုံစံနဲ့ အလုပ်တွေ လုပ်လာရပါတယ်။

 

New Normal ပုံစံသစ်နဲ့ အသားတကျနေနိုင်အောင် ကြုံလာတဲ့ အခက်အခဲနဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရတော့မှာပါ။ အခုလို လူမှုပုံစံသစ်မှာ အခက်အခဲတွေကို ရှောင်ပြေးမယ်ဆိုရင် အခွင့်အလမ်းတွေ အားလုံးလက်လွတ်ဆုံးရှုံးအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အတွေ့အကြုံသစ်တွေကို ရင်ဆိုင်ဖြေရှင်းမှသာ ပြောင်းလဲလာတဲ့ လူမှုပုံစံနဲ့ အလိုက်သင့်နေနိုင်ပြီး အကောင်းဆုံး ရှင်သန်သွားနိုင်မှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အရင်လို သာတောင့်သာယာ သက်သက်သာသာ နေထိုင်ခဲ့တဲ့ လူနေမှုပုံစံကနေ ခေတ်စနစ်သစ်နဲ့ လိုက်ဖက်အောင် ဘယ်လိုနေရမလဲဆိုတာ အသည်းအသန်ကြံဆရတော့မှာပါ။ လူမှုဘဝပုံစံသစ်မှာ ကြုံလာမယ့်ပြဿနာအခက်အခဲတွေအတွက် ကိုယ်စွမ်းဉာဏ်စွမ်းကို အစွမ်းကုန်ထုတ်သုံးပြီး ကိုယ့်ရဲ့ ရှင်သန်ရေးအတွက် တည်ဆောက်ပြုပြင်မှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။

အခက်အခဲတွေကို စိန်ခေါ်ရင်ဆိုင်ခြင်းအားဖြင့် လဲကျတဲ့အခါတွေ ရှိမယ် ၊ ထမြောက်အောင်မြင်တဲ့အချိန်တွေလည်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် ဘဝကို ပိုရင့်ကျက်မာကျောတဲ့ စိတ်နဲ့ ဖြတ်သန်းနိုင်မယ့် ခွန်အားနဲ့ ပညာရလာမှာပါ။ အခက်အခဲတွေကို ကိုယ်တိုင်ရင်ဆိုင်ရပြီးနောက် ကိုယ့်ခွန်ကိုယ်အားကို ပိုယုံကြည်မှုရှိလာပါလိမ့်မယ်။ ဒါဟာ ငွေကြေးနဲ့ စာအုပ်တွေက မပေးနိုင်တဲ့ အထူးကဲဆုံး စိတ်အဆင့်မြင့်တက်ခြင်းပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် အခက်အခဲတွေနဲ့ ကြုံလာချိန်မှာ ရင်ဆိုင်ဖြတ်သန်းဖို့ ပြင်ဆင်ပါ။ နေရိုးနေစဉ် ပေါ့ပေါ့တွေးတဲ့ ဘဝကနေ ခုန်ထွက်ဖို့ သတ္တိမွေးပါ။ လိုအပ်တဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေ ဖြည့်ဆည်းထားပါ။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ပေါင်းသင်းပါ။ ဒီနည်းနဲ့ လူမှုဘဝပုံစံသစ်ကို အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းလိုက်ပါလို့ အကြံပြုလိုက်ရပါတယ်။

Zawgyi

ေၾကာက္ရင္လြဲ ရဲရင္မင္းျဖစ္”ဆိုတဲ့ စကားပုံတစ္ခု ရွိပါတယ္။ အေျပာင္းအလဲတစ္ခုကို လက္ခံၿပီး ကိုယ့္ဘက္က ျပင္ဆင္တတ္တဲ့သူေတြနဲ႔ ေနသာသလို ေနရင္းနဲ႔ သူလိုကိုယ္လိုဘဝက မတက္တဲ့သူေတြအေၾကာင္းကို စကားက်ဥ္းက်ဥ္း အဓိပၸါယ္က်ယ္က်ယ္နဲ႔ သတိေပးထားတဲ့ စကားပုံပါ။

အခုေခတ္မွာ ထင္မထားတဲ့ အေျပာင္းအလဲေတြ ၊ မႀကဳံဖူးတဲ့ အခက္အခဲနဲ႔ စိန္ေခၚမႈေတြကို လူတိုင္းလိုလို ႀကဳံေနၾကပါတယ္။ COVID-19 ကပ္ေဘးႀကီး ျဖစ္လာၿပီးေနာက္ ကြၽန္ေတာ္တို႔ဟာ တစ္ခါမွ မစဥ္းစားဖူးတဲ့ လူေနမႈပုံစံသစ္နဲ႔ ေနထိုင္ရဖို႔ ျဖစ္လာပါတယ္။ ကိုယ္မလုပ္ဖူးတဲ့ ပုံစံနဲ႔ အလုပ္ေတြ လုပ္လာရပါတယ္။

 

Photo: Freepik

New Normal ပုံစံသစ္နဲ႔ အသားတက်ေနႏိုင္ေအာင္ ႀကဳံလာတဲ့ အခက္အခဲနဲ႔ စိန္ေခၚခ်က္ေတြကို ရင္ဆိုင္ရေတာ့မွာပါ။ အခုလို လူမႈပုံစံသစ္မွာ အခက္အခဲေတြကို ေရွာင္ေျပးမယ္ဆိုရင္ အခြင့္အလမ္းေတြ အားလုံးလက္လြတ္ဆုံးရႈံးေအာင္ လုပ္ေနတာနဲ႔ အတူတူပါပဲ။ အေတြ႕အႀကဳံသစ္ေတြကို ရင္ဆိုင္ေျဖရွင္းမွသာ ေျပာင္းလဲလာတဲ့ လူမႈပုံစံနဲ႔ အလိုက္သင့္ေနႏိုင္ၿပီး အေကာင္းဆုံး ရွင္သန္သြားႏိုင္မွာ ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ အရင္လို သာေတာင့္သာယာ သက္သက္သာသာ ေနထိုင္ခဲ့တဲ့ လူေနမႈပုံစံကေန ေခတ္စနစ္သစ္နဲ႔ လိုက္ဖက္ေအာင္ ဘယ္လိုေနရမလဲဆိုတာ အသည္းအသန္ႀကံဆရေတာ့မွာပါ။ လူမႈဘဝပုံစံသစ္မွာ ႀကဳံလာမယ့္ျပႆနာအခက္အခဲေတြအတြက္ ကိုယ္စြမ္းဉာဏ္စြမ္းကို အစြမ္းကုန္ထုတ္သုံးၿပီး ကိုယ့္ရဲ႕ ရွင္သန္ေရးအတြက္ တည္ေဆာက္ျပဳျပင္မႈေတြ လုပ္ရေတာ့မွာ ျဖစ္ပါတယ္။

အခက္အခဲေတြကို စိန္ေခၚရင္ဆိုင္ျခင္းအားျဖင့္ လဲက်တဲ့အခါေတြ ရွိမယ္ ၊ ထေျမာက္ေအာင္ျမင္တဲ့အခ်ိန္ေတြလည္း ရွိမယ္။ ဘာပဲျဖစ္ျဖစ္ ဘဝကို ပိုရင့္က်က္မာေက်ာတဲ့ စိတ္နဲ႔ ျဖတ္သန္းႏိုင္မယ့္ ခြန္အားနဲ႔ ပညာရလာမွာပါ။ အခက္အခဲေတြကို ကိုယ္တိုင္ရင္ဆိုင္ရၿပီးေနာက္ ကိုယ့္ခြန္ကိုယ္အားကို ပိုယုံၾကည္မႈရွိလာပါလိမ့္မယ္။ ဒါဟာ ေငြေၾကးနဲ႔ စာအုပ္ေတြက မေပးႏိုင္တဲ့ အထူးကဲဆုံး စိတ္အဆင့္ျမင့္တက္ျခင္းပဲ ျဖစ္ပါတယ္။

 

Photo: Freepik

ဒါေၾကာင့္ အခက္အခဲေတြနဲ႔ ႀကဳံလာခ်ိန္မွာ ရင္ဆိုင္ျဖတ္သန္းဖို႔ ျပင္ဆင္ပါ။ ေန႐ိုးေနစဥ္ ေပါ့ေပါ့ေတြးတဲ့ ဘဝကေန ခုန္ထြက္ဖို႔ သတၱိေမြးပါ။ လိုအပ္တဲ့ စြမ္းရည္နဲ႔ ကြၽမ္းက်င္မႈေတြ ျဖည့္ဆည္းထားပါ။ မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေပါင္းသင္းပါ။ ဒီနည္းနဲ႔ လူမႈဘဝပုံစံသစ္ကို အေကာင္းဆုံး ရင္ဆိုင္ျဖတ္သန္းလိုက္ပါလို႔ အႀကံျပဳလိုက္ရပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *