Daily News

အသက်အရွယ်အားဖြင့် ၄၃နှစ်ကွာခြားသော်လည်း အချစ်ကိုဘုရားပေးကတဲ့ ဆုလာဘ်တစ်ခုအဖြစ် ခံယူထားသော ဇနီးမောင်နှံ

ဗီယက်နမ်နိုင်ငံ Ha Namတွင် နေထိုင်သော အသက် ၇၇နှစ်အရွယ် အဖိုးအိုနှင့် အသက် ၃၄နှစ်အရွယ် မိန်းကလေးတို့သည် အသက်အရွယ်မှာ အရမ်းကွာခြားနေသော်လည်း ချစ်တဲ့စိတ်တစ်ခုတည်းနှင့် ပျော်ရွှင်သာယာသော အိမ်ထောင်ရေးအဖြစ် တည်ဆောက်ထားသည်။


အဖိုးအိုသည် ဆင်းရဲနွမ်းပါးသည့်အတွက် မည်သူမျှကြိုက်မယ့်သူမရှိခဲ့ပဲ လူပျိုကြီးဘဝနှင့် အလုပ်တွေလုပ်ပြီး အချိန်ကုန်နေစဥ် ဇနီးဖြစ်သူမှာ လူ့လောကကြီးထဲတွင် မမွေးဖွားလာသေးပေ။


ထို့နောက် အဖိုးအိုသည် စားဝတ်နေရေးအတွက်မြို့ထဲတွင် အလုပ်သွားလုပ်ခဲ့ရင်း မိခင်ဖြစ်သူမှာ နေမကောင်းဖြစ်၍ အိမ်သို့ပြန်လာပြီး ကျွေးမွေးပြုစုချိန်ခါမှ လမ်းလေးပဲခြားသော ဇနီးဖြစ်သူနှင့် ဆုံတွေ့ခဲ့သည်။


သူတို့နှစ်ဦးသည် အိမ်နီးချင်းလည်း ဖြစ်သည့်အတွက် ရင်းနှီးမှုကနေ ချစ်ကြိုက်ခဲ့ပြီး အိမ်ကသဘောမတူသည့်ကြားက ရဲရဲဝံ့ဝံ့လက်ထပ်ဖြစ်ခဲ့ကြသည်။


ယခုအခါတွင် သူတို့ဇနီးမောင်နှံသည် သားသမီး ၃ယောက်နှင့်အတူ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလျက်ရှိသည်။

Hlaing (Love Feeling)

Zawgyi












Hlaing (Love Feeling)

Leave a Comment