Daily News

ကမ်းခြေရှိဆိုင်းဘုတ်ကိုမြင်ပါလျက်နဲ့ မရပ်သင့်တဲ့နေရာမှာ ကားသွားရပ်ခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ်

Tim Curtis အမည်ရှိအမျိုးသားဟာ Weston-Super-Mare မြို့ရှိ Somerset ကမ်းခြေတစ်လျှောက်မှာ နံနက်စောစောလမ်းလျှောက်နေစဉ် ကမ်းခြေရှိသဲနုပေါ်မှာ ရပ်ထားတဲ့ မီးခိုးရောင် van ကားတစ်စီးကို တွေ့ခဲ့ပါတယ်။ Tim က အနီးကပ်သွားစစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၎င်းခုနစ်ယောက်စီး van ကားက ရေတိမ်ပိုင်းမှာ နစ်မြုပ်နေတာကို သတိပြုမိသွားခဲ့ပါတယ်။ ” အဲ့ကားပိုင်ရှင်က အားလပ်ရက်မှာ သူ့ရဲ့ကလေးတွေနဲ့အတူ ပင်လယ်ကမ်းခြေမှာ အပန်းဖြေလာကြသူတွေပါ၊ အဲ့ကားပိုင်ရှင်က ကမ်းခြေရဲ့ ဒီရေက အတက်အကျရှိတဲ့အပြင် ကမ်းခြေနဲ့ မီတာ ၁၀၀ လောက်အကွာမှာတောင် ရွှံ့ပျော့တွေရှိနေတာကိုတောင် ဆက်ပြီး မီတာ ၂၀၀ အထိ မောင်းသွားခဲ့တာကို ငါ တကယ် မယုံနိုင်ဘူး ၊ ဒီအဖြစ်က သူနဲ့ထိုက်တန်ပါတယ် ၊ ဒီကိစ္စအတွက် ကျွန်တော့်မှာ စာနာစိတ်လုံးဝမရှိပါဘူး ၊ ကမ်းခြေမှာ ‘ကျေးဇူးပြုပြီး ဒီမှာမရပ်ရ ‘ ဆိုတဲ့ဆိုင်းဘုတ်တွေလည်းရှိနေတာကို ဒေသခံတွေကလွဲပြီး ဘယ်သူမှသတိမပြုမိကြတာလား၊ အဲ့ကားကို ဆွဲထုတ်ပေးရတဲ့သူတွေအတွက် ငါ စိတ်မကောင်းဖြစ်မိတယ်၊ သူတို့က အဲ့ပိုင်ရှင်ကို ကားဆွဲခဆိုပြီးငွေတောင်းခံလိမ့်မယ်လို့ ငါမျှော်လင့်တယ် “ လို့ Tim က ဆိုခဲ့ပါတယ်။


အဆိုပါကားဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ၎င်းနေရာမှာ ပိတ်မိနေခဲ့ပြီး ဒီရေတက်လာတဲ့အခါမှာတော့ ပို၍ပင် မလွတ်မြောက်နိုင်တော့ပါဘူး။ ဒီရေက နီးလာတဲ့အခါ ကားဘီးရှိ သဲနုများကို တိုက်စားသွားပြီးနောက် ကားကလည်း ဘယ်ဘက်သို့ တစ်ဖြည်းဖြည်းစောင်းသွားခဲ့ပါတယ်။ ထို့အပြင် ပိုင်ရှင်ဖြစ်သူဟာလည်း ၎င်း van ကားအနီးအနားမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ရပ်ကြည့်နေခဲ့ရပါတယ်။


ဒီရေက တက်လာပြီးတဲ့နောက်မှသာ ထိုကားပိုင်ရှင်က ကားနဲ့ဝေးရာသို့ ထွက်သွားခဲ့ပါတယ်။ “ သူဘယ်ကိုသွားလဲတော့ မသိဘူး၊ ဒါမဲ့ သူ့ခေါင်းကို ရှင်းဖို့တစ်နေရာရာကို သွားခဲ့တာတော့ဖြစ်နိုင်တယ် ” လို့ Tim က ထပ်မံ ပြောပြခဲ့ပါတယ်။ ထို့နောက် Tim က Somerset ရှိ ကမ်းခြေစောင့်တပ်ဖွဲ့သို့ ကမ်းခြေအနီးမှာ ရွှံ့ထဲမှာပိတ်မိနေတဲ့ယာဉ်တစ်စီးရှိကြောင်းကို သတင်းပို့ပေးခဲ့ရပြီးနောက် ၎င်းကားကို ပြန်ဆယ်ပေးခဲ့ရပါတယ်။ “အဓိကက ဘယ်သူမှ အသက်အန္တရာယ် မကြုံခဲ့ရပါဘူး ၊ အဲ့ကားပိုင်ရှင်ကိုတော့ အပြစ်တစ်ခုခုပေးသင့်တယ် “ လို့လည်း Timက ထပ်မံပြောကြားခဲ့ပါသေးတယ် ။


Mia (KBdailynews)


Reference : ladbible


Zawgyi


Tim Curtis အမည္ရွိအမ်ိဳးသားဟာ Weston-Super-Mare ၿမိဳ႕ရွိ Somerset ကမ္းေျခတစ္ေလွ်ာက္မွာ နံနက္ေစာေစာလမ္းေလွ်ာက္ေနစဥ္ ကမ္းေျခရွိသဲႏုေပၚမွာ ရပ္ထားတဲ့ မီးခိုးေရာင္ van ကားတစ္စီးကို ေတြ႕ခဲ့ပါတယ္။ Tim က အနီးကပ္သြားစစ္ေဆးၾကည့္လိုက္တဲ့အခါမွာ ၎ခုနစ္ေယာက္စီး van ကားက ေရတိမ္ပိုင္းမွာ နစ္ျမဳပ္ေနတာကို သတိျပဳမိသြားခဲ့ပါတယ္။ ” အဲ့ကားပိုင္ရွင္က အားလပ္ရက္မွာ သူ႔ရဲ႕ကေလးေတြနဲ႔အတူ ပင္လယ္ကမ္းေျခမွာ အပန္းေျဖလာၾကသူေတြပါ၊ အဲ့ကားပိုင္ရွင္က ကမ္းေျခရဲ႕ ဒီေရက အတက္အက်ရွိတဲ့အျပင္ ကမ္းေျခနဲ႔ မီတာ ၁၀၀ ေလာက္အကြာမွာေတာင္ ႐ႊံ႕ေပ်ာ့ေတြရွိေနတာကိုေတာင္ ဆက္ၿပီး မီတာ ၂၀၀ အထိ ေမာင္းသြားခဲ့တာကို ငါ တကယ္ မယုံႏိုင္ဘူး ၊ ဒီအျဖစ္က သူနဲ႔ထိုက္တန္ပါတယ္ ၊ ဒီကိစၥအတြက္ ကြၽန္ေတာ့္မွာ စာနာစိတ္လုံးဝမရွိပါဘူး ၊ ကမ္းေျခမွာ ‘ေက်းဇူးျပဳၿပီး ဒီမွာမရပ္ရ ‘ ဆိုတဲ့ဆိုင္းဘုတ္ေတြလည္းရွိေနတာကို ေဒသခံေတြကလြဲၿပီး ဘယ္သူမွသတိမျပဳမိၾကတာလား၊ အဲ့ကားကို ဆြဲထုတ္ေပးရတဲ့သူေတြအတြက္ ငါ စိတ္မေကာင္းျဖစ္မိတယ္၊ သူတို႔က အဲ့ပိုင္ရွင္ကို ကားဆြဲခဆိုၿပီးေငြေတာင္းခံလိမ့္မယ္လို႔ ငါေမွ်ာ္လင့္တယ္ “ လို႔ Tim က ဆိုခဲ့ပါတယ္။


အဆိုပါကားဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကတည္းက ၎ေနရာမွာ ပိတ္မိေနခဲ့ၿပီး ဒီေရတက္လာတဲ့အခါမွာေတာ့ ပို၍ပင္ မလြတ္ေျမာက္ႏိုင္ေတာ့ပါဘူး။ ဒီေရက နီးလာတဲ့အခါ ကားဘီးရွိ သဲႏုမ်ားကို တိုက္စားသြားၿပီးေနာက္ ကားကလည္း ဘယ္ဘက္သို႔ တစ္ျဖည္းျဖည္းေစာင္းသြားခဲ့ပါတယ္။ ထို႔အျပင္ ပိုင္ရွင္ျဖစ္သူဟာလည္း ၎ van ကားအနီးအနားမွာ ေမွ်ာ္လင့္ခ်က္မဲ့စြာျဖင့္ ရပ္ၾကည့္ေနခဲ့ရပါတယ္။


ဒီေရက တက္လာၿပီးတဲ့ေနာက္မွသာ ထိုကားပိုင္ရွင္က ကားနဲ႔ေဝးရာသို႔ ထြက္သြားခဲ့ပါတယ္။ “ သူဘယ္ကိုသြားလဲေတာ့ မသိဘူး၊ ဒါမဲ့ သူ႔ေခါင္းကို ရွင္းဖို႔တစ္ေနရာရာကို သြားခဲ့တာေတာ့ျဖစ္ႏိုင္တယ္ ” လို႔ Tim က ထပ္မံ ေျပာျပခဲ့ပါတယ္။ ထို႔ေနာက္ Tim က Somerset ရွိ ကမ္းေျခေစာင့္တပ္ဖြဲ႕သို႔ ကမ္းေျခအနီးမွာ ႐ႊံ႕ထဲမွာပိတ္မိေနတဲ့ယာဥ္တစ္စီးရွိေၾကာင္းကို သတင္းပို႔ေပးခဲ့ရၿပီးေနာက္ ၎ကားကို ျပန္ဆယ္ေပးခဲ့ရပါတယ္။ “အဓိကက ဘယ္သူမွ အသက္အႏၲရာယ္ မႀကဳံခဲ့ရပါဘူး ၊ အဲ့ကားပိုင္ရွင္ကိုေတာ့ အျပစ္တစ္ခုခုေပးသင့္တယ္ “ လို႔လည္း Timက ထပ္မံေျပာၾကားခဲ့ပါေသးတယ္ ။

Mia (KBdailynews)

Leave a Comment