Daily News

ခိုလှုံခွင့်လျှောက်ထားရန် ပင်လယ်ဖြတ်ပီးဂျပန်သို့ရေကူးခဲ့သည့်ရုရှားအမျိုးသား

ခိုလှုံခွင့်လျှောက်ထားရန် ဂျပန်သို့ရေကူးခဲ့သည့်ရုရှားအမျိုးသား

ရုရှားအမျိုးသားတယောက်ဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် ၂၀ ကီလိုမီတာကွာဝေးသော Kuril ကျွန်းမှ ဂျပန်သို့ ရေကူးခတ်လာခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေက တနင်္ဂနွေနေ့မှာဖော်ပြခဲ့ပြီး ထိုအမျိုးသားဟာ Hokkaidoမှာ ထိန်းသိမ်းခံနေရသူဖြစ်ကြောင်း ဂျပန်မီဒီယာက ပြောပြထားပါတယ်၊

Yuzhno-Kurilsk စည်ပင်သာယာအုပ်ချုပ်ရေး အာဏာပိုင်တွေက ၎င်းဒုက္ခသည် ဟာ Uralလူမျိုး ဖြစ်ပြီး ဝေးလံသော အရှေ့ဘက်ဒေသတွေပြန်လည်သစ်လွင်စိုပြေစေရန်ရုရှားစီမံကိန်းတခုအဖြစ် Kunashirရှိ Kuril ကျွန်းပေါ်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိသူတဦးဖြစ်ပါတယ် လို့ဆိုပါတယ်၊


ယခုအခြေအနေနှင့်အကျွမ်းတဝင်ရှိသောသတင်းအရင်းအမြစ်ကို ကိုးကား၍ အစိုးရပိုင် RIA Novosti သတင်းဌာနမှ ရေကူးသမားသည် အသက် ၃၈ နှစ်အရွယ် Vaas Feniks Nokard ဟုဖော်ပြခဲ့ပါတယ်။

သူဟာ wetsuitနဲ့ ရောက်လာခဲ့ပုံရပြီး ၂၄ ကီလိုမီတာကွာဝေးတဲ့ရေလက်ကြားကို ရေကူးပြီး ဖြတ်လာခဲ့တယ် လို့ သတင်းအရင်းအမြစ်ရသိရပါတယ်၊

သူဟာ Kurilကျွန်းမှာ သုံးနှစ်ကြာနေထိုင်ခဲ့ပြီး ဘာမှမလုပ်သလို Golovinoရွာမှာနေထိုင်ပါတယ်၊ သူဟာ တဲမှာ အိပ်ရင်အိပ် မဟုတ်ရင် တွေ့တဲ့လူနဲ့ နေလေ့ရှိပါတယ် လို့ထပ်မံပြောပြထားပါတယ်၊

Nokardဟာ ကမ်းခြေပေါ်မှာ ကျန်ခဲ့တဲ့ သူ့ဆိုင်ကယ်ကိုရောင်းကာ ပိုက်ဆံလွှဲပေးဖို့ သူ့သူငယ်ချင်းအားတောင်းဆိုခဲ့တယ်လို့ တင်ပြလာပါတယ်၊

Nokard ဟာ ၂၀၁၁ခုနှစ်တွက် ဗီဇာ စည်းမျည်းစည်းကမ်းချိုးဖောက်မှုကြောင့် ဂျပန်မှ နှင်ထုတ်ခံရပြီး ထိုင်း နဲ့ ဘာလီတို့မှာလည်း အချက်အလက်အတုပြုလုပ်မှုကြောင့် ပြည်နှင်ဒဏ်ခံခဲ့ရပါတယ်၊

2019 ရုရှားမီဒီယာက Nokardဟာ မော်စကို အရှေ့ဘက် 1000 ကီလိုမီတာ အကွာ Udmurtia ရဲ့ Izhevsk ဇာတိ ဖြစ်ပြီး ရုရှား Far Eastern Hectare စီမံကိန်းအရ လွတ်လပ်စွာသွားလာခွင့်ရပြီး နောက် Kurilကျွန်းသို့ ပြောင်းရွှေ့ခဲ့တယ်လို့ဆိုပါတယ်၊

Novaya Gazeta သတင်းစာမှာ‌ဆိုရင် Nokardက ဂျပန်ယဉ်ကျေးမှု ကို မြတ်နိုး ပြီး ရုရှားအရှေ့ဘက်ဒေသတွင် ဂျပန်ဘာသာစကားကို တတ်ရောက်ကြောင်း ဖော်ပြထားပါတယ်၊ဒါ့အပြင် ဗီဇာ သက်တမ်း ကျော်လွန်၍နေထိုင်ခြင်းကြောင့် 2011ခုနှစ်တွင် ဂျပန်မှပြည်နှင်ဒဏ် ခံရကြောင်းလည်း ဖော်ပြထားပါတယ်၊


ရုရှားခိုလှုံခွင့်တောင်းခံသူရဲ့ အထောက်အထားကို အတည်မပြုသလို ငြင်းဆန်မှုလည်း မလုပ်ထားပါဘူး၊ Sapporoရှိ ရုရှားစစ်ကောင်စီရုံးက ထိုသူရဲ့ အချက်အလက်အားထုတ်ဖော်ရာတွင်မအောင်မြင်ခဲ့သည့် ဂျပန်အာဏာပိုင်တွေကို စွပ်စွဲထားပါတယ်၊

ရုရှားစစ်ကောင်စီရုံးဟာ RIA Novosti သတင်းဌာနရဲ့ တင်ပြမှုဖြစ်တဲ့ ထိုလူဟာ ရေငုပ်ဝတ်စုံနဲ့ ဂျပန်သို့ ရေကူးခတ်လာသည့် သတင်းအား ငြင်းပယ်ပုံရပြီး Hokkaido သို့ ရော်ဘာ လှေဖြင့်ရောက်ရှိခဲ့တယ်လို့ ဆိုထားပါတယ်၊

RIA Novosti အဆိုအရ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှုးချုပ် Katsunobu Katō က အစိုးရသည်ရုရှားနိုင်ငံသားရောက်ရှိမှုအသေးစိတ်ကိုအတည်ပြုပြီးနောက် သင့်တော်သောအစီအမံများကို ပြုလုပ်သွား လိမ့်မည်ဟုပြောကြားခဲ့ပါတယ်၊

ဒုတိယကမ္ဘာစစ်နောက်ပိုင်းနေ့ရက်များတွင်ဆိုဗီယက်တပ်များ ကျွန်းကို သိမ်းပိုက်ပြီးကတည်းကရုရှားသည် Kurilကျွန်း ကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်၊ ပိုင်နက်အငြင်းပွားမှုသည် ရုရှားနဲ့ဂျပန်တို့ကြားက ကိစ္စဖြစ်ပြီး စစ်ကြီးပြီးဆုံးစေရန် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်၊
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Leave a Comment