success

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသားဘီလျံနာ (၅) ဦး

ဘီလျံနာလို့ ပြောလိုက်ရင် အသက် ၄၀ / ၅၀ တန်းတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ အခုတစ်ခေါက် တင်ပြချင်တဲ့ ဘီလျံနာတွေက အသက် ၃၀ အောက်အရွယ်ပဲ ရှိကြသေးတာပါ။ ကြိုပြောချင်တာ တစ်ခုက သူတို့အများစုဟာ Rich Kids တွေအဖြစ် မွေးလာတာပါပဲ။ ဒါပေမယ့်လည်း သူတို့ကိုယ်တိုင် အစွမ်းအစနဲ့ မိဘအမွေကို ကြီးပွားအောင် လုပ်နေသူတွေလည်း ဖြစ်ပါတယ်။

(၁) Gustav Magnar Witzoe

 

 

Gustav ရဲ့ အဖေက ဆယ်လ်မွန်ငါးထုတ်လုပ်ရေးလုပ်ငန်းကို အကြီးအကျယ် လုပ်နေတဲ့သူပါ။ အသက် ၂၇ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒီလူငယ်ဟာ သူ့အဖေဆီက ဒေါ်လာဘီလျံနဲ့ချီပြီး အမွေဆက်ခံခဲ့တာပါ။ သူ့ဖခင်ဆီက အမွေအဖြစ် ကုမ္ပဏီရှယ်ယာထက်ဝက်နီးပါး ရခဲ့တာပါ။ Gustav ကတော့ အိမ်ခြံမြေနဲ့ နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံနေပါတယ်။ သူကတော့ ဒေါ်လာ ၃ ဘီလျံ ချမ်းသာပါတယ်။

(၂) Ritesh Agarwal

 

 

ကမ္ဘာ့ဒုတိယအသက်အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်ဘီလျံနာတစ်ဦးပါ။ တခြားသူတွေလို မိမွေဖမွေနဲ့ ချမ်းသာတာ မဟုတ်ဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ကြီးပွားလာသူ ဖြစ်ပါတယ်။ Oyo Hotels လုပ်ငန်းစု တည်ထောင်သူ Ritesh Agarwal ဟာ အသက် ၂၄ နှစ်အရွယ်နဲ့ ဒေါ်လာ ၁.၁ ဘီလျံ (ရူပီးကု‌‌ဋေ ၇၈၀၀ ) ချမ်းသာသူပါ။

သူတည်ထောင်ခဲ့တဲ့ Oyo Hotels ဟာ အိန္ဒိယရဲ့ အကြီးဆုံး ဟိုတယ်လုပ်ငန်းစု ဖြစ်လာပါတယ်။ သူ့လုပ်ငန်းတန်ဖိုးဟာ ဒေါ်လာ ၁၀ ဘီလျံအထိ ရှိတယ်လို့ ဆိုပါတယ်။ Startup တစ်ခုအဖြစ်ကနေ စတင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ တရုတ်မှာလည်း ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းစု ဖြစ်လာသလို အမေရိကန်နဲ့ ဥရောပတို့မှာပါ ဈေးကွက်ချဲ့ထွင်ထားပါတယ်။

(၃) John & Patrick Collison

 

 

အိုင်ယာလန် စွန့်ဦးတီထွင်လုပ်ငန်းရှင်နှစ်ဦးဖြစ်တဲ့ John နဲ့ Patrick Collison တို့ ညီအစ်ကိုနှစ်ဦးဟာ အသက် ၂၉ နှစ်နဲ့ ၃၁ နှစ်အရွယ်ပဲ ရှိသေးပေမယ့် တစ်ယောက်ကို ဒေါ်လာ ၃.၂ ဘီလျံစီ ချမ်းသာပါတယ်။ သူတို့နှစ်ဦးဟာ ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ Stripe ဆိုတဲ့ နည်းပညာကုမ္ပဏီတစ်ခု တည်ထောင်ထားတာပါ။ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလျံ ၃၀ ခန့် ရှိပါတယ်။

(၄) Evan Spiegel

 

Snap Inc လို့ ခေါ်တဲ့ လူမှုကွန်ရက်ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Evan Spiegel ဟာ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကတည်းက အသက်အငယ်ဆုံး ဘီလျံနာဖြစ်ခဲ့သူပါ။ အခု သူ့အသက်ဟာ ၃၀ ပြည့်ပြီ ဖြစ်ပါတယ်။ စတန်းဖို့ဒ်မှာ ကျောင်းတက်ကတည်းက သူနဲ့ သူ့သူငယ်ချင်းတွေပေါင်းပြီး Snapchat ကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Evan Spiegel ဟာ ဒေါ်လာ၂.၄ ဘီလျံ ချမ်းသာသူ ဖြစ်ပါတယ်။

(၅) Pedro De Godoy Bueno

 

Pedro de Godoy Bueno

အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ Pedro ရဲ့ ဖခင်ဖြစ်သူဟာ ဘရာဇီးမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ထဲက တစ်ဦး ဖြစ်ပါတယ်။ ‌ဆေးဝါးဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Diagnosticos da America SA ကုမ္ပဏီကို ထောင်ထားပါတယ်။ သူ့ဖခင်ဆီကလည်း ကုမ္ပဏီရှယ်ယာ အမွေတွေ ရထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကုမ္ပဏီရှယ်ယာတွေ ဆတိုးတက်လာပြီး Pedro လည်း ဘီလျံနာစာရင်းဝင် ဖြစ်လာပါတယ်။

 

 

Zawgyi

ဘီလ်ံနာလို႔ ေျပာလိုက္ရင္ အသက္ ၄၀ / ၅၀ တန္းေတြကိုပဲ ေျပးျမင္ၾကမယ္ ထင္ပါတယ္။ အခုတစ္ေခါက္ တင္ျပခ်င္တဲ့ ဘီလ်ံနာေတြက အသက္ ၃၀ ေအာက္အ႐ြယ္ပဲ ရွိၾကေသးတာပါ။ ႀကိဳေျပာခ်င္တာ တစ္ခုက သူတို႔အမ်ားစုဟာ Rich Kids ေတြအျဖစ္ ေမြးလာတာပါပဲ။ ဒါေပမယ့္လည္း သူတို႔ကိုယ္တိုင္ အစြမ္းအစနဲ႔ မိဘအေမြကို ႀကီးပြားေအာင္ လုပ္ေနသူေတြလည္း ျဖစ္ပါတယ္။

(၁) Gustav Magnar Witzoe

 

Gustav ရဲ႕ အေဖက ဆယ္လ္မြန္ငါးထုတ္လုပ္ေရးလုပ္ငန္းကို အႀကီးအက်ယ္ လုပ္ေနတဲ့သူပါ။ အသက္ ၂၇ ႏွစ္အ႐ြယ္ပဲ ရွိေသးတဲ့ ဒီလူငယ္ဟာ သူ႔အေဖဆီက ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး အေမြဆက္ခံခဲ့တာပါ။ သူ႔ဖခင္ဆီက အေမြအျဖစ္ ကုမၸဏီရွယ္ယာထက္ဝက္နီးပါး ရခဲ့တာပါ။ Gustav ကေတာ့ အိမ္ၿခံေျမနဲ႔ နည္းပညာလုပ္ငန္းေတြမွာ ရင္းႏွီးျမႇပ္ႏွံေနပါတယ္။ သူကေတာ့ ေဒၚလာ ၃ ဘီလ်ံ ခ်မ္းသာပါတယ္။

(၂) Ritesh Agarwal

 

 

ကမာၻ႔ဒုတိယအသက္အငယ္ဆုံး ကိုယ့္ဒူးကိုယ္ခြၽန္ဘီလ်ံနာတစ္ဦးပါ။ တျခားသူေတြလို မိေမြဖေမြနဲ႔ ခ်မ္းသာတာ မဟုတ္ဘဲ ကိုယ္စြမ္းကိုယ္စနဲ႔ ႀကီးပြားလာသူ ျဖစ္ပါတယ္။ Oyo Hotels လုပ္ငန္းစု တည္ေထာင္သူ Ritesh Agarwal ဟာ အသက္ ၂၄ ႏွစ္အ႐ြယ္နဲ႔ ေဒၚလာ ၁.၁ ဘီလ်ံ (႐ူပီးကု‌‌ေဋ ၇၈၀၀ ) ခ်မ္းသာသူပါ။

သူတည္ေထာင္ခဲ့တဲ့ Oyo Hotels ဟာ အိႏၵိယရဲ႕ အႀကီးဆုံး ဟိုတယ္လုပ္ငန္းစု ျဖစ္လာပါတယ္။ သူ႔လုပ္ငန္းတန္ဖိုးဟာ ေဒၚလာ ၁၀ ဘီလ်ံအထိ ရွိတယ္လို႔ ဆိုပါတယ္။ Startup တစ္ခုအျဖစ္ကေန စတင္ခဲ့တဲ့ ဒီလုပ္ငန္းဟာ တ႐ုတ္မွာလည္း ဒုတိယအႀကီးဆုံး ဟိုတယ္လုပ္ငန္းစု ျဖစ္လာသလို အေမရိကန္နဲ႔ ဥေရာပတို႔မွာပါ ေဈးကြက္ခ်ဲ႕ထြင္ထားပါတယ္။

(၃) John & Patrick Collison

 

 

အိုင္ယာလန္ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ႏွစ္ဦးျဖစ္တဲ့ John နဲ႔ Patrick Collison တို႔ ညီအစ္ကိုႏွစ္ဦးဟာ အသက္ ၂၉ ႏွစ္နဲ႔ ၃၁ ႏွစ္အ႐ြယ္ပဲ ရွိေသးေပမယ့္ တစ္ေယာက္ကို ေဒၚလာ ၃.၂ ဘီလ်ံစီ ခ်မ္းသာပါတယ္။ သူတို႔ႏွစ္ဦးဟာ ဆန္ဖရန္စစၥကိုမွာ ရွိတဲ့ Stripe ဆိုတဲ့ နည္းပညာကုမၸဏီတစ္ခု တည္ေထာင္ထားတာပါ။ ကုမၸဏီရဲ႕ တန္ဖိုးဟာ ေဒၚလာဘီလ်ံ ၃၀ ခန႔္ ရွိပါတယ္။

(၄) Evan Spiegel

 

 

Snap Inc လို႔ ေခၚတဲ့ လူမႈကြန္ရက္ကုမၸဏီကို တည္ေထာင္ခဲ့တဲ့ Evan Spiegel ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ႏွစ္ကတည္းက အသက္အငယ္ဆုံး ဘီလ်ံနာျဖစ္ခဲ့သူပါ။ အခု သူ႔အသက္ဟာ ၃၀ ျပည့္ၿပီ ျဖစ္ပါတယ္။ စတန္းဖို႔ဒ္မွာ ေက်ာင္းတက္ကတည္းက သူနဲ႔ သူ႔သူငယ္ခ်င္းေတြေပါင္းၿပီး Snapchat ကုမၸဏီကို တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ Evan Spiegel ဟာ ေဒၚလာ၂.၄ ဘီလ်ံ ခ်မ္းသာသူ ျဖစ္ပါတယ္။

(၅) Pedro De Godoy Bueno

 

အသက္ ၂၉ ႏွစ္ ရွိၿပီ ျဖစ္တဲ့ Pedro ရဲ႕ ဖခင္ျဖစ္သူဟာ ဘရာဇီးမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္ထဲက တစ္ဦး ျဖစ္ပါတယ္။ ‌ေဆးဝါးဆိုင္ရာ နည္းပညာကုမၸဏီတစ္ခု ျဖစ္တဲ့ Diagnosticos da America SA ကုမၸဏီကို ေထာင္ထားပါတယ္။ သူ႔ဖခင္ဆီကလည္း ကုမၸဏီရွယ္ယာ အေမြေတြ ရထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကုမၸဏီရွယ္ယာေတြ ဆတိုးတက္လာၿပီး Pedro လည္း ဘီလ်ံနာစာရင္းဝင္ ျဖစ္လာပါတယ္။

 

 

Leave a Comment