Love

ဝေးသွားပြီးမှ ပြန်လိုချင်နေလို့မရဘူး

လမ်းခွဲမယ်လို့ ဆုံးဖြတ်ပြီးရင် နောက်ပြန်လှည့််မကြည့်နဲ့တော့

နာကျင်လွန်းလို့ ကျွန်မ ငိုကောင်း ငိုနိုင်ပါတယ် ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းလဲ ဒေါသထွက်ကောင်းထွက်နေနိုင်တယ် အချိန်တွေ ဖြုန်းခဲ့မိလို့ နောင်တတွေ ရနေတာလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မယ်

ဘာပဲ ဖြစ်ဖြစ်ပါ လမ်းခွဲမယ်လို့ ဆုံးဖြတ်ပြီးသွားရင် နောက်ပြန်လုံး၀ ငဲ့မကြည့်နဲ့ ကျွန်မ သေချင်သေသွားပါစေ လုံး၀နောက်ပြန်လှည့်မလာနဲ့ကျွန်မဆိုတာ အသနားခံ သတ္တဝါတစ်ကောင် မဟုတ်ဘူး

မိန်းကလေးတစ်ယောက်မှာ မာနဆိုတာရှိတယ် သိပ်ချစ်မိတဲ့အခါ အဲ့ဒီမာနတွေက မရှိသလောက်ဖြစ်နေပေမယ့် သိပ်မုန်းမိသွားတဲ့ အဲ့ဒီမရှိတဲ့မာနတွေကပဲ မိုးထိုးတဲ့အထိ ဖြစ်သွားတတ်တယ် ဒါသဘာ၀ပါ

သိပ်ချစ်လွန်းလို့ နှလုံးသားက တောင့်တနေရင်တောင် ဦးဏှောက်က ဘယ်လိုနည်းနဲ့မှ လက်သင့်ခံတော့မှာ မဟုတ်ဘူး တိုက်ဆိုင်မှုတွေရှိလာလို့ သတိရချင်တဲ့အခါ ရမယ် ဒါပေမယ့် ပြန်လိုချင်တာမျိုးမဟုတ်ဘူး ဘယ်လောက်ပဲ ချစ်ချစ်ပါ ကိုယ့်ကို မလိုချင်တော့တဲ့လူမျိုးတစ်ယောက်ကို ပြန်ပြီးလက်သင့်ခံဖို့ဆိုတာ ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့အရာလေ

ဒါကြောင့် လမ်းခွဲချင်ပါတယ်ဆိုရင်တောင် ကြည်ကြည်ဖြူဖြူပါပဲ ဆွဲထားမယ့် မိန်းမထဲ ကျွန်မ မပါဘူး ဒါပေမယ့် လမ်းခွဲပြီးသွားရင် ပြန်လဲ ငဲ့မကြည့်နဲ့ ပြန်ပြီးတော့လဲ လှည့်မလာနဲ့ သေလူဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ကောင်းကောင်းနားလည်ရဲ့လား သူ အသက်ရှင်နေသည်ဖြစ်စေ ကိုယ့်စိတ်ထဲမှာ သေသွားပြီလို့ မှတ်လိုက်ရင် အဲ့လူက သေလူပဲ

ဘာမှ ထူးထူးခြားခြားပြောင်းလဲသွားဖို့ မမြင်တော့ဘူး ဘ၀ချင်းခြားသွားတာလေလို့ ဖြေသိမ့်ပစ်လိုက်ဖို့ ပိုပြီးလွယ်ကူသွားတယ် မိန်းကလေးဆိုတာ ဒီလိုပါပဲ နားလည်ဖို့လဲ ခက်တယ်လေ တစ်ခါတစ်ရံ အရမ်းကို လွမ်းလိုက်တာလို့ ပြောချင်ပြောနေလိမ့်မယ် ဒါပေမယ့် ပြန်လိုချင်လားဆိုရင်တော့ Noပါ လမ်းခွဲပြီးသွားရင်တော့ ဘယ်တော့မှ ပြန်လှည့်မလာပါနဲ့ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

လမ္းခြဲမယ္လို႔ ဆုံးျဖတ္ၿပီးရင္ ေနာက္ျပန္လွည့္္မၾကည့္နဲ႔ေတာ့ . . . နာက်င္လြန္းလို႔ ကြၽန္မ ငိုေကာင္း ငိုႏိုင္ပါတယ္ ကိုယ့္ကိုကိုယ္အျပစ္တင္ရင္းလဲ ေဒါသထြက္ေကာင္းထြက္ေနႏိုင္တယ္ အခ်ိန္ေတြ ျဖဳန္းခဲ့မိလို႔ ေနာင္တေတြ ရေနတာလဲ ျဖစ္ေကာင္းျဖစ္ခ်င္ျဖစ္မယ္

ဘာပဲ ျဖစ္ျဖစ္ပါ လမ္းခြဲမယ္လို႔ ဆုံးျဖတ္ၿပီးသြားရင္ ေနာက္ျပန္လုံး၀ ငဲ့မၾကည့္နဲ႔ ကြၽန္မ ေသခ်င္ေသသြားပါေစ လုံး၀ေနာက္ျပန္လွည့္မလာနဲ႔ကြၽန္မဆိုတာ အသနားခံ သတၱဝါတစ္ေကာင္ မဟုတ္ဘူး

မိန္းကေလးတစ္ေယာက္မွာ မာနဆိုတာရွိတယ္ သိပ္ခ်စ္မိတဲ့အခါ အဲ့ဒီမာနေတြက မရွိသေလာက္ျဖစ္ေနေပမယ့္ သိပ္မုန္းမိသြားတဲ့ အဲ့ဒီမရွိတဲ့မာနေတြကပဲ မိုးထိုးတဲ့အထိ ျဖစ္သြားတတ္တယ္ ဒါသဘာ၀ပါ

သိပ္ခ်စ္လြန္းလို႔ ႏွလုံးသားက ေတာင့္တေနရင္ေတာင္ ဦးေဏွာက္က ဘယ္လိုနည္းနဲ႔မွ လက္သင့္ခံေတာ့မွာ မဟုတ္ဘူး တိုက္ဆိုင္မႈေတြရွိလာလို႔ သတိရခ်င္တဲ့အခါ ရမယ္ ဒါေပမယ့္ ျပန္လိုခ်င္တာမ်ိဳးမဟုတ္ဘူး ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ပါ ကိုယ့္ကို မလိုခ်င္ေတာ့တဲ့လူမ်ိဳးတစ္ေယာက္ကို ျပန္ၿပီးလက္သင့္ခံဖို႔ဆိုတာ ဘယ္လိုရႈေထာင့္ကပဲ ၾကည့္ၾကည့္ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္တဲ့အရာေလ

ဒါေၾကာင့္ လမ္းခြဲခ်င္ပါတယ္ဆိုရင္ေတာင္ ၾကည္ၾကည္ျဖဴျဖဴပါပဲ ဆြဲထားမယ့္ မိန္းမထဲ ကြၽန္မ မပါဘူး ဒါေပမယ့္ လမ္းခြဲၿပီးသြားရင္ ျပန္လဲ ငဲ့မၾကည့္နဲ႔ ျပန္ၿပီးေတာ့လဲ လွည့္မလာနဲ႔ ေသလူဆိုတဲ့ စကားလုံးကို အဓိပၸါယ္ေကာင္းေကာင္းနားလည္ရဲ႕လား သူ အသက္ရွင္ေနသည္ျဖစ္ေစ ကိုယ့္စိတ္ထဲမွာ ေသသြားၿပီလို႔ မွတ္လိုက္ရင္ အဲ့လူက ေသလူပဲ

ဘာမွ ထူးထူးျခားျခားေျပာင္းလဲသြားဖို႔ မျမင္ေတာ့ဘူး ဘ၀ခ်င္းျခားသြားတာေလလို႔ ေျဖသိမ့္ပစ္လိုက္ဖို႔ ပိုၿပီးလြယ္ကူသြားတယ္ မိန္းကေလးဆိုတာ ဒီလိုပါပဲ နားလည္ဖို႔လဲ ခက္တယ္ေလ တစ္ခါတစ္ရံ အရမ္းကို လြမ္းလိုက္တာလို႔ ေျပာခ်င္ေျပာေနလိမ့္မယ္ ဒါေပမယ့္ ျပန္လိုခ်င္လားဆိုရင္ေတာ့ Noပါ လမ္းခြဲၿပီးသြားရင္ေတာ့ ဘယ္ေတာ့မွ ျပန္လွည့္မလာပါနဲ႔ ။

 

 

 

Leave a Comment