Wed. Oct 27th, 2021

ကျွန်တော်က မချစ်ရပဲနဲ့လည်း နေနိုင်တယ်ဆိုတဲ့ လူစားတစ်မျိုးပါပဲ..

 

ကျွန်တော်က မချစ်ရပဲနဲ့လည်း နေနိုင်တယ်ဆိုတဲ့ လူစားတစ်မျိုးပါပဲ။ မချစ်တတ်တာ မဟုတ်ဘူးနော်။ ချစ်တတ်တယ် ။ ချစ်ခြင်းမေတ္တာကိုလည်း အယုံကြည်ရှိတယ် ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို မချစ်ရလည်းဖြစ်တယ် ၊ ကျွန်တော့်အတွက် အချစ်မခံရလည်း ရတယ်ဆိုတာမျိုး။

ရည်းစားမရှိလို့ တစ်ယောက်ထဲ နေနေရလည်း အဆင်ပြေနေတာပဲ။ အထီးကျန် lonely ဖြစ်တယ်လို့ မခံစားမိပြန်ဘူး။ အချစ်မရှိရင် မနေနိုင်မထိုင်နိုင်ဖြစ်တတ်တဲ့ type က ကျွန်တော် မဟုတ်ခဲ့ဘူး။ ရည်းစားရှိတဲ့ သူတွေ romatic ဆန်တဲ့အချိန်လေးတွေကို သဘောကျမိတယ် ။ အားကျမိတယ် ။ ဒါပေမဲ့ ခဏလေးပဲ။ ပြီးရင် ကိုယ့်ဘဝနဲ့ကိုယ် အသားကျသွားရော။

ချစ်ခဲ့ဖူးတယ် ။ ရည်းစားထားခဲ့ဖူးတယ် ။ but အရမ်းကြီး serious မဖြစ်ခဲ့ဖူးဘူး။ ကိုယ့်ဘဝနဲ့ ကိုယ် အဆင်ပြေနေတာပါပဲ။ အသက်တွေ ကြီးလာလည်းအရမ်းကြီး ချစ်သူ ရည်းစားကို တောင့်တမိနေတာမျိုး မဟုတ်ပြန်ဘူး။ ဘဝမှာ တစ်ခါလောက်တော့ ချစ်ဖူးကြည့်ချင်တဲ့ စိတ်ရှိတယ် ။ but ရူးရူးမူးမူးကြီးတော့ မဖြစ်သေးဘူး ။ ရူးရူးမူးမူး ဖြစ်ရမဲ့သူ မတွေ့သေးလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်မှာပေါ့။

ဒါဆို မေးနိုင်စရာ တစ်ခုရှိမယ် ။ မင်းက အချစ်မရှိပဲ နေနိုင်သွားပြီးလားဆိုတဲ့ မေးခွန်းမျိုး။ ဟင့်အင်း .မနေနိုင်ပါဘူး။ ကျွန်တော်လည်း ဘဝမှာ လူတစ်ယောက်ကို နက်နက်နဲနဲ နဲ့ တစ်သက်လုံး ချစ်သွားကြည့်အုံးမှာ ။ ကျွန်တောိ မြတ်နိုးရတဲ့လူတွေ့လာရင် အစွမ်းကုန်ချစ်ပေးမှာ။ But. . . အခုတော့ ရည်းစားမရရင် မဖြစ်ပါဘူးဆိုတဲ့ထဲမှာ ကျွန်တော် မပါသေးပါဘူး။ တစ်ယောက်ထဲ နေနေရလည်း သဘောကျပါတယ် ။

ခဲတံ

ကြၽန္ေတာ္က မခ်စ္ရပဲနဲ႔လည္း ေနႏိုင္တယ္ဆိုတဲ့ လူစားတစ္မ်ိဳးပါပဲ..

 

ကြၽန္ေတာ္က မခ်စ္ရပဲနဲ႔လည္း ေနႏိုင္တယ္ဆိုတဲ့ လူစားတစ္မ်ိဳးပါပဲ။ မခ်စ္တတ္တာ မဟုတ္ဘူးေနာ္။ ခ်စ္တတ္တယ္ ။ ခ်စ္ျခင္းေမတၱာကိုလည္း အယုံၾကည္ရွိတယ္ ။ ဒါေပမဲ့ တစ္စုံတစ္ေယာက္ကို မခ်စ္ရလည္းျဖစ္တယ္ ၊ ကြၽန္ေတာ့္အတြက္ အခ်စ္မခံရလည္း ရတယ္ဆိုတာမ်ိဳး။

ရည္းစားမရွိလို႔ တစ္ေယာက္ထဲ ေနေနရလည္း အဆင္ေျပေနတာပဲ။ အထီးက်န္ lonely ျဖစ္တယ္လို႔ မခံစားမိျပန္ဘူး။ အခ်စ္မရွိရင္ မေနႏိုင္မထိုင္ႏိုင္ျဖစ္တတ္တဲ့ type က ကြၽန္ေတာ္ မဟုတ္ခဲ့ဘူး။ ရည္းစားရွိတဲ့ သူေတြ romatic ဆန္တဲ့အခ်ိန္ေလးေတြကို သေဘာက်မိတယ္ ။ အားက်မိတယ္ ။ ဒါေပမဲ့ ခဏေလးပဲ။ ၿပီးရင္ ကိုယ့္ဘဝနဲ႔ကိုယ္ အသားက်သြားေရာ။

ခ်စ္ခဲ့ဖူးတယ္ ။ ရည္းစားထားခဲ့ဖူးတယ္ ။ but အရမ္းႀကီး serious မျဖစ္ခဲ့ဖူးဘူး။ ကိုယ့္ဘဝနဲ႔ ကိုယ္ အဆင္ေျပေနတာပါပဲ။ အသက္ေတြ ႀကီးလာလည္းအရမ္းႀကီး ခ်စ္သူ ရည္းစားကို ေတာင့္တမိေနတာမ်ိဳး မဟုတ္ျပန္ဘူး။ ဘဝမွာ တစ္ခါေလာက္ေတာ့ ခ်စ္ဖူးၾကည့္ခ်င္တဲ့ စိတ္ရွိတယ္ ။ but ႐ူး႐ူးမူးမူးႀကီးေတာ့ မျဖစ္ေသးဘူး ။ ႐ူး႐ူးမူးမူး ျဖစ္ရမဲ့သူ မေတြ႕ေသးလို႔လည္း ျဖစ္ေကာင္း ျဖစ္ႏိုင္မွာေပါ့။

ဒါဆို ေမးႏိုင္စရာ တစ္ခုရွိမယ္ ။ မင္းက အခ်စ္မရွိပဲ ေနႏိုင္သြားၿပီးလားဆိုတဲ့ ေမးခြန္းမ်ိဳး။ ဟင့္အင္း .မေနႏိုင္ပါဘူး။ ကြၽန္ေတာ္လည္း ဘဝမွာ လူတစ္ေယာက္ကို နက္နက္နဲနဲ နဲ႔ တစ္သက္လုံး ခ်စ္သြားၾကည့္အုံးမွာ ။ ကြၽန္ေတာိ ျမတ္ႏိုးရတဲ့လူေတြ႕လာရင္ အစြမ္းကုန္ခ်စ္ေပးမွာ။ But. . . အခုေတာ့ ရည္းစားမရရင္ မျဖစ္ပါဘူးဆိုတဲ့ထဲမွာ ကြၽန္ေတာ္ မပါေသးပါဘူး။ တစ္ေယာက္ထဲ ေနေနရလည္း သေဘာက်ပါတယ္ ။

ခဲတံ

 

Leave a Reply

Your email address will not be published. Required fields are marked *