Daily News

မသန်စွမ်းဖြစ်နေသော်လည်း ပါးစပ်နှင့်အသုံးပြုပြီး ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့သော မိန်းကလေး

မသန်စွမ်းသူ အများစုမှာ တော်ရုံ စိတ်ဓာတ်မကျပဲ ကြိုးစားအားထုတ်မှုကြောင့် နောက်ဆုံးအောင်မြင်လာတတ်ကြသည်။


ယခုအခါတွင်လည်း အမေရိကန်နိုင်ငံမှ Jessica Ruizအမည်ရှိသော အသက် ၂၆နှစ်အရွယ် မိန်းကလေးသည် မွေးရာပါ အရိုးအဆစ်မသန်စွမ်းသူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး သူမဘဝကို ဝှီးချဲလ်လေးပေါ်မှာ အချိန်ကုန်စေခဲ့သည်။


မိန်းကလးသည် အလှအပရေးရာနှင့် ပက်သက်ပြီး အထူးစိတ်ဝင်စားကာ မိတ်ကပ်သင်တန်းများ တက်ရောက်သင်ယူချခဲ့ရာ မသန်စွမ်းဖြစ်နေသည့်အတွက် သင်တန်းမှသင်ခွင့် မပြုခဲ့၍ အတော်လေး စိတ်ထိခိုက်ခဲ့ရသည်။


မိန်းကလေးသည် လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်နေတာကြောင့် အခြားသူများလို လက်နှစ်ဖက်နှင့် အားစိုက်ပြီး မပြင်နိုင်ပဲ ပါးစပ်ကိုသာ အားကိုးပြီး အလှပြင်ခဲ့သည်။


ထိုစဉ် မိန်းကလေးအား အခြားသော အလှပြင်သင်တန်းတစ်ခုမှ တက်ရောက်ခွင့်ပြုခဲ့၍ သင်ကြားခဲ့စဉ် မိတ်ကပ် အစမ်းပြင်ပေးသည့်ချိန်မှာတော့ သူမဧ။်အရည်အချင်းမှာ ထူးကဲနေတာကြောင့် သင်တန်းဆရာမှာ အံ့အားသင့်ခဲ့ကြသည်။


ကံကောင်းချင်၍ မိန်းကလေးဧ။် မိတ်ကပ်အစွမ်းမှာ နာမည်ကြီးသွားခဲ့ပြီး မော်ဒယ်ရွေးချယ်သည့် ရှိုးပွဲတွင် ပြင်ပေးရန် ကမ်းလှမ်းခံရပြီးနောက် ပိုမိုပြီးအောင်မြင်လာခဲ့ရာ ယခုအခါမှာတော့ ပရော်ဖက်ရှင်နယ် မိတ်ကပ်ဆရာတစ်ယောက်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။

Hlaing (Love Feeling)

Zawgyi











Hlaing (Love Feeling)

Leave a Comment