Love

တစ်စုံတစ်ယောက်အတွက် ကျွန်မ ဈေးပေါခဲ့ဖူးတယ်

ကိုယ့်ကို မလိုအပ်တော့ပါဘူးလို့အသံထွက်ပြီးပြောတဲ့စကားကို မနာတတ်ခဲ့ဘူးလေ … ထွက်မသွားပါနဲ့ ဆိုပြီး ဆက်ပြီးဆွဲထားနေမိတုန်းပါပဲ … အဆက်အသွယ်မလုပ်ချင်ဘူးဆိုတဲ့ စကားကို သေသေချာချာ ကြားခဲ့တာတောင်မှ အသံလေးကြားချင်လို့ပါဆိုပြီး ဖုန်းတွေ ခေါ်ချင်နေတုန်းပဲ

ကျွန်မ ဘယ်လောက်များဈေးတွေပေါခဲ့တာလဲ ပြန်တွေးကြည့်မယ်ဆိုရင်တော့ တကယ့်ကို ရှက်စရာပါ ဒါပေမယ့် အဲ့ဒီ ရှက်ရမယ့်အကြောင်းတွေကိုပဲ ပြန်ပြီးပြောပြပါ့မယ် မိန်းကလေးတွေထဲက တစ်ယောက်ယောက်သာ အဲ့လိုကြုံခဲ့မယ်ဆိုရင် ကိုယ့်လို မနာကျင်အောင်ပေါ့

နောက်ထပ်ချစ်ရမယ့်လူတစ်ယောက် ရှိနေပြီလို့ပြောတဲ့အခါတောင် ကိုယ့်မှာ မျက်ရည်နဲ့မျက်ခွက် …မဆက်ပါနဲ့တော့ဆိုတဲ့ ဖုန်းကို အသံလေးကြားချင်ရုံဆိုပြီး နေ့စဉ်ရက်ဆက် ဖုန်းတွေ ခေါ်နေမိသေးတာ ကိုယ့်အတွက် မဟုတ်တဲ့ Active Now တွေမှန်းသိပါရဲ့နဲ့ စာတွေပို့နေမိတာ

တန်ဖိုးတွေ ဘယ်လောက်ကျလိုက်မလဲလို့ မတွေးခဲ့မိဘူး … အဲ့ဒီအချိန်မှာ သူ့အနားရှိနေဖို့တစ်ခုပဲ တွေးခဲ့တာလေ ဘာပဲဖြစ်နေဖြစ်နေ ဘယ်လောက်ပဲ နာကျင်ရပါစေ သူနဲ့သာဆိုရင် ကျွန်မ အဆင်ပြေတယ်လို့ရူးရူးမိုက်မိုက်ကို ဆုံးဖြတ်ချက်တွေချခဲ့တာ …

ခေါ်မလာတဲ့ဖုန်းတွေကိုမျှော်ရင်း … ကိုယ်မမှားပဲ ဦးအောင်တောင်းပန်ရင်းရင်းနဲ့ တစ်စုံတစ်ယောက်အတွက် ကျွန်မ ဈေးပေါခဲ့ဖူးတာပေါ့ … သူသာမရှိရင်ဆိုပြီး ကိုယ့်ကိုယ်ကို မနှောမြောတော့တဲ့အထိ သိပ်ကို ဈေးပေါခဲ့ဖူးတယ် ဒီအချိန်ပြန်တွေးကြည့်မယ်ဆိုရင် အရာရာဟာ ရှက်စရာပါ

ကိုယ်ဆွဲထားရင် မြဲနေတဲ့လက်တွေဟာလဲ သိပ်ကို အေးစက်လွန်းလှတယ် ကိုယ် တောင်းပန်လို့ပြန်လှည့်လာတဲ့ခြေထောက်တွေမှာလဲ အချစ်တွေမှ မပါပဲလေ …. ဈေးပေါခဲ့ရုံပါ အဆုံးသတ်တွေကတော့ အတူတူပါပဲ မျက်ရည်တွေပဲ ကျရတယ် …

တစ္စံုတစ္ေယာက္အတြက္ ကြ်န္မ ေစ်းေပါခဲ့ဖူးတယ္

ကုိယ့္ကို မလုိအပ္ေတာ့ပါဘူးလို ့အသံထြက္ျပီးေျပာတဲ့စကားကို မနာတတ္ခဲ့ဘူးေလ … ထြက္မသြားပါနဲ့ ဆုိျပီး ဆက္ျပီးဆြဲထားေနမိတုန္းပါပဲ … အဆက္အသြယ္မလုပ္ခ်င္ဘူးဆိုတဲ့ စကားကို ေသေသခ်ာခ်ာ ၾကားခဲ့တာေတာင္မွ အသံေလးၾကားခ်င္လို့ပါဆိုျပီး ဖုန္းေတြ ေခၚခ်င္ေနတုန္းပဲ

ကြ်န္္မ ဘယ္ေလာက္မ်ားေစ်းေတြေပါခဲ့တာလဲ ျပန္ေတြးၾကည့္မယ္ဆိုရင္ေတာ့ တကယ့္ကို ရွက္စရာပါ ဒါေပမယ့္ အဲ့ဒီ ရွက္ရမယ့္အေၾကာင္းေတြကိုပဲ ျပန္ျပီးေျပာျပပါ့မယ္ မိန္းကေလးေတြထဲက တစ္ေယာက္ေယာက္သာ အဲ့လိုၾကံဳခဲ့မယ္ဆိုရင္ ကိုယ့္လို မနာက်င္ေအာင္ေပါ့

ေနာက္ထပ္ခ်စ္ရမယ့္လူတစ္ေယာက္ ရွိေနျပီလို ့ေျပာတဲ့အခါေတာင္ ကိုယ့္မွာ မ်က္ရည္နဲ႕မ်က္ခြက္ …မဆက္ပါနဲ႕ေတာ့ဆိုတဲ့ ဖုန္းကို အသံေလးၾကားခ်င္ရံုဆိုျပီး ေန့စဥ္ရက္ဆက္ ဖုန္းေတြ ေခၚေနမိေသးတာ ကိုယ့္အတြက္ မဟုတ္တဲ့ Active Now ေတြမွန္းသိပါရဲ႕နဲ႕ စာေတြပို့ေနမိတာ

တန္ဖိုးေတြ ဘယ္ေလာက္က်လုိက္မလဲလုိ့ မေတြးခဲ့မိဘူး … အဲ့ဒီအခ်ိန္မွာ သူ့အနားရွိေနဖို့တစ္ခုပဲ ေတြးခဲ့တာေလ ဘာပဲျဖစ္ေနျဖစ္ေန ဘယ္ေလာက္ပဲ နာက်င္ရပါေစ သူနဲ႕သာဆုိရင္ ကြ်န္မ အဆင္ေျပတယ္လုိ ့ရူးရူးမုိက္မိုက္ကို ဆံုးျဖတ္ခ်က္ေတြခ်ခဲ့တာ …

ေခၚမလာတဲ့ဖုန္းေတြကိုေမွ်ာ္ရင္း … ကိုယ္မမွားပဲ ဦးေအာင္ေတာင္းပန္ရင္းရင္းနဲ႕ တစ္စံုတစ္ေယာက္အတြက္ ကြ်န္္မ ေစ်းေပါခဲ့ဖူးတာေပါ့ … သူသာမရွိရင္ဆိုျပီး ကိုယ့္ကိုယ္ကို မေနွာေျမာေတာ့တဲ့အထိ သိပ္ကို ေစ်းေပါခဲ့ဖူးတယ္ ဒီအခ်ိန္ျပန္ေတြးၾကည့္မယ္ဆိုရင္ အရာရာဟာ ရွက္စရာပါ

ကိုယ္ဆြဲထားရင္ ျမဲေနတဲ့လက္ေတြဟာလဲ သိပ္ကို ေအးစက္လြန္းလွတယ္ ကိုယ္ ေတာင္းပန္လုိ ့ျပန္လွည့္လာတဲ့ေျခေထာက္ေတြမွာလဲ အခ်စ္ေတြမွ မပါပဲေလ …. ေစ်းေပါခဲ့ရံုပါ အဆံုးသတ္ေတြကေတာ့ အတူတူပါပဲ မ်က္ရည္ေတြပဲ က်ရတယ္ …

 

 

Leave a Comment